ဒေသအလိုက် သတင်းကဏ္ဍ

ရာသီဥတုအေးခဲမှုနဲ့ ဆေးကုသခွင့်မရမှုတို့ကြောင့် ဂန့်ဂေါမြောက်ပိုင်းမှာ သက်ကြီးရွယ်အို ဆယ်ဦးထက်မနည်းသေဆုံး

  မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်းဒေသကျေးရွာတွေမှာ ရာသီဥတုအေးခဲမှုနဲ့ ဆေးဝါးကုသခွင့်မရ တာ တွေကြောင့်လက်ရှိဇန်နဝါရီလ တလမပြည့်မီကာလအတွင်း သက်ကြီးရွယ်အိုဆယ်ဦးထက်မနည်း သေဆုံးခဲ့ တယ်လို့  ဒေသခံတွေဆီကသိရပါတယ်။ ” ထိုင်နေရင်းနဲ့ကိုသေသွားကြတာမျိုးတွေလည်းများတယ်၊ဒီတပတ်ထဲမှာကို နှမ်းခါးမှာနှစ်ယောက်၊ ရေရှင်မရွာ ရော၊ အရှေ့ဘက်တန်းတွေဆိုပိုဆိုးတာပ” လို့ နှမ်းခါးလူငယ်အဖွဲ့ခေါင်းဆောင်ကိုနွေဦးကပြောပါတယ်။ သက်ကြီးရွယ်အိုတွေသေဆုံးရတာဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါနဲ့ ကလေးနယ်စပ်ကျေးရွာတွေမှာ စပါးအထွက်နှုန်းကျလို့ စစ်ရှောင်တွေအတွက် ရိက္ခာမလောက်မှာ စိတ်ပူနေရ

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနဲ့ နယ်မြေထိစပ်နေတဲ့ကလေးမြို့နယ်တောင်ပိုင်းဒေသတလျှောက် ကျေးရွာတွေမှာ စပါးအထွက်နှုန်း ပုံမှန်ထက် ထက်ဝက်လောက် ကျဆင်းလာလို့ လာမယ့်နှစ်ရိက္ခာအတွက် စိတ်ပူနေရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “တခြားလယ်တွေထားပါ၊ကျွန်မတို့ ကလေးမြို့တောင်ပိုင်းမှာ စပါးတော်တော်ထွက်တဲ့ထဲပါပါတယ်၊ စပါး နှစ်ရာ ကျော် ထွက်တဲ့လယ်တောင် ကိုးဆယ်မပြည့်ဘူးဆို့တော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီက ဂန့်ဂေါမြို့နယ် လာပို့ရွာကို မီးရှို့ဖျက်ဆီး

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ ဒီနေ့မနက်မှာ လာပို့ရွာကို မီးရိူ့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ” မနက်ပိုင်းကရှို့တာ။ တချို့က ရွာကထွက်သွားကြပြီလို့ပြောတယ်။ ကျန်နေတဲ့ကောင်တွေက ဆက်ရှို့နေကြတုန်း။ ဘယ်လောက်ထိလောင်မလဲ မသိသေးဘူး” လို့ ဆိုပါတယ် ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စမ်းမြို့မှာ စခန်းချနေတဲ့စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ အလယ်ရွာသားနှစ်ဦး ဒဏ်ရာရ

ဇွန်လ ၃၀ ရက်နေ့က ဂန့်ဂေါမြို့နယ်မြောက်ပိုင်း စမ်းမြို့ရွာမှာ တပ်ချထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ယနေ့ ဇူလိူင်လ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ကစပြီး ကုန်းရွာ၊ မြင်သား၊ အလယ်ရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်ခဲ့တာကြောင့် အလယ်ရွာက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စမ်းရွာကနေ မြင်သားရွာကို ကူးဖို့ပြင်နေတဲ့ စစ်တပ်ကို PDF တွေ ခုခံတိုက်ခိုက်

ဂန့်ဂေါမြို့နယ် မြောက်ပိုင်း၊ မြစ်သာမြစ်အရှေ့ဘက်ကမ်း စမ်းရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ဟာ ဇွန်လ ၃၀ ရက်နေ့ ၊ မနေ့က ညပိုင်းမှာ မြင်သားရွာကို စစ်ကြောင်းထိုးလာရာမှာ PDF တွေခုခံတိုက်ခိုက်ခဲ့တဲ့အတွက် ပြန်လည်ဆုတ်ခွားသွားခဲ့တယ်လို့ တော်လှန်ရေးတပ်သားတဦးက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ တောင်ခင်ရန်းရဲစခန်း တိုက်ခိုက်ခံရ

ဇွန်လ ၂၉ ရက်၊ နံနက် ၄ နာရီဝန်းကျင်မှာ PDF တွေက တောင်ခင်ရန်းရွာ ရဲစခန်းကို လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ” ဆက်တိုက်ထုကြတာပဲ။ တစ်နာရီနီးပါးလောက်တော့ကြာမယ်ထင်တယ်။ လက်နက်ကြီးတွေနဲ့စခန်းထဲကိုထုပြီး အနီးကပ်ဝင်ပစ်ဖို့လုပ်ကြသေးတယ်လို့ပြောတယ်။ ဒါပေမယ့် [ဆက်လက်ဖတ်ရှုရန်]