ချောင်းဦး၊ဘလွေရွာ မီးရှို့မခံရရေး စစ်တပ်ကို ကျပ်သိန်း၂၂၀ ပေးလိုက်ရ

ချောင်းဦး၊ဘလွေရွာ မီးရှို့မခံရရေး စစ်တပ်ကို ကျပ်သိန်း၂၂၀ ပေးလိုက်ရ

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ဘလွေကျေးရွာကို မီးမရှို့ဖို့ အကြမ်းဖက်စစ်တပ်ကို ကျပ်သိန်း၂၂၀ ပေးလိုက်ရ တယ်လို့ သိရပါတယ်။ ဇွန်၁၁ရက်နေ့ နံနက်ပိုင်းမှာ ချောင်းဦးမြို့နယ် ‌ဘလွေကျေးရွာကိုအင်အား၁၅၀လောက်ရှိတဲ့ အကြမ်းဖက်စစ်တပ်ရောက်ရှိလာပြီး နေအိမ် (၄) လုံးကို မီးရှို့ဖျက်ဆီးကာ ကျေးရွာရှိနေအိမ်တွေထဲက ရွှေ၊ ငွေ၊ ကောက်ပဲသီးနှံမျိုးစုံ၊ တယ်လီဖုန်း နဲ့ အဖိုးတန်ပစ္စည်းတွေကို လုယက်ခဲ့ပါတယ်။ အဲဒီနောက်ကျေးရွာအတွင်းပိတ်မိနေတဲ့ ရွာသားတွေကို ဖမ်းဆီးကာ ဘလွေရွာကို ရွာလုံးကျွတ်မီးရှို့ဖို့ အထက်ညွှန်ကြားလိုက်ပေမဲ့၄ အိမ်ကိုသာမီးရှို့ခဲ့ကြောင်း ရွာလုံးကျွတ်မရှို့စေချင်ရင်ပိုက်ဆံပေးရမယ်လို့ပြောဆိုကာဖမ်းဆီးခံထားရသူတွေဆီက ကျပ် သိန်း (၂၂၀)…

Read More
ချောင်းဦး၊ ကျီပို့ကုန်းကွင်းမှာတွေ့တဲ့ ပြည်သူ ၁၅ ဦးကို စစ်တပ်ဖမ်းဆီး၊ လူငယ်တစ်ဦး ပစ်ခတ်ခံရပြီး ဆုံးပါး

ချောင်းဦး၊ ကျီပို့ကုန်းကွင်းမှာတွေ့တဲ့ ပြည်သူ ၁၅ ဦးကို စစ်တပ်ဖမ်းဆီး၊ လူငယ်တစ်ဦး ပစ်ခတ်ခံရပြီး ဆုံးပါး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီပို့ကုန်းကွင်းတာဘောင်ပေါ်မှာတွေ့တဲ့ ပြည်သူ ၁၅ ဦးကို ဖမ်းဆီးသွားပြီး လူငယ် ၁ ဦး ပစ်ခတ်ခံရလို့ ဆုံးပါးသွားပါတယ်။ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာနဲ့ ရွှေလှေကျေးရွာနှစ်ရွာကြားရဲ့ အရှေ့ဘက်၊ စိုက်ကွင်းတနေရာဖြစ်တဲ့ ကျီပို့ကုန်းကွင်းတာဘောင်ပေါ်တွေ့တဲ့သူတွေကို စစ်တပ်နဲ့ ပျူစောထီးတွေက ဒီနေ့မနက်ပိုင်းမှာဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့သတင်းက ထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ကွမ်းပွဲစား၊ တောင်သူနဲ့ လမ်းသွားလမ်းလာတွေပါဝင်ပြီး ဖမ်းဆီးခံလူငယ်လေးတစ်ဦးကို စစ်တပ်က ပစ်ခတ်သတ်လိုက်တာပါ။ ပစ်ခတ်ခံရတဲ့လူငယ် ဘယ်ရွာကလဲဆိုတာ မသိရသေးပါဘူး။ အမြင့် –…

Read More
ချောင်းဦးမှာ တစ်ရက်တည်းနဲ့ စစ်သား ၃၆ ဦး မိုင်းထိသေ

ချောင်းဦးမှာ တစ်ရက်တည်းနဲ့ စစ်သား ၃၆ ဦး မိုင်းထိသေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တစ်ရက်တည်းနဲ့ အကြမ်းဖက်စစ်သား ၃၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မေ ၂၄ ရက်နေ့ နေ့ခင်းပိုင်းမှာ ချောင်းဦးမြို့နယ်၊ မယ်သဲကြိုးကွင်းရွာထဲ ဝင်ရောက်လုယက်ပြီးနောက် ချောင်းဦးမြို့တောင်ဘက် အမြင့်လမ်းခွဲကနေ အနောက်ဘက် ဆင်းလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီး စုစုပေါင်းအင်အား ၅၀ လောက်ကို မိုင်း ၄ နေရာထောင်ပြီး တိုက်ခိုက်ခဲ့ရာ ၉ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦး PDF က…

Read More
ဦးဇင်းနှစ်ပါးကို PDF လို့ စွပ်စွဲဖမ်းဆီးပြီး ဘုန်းကြီးကျောင်းပိုင်ငွေ သိန်း ၅၀ ကို အကြမ်းဖက်စစ်တပ် လုယက်

ဦးဇင်းနှစ်ပါးကို PDF လို့ စွပ်စွဲဖမ်းဆီးပြီး ဘုန်းကြီးကျောင်းပိုင်ငွေ သိန်း ၅၀ ကို အကြမ်းဖက်စစ်တပ် လုယက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘလွေကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းက ဦးဇင်းနှစ်ပါးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားတဲ့အပြင် ကျောင်းပိုင်ငွေ သိန်း ၅၀ကျော်ကိုလည်း လုယက်သွားတယ်လို့ သိရပါတယ်။ ချောင်းဦးမြို့နယ်၊ ဘလွေကျေးရွာ ဘုန်းကြီးကျောင်းကမေလ ၄ ရက်နေ့ မနက် ၄ နာရီခွဲလောက်မှာ အကြမ်းဖက်စစ်တပ်က ကား (၂) စီးနဲ့ ဝင်ရောက်စီးနင်းခဲ့ပြီးဦးဇင်း ၂ ပါးအပြင် ဘုန်းကြီးကျောင်းသား တစ်ဦးနဲ့ ရွာသား လူငယ်တစ်ဦးတို့ကို PDF လို့ စွပ်စွဲဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း…

Read More
ချောင်းဦးရွာ ၃ ရွာကို အကြမ်းဖက်စစ်တပ် ဒီနေ့ မီးရှို့

ချောင်းဦးရွာ ၃ ရွာကို အကြမ်းဖက်စစ်တပ် ဒီနေ့ မီးရှို့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ရွာ ၃ ရွာကို အကြမ်းဖက်စစ်တပ်က ဒီနေ့မွန်းလွဲပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီး စုစုပေါင်းအင်အား ၆၀ လောက်ဟာ အမြင့်ကျေးရွာဘက်ကို ထွက်ခွာလာပြီး လမ်းရှိ တောကျောင်းလေး ၊ နဂါးဗိုလ်နဲ့ ကုန်းသာ ကျေးရွာတွေကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ချောင်းဦးမြို့နယ် ပြည်သူ့သတင်းက ဖော်ပြပါတယ်။ ‘ ကင်မွန်းတော်နဲ့ ကံဇီးက…

Read More
မုံရွာ-မန်း ကားလမ်းပေါ် မိုင်းဆွဲတိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၁၆ ဦး ပွဲချင်းပြီးသေ

မုံရွာ-မန်း ကားလမ်းပေါ် မိုင်းဆွဲတိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၁၆ ဦး ပွဲချင်းပြီးသေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ မုံရွာ-မန္တလေးကားလမ်းမပေါ် မှာ မဟာမိတ်အဖွဲ့တွေရဲ့ ရှေ့ထွက်မိုင်း ၁၂ လုံးနဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၁၆ ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မုံရွာကနေ ထွက်လာတဲ့ Jammer ကားတစ်စီး၊ အကြမ်းဖက် စစ်သားတွေ ပါလာတဲ့ကားတစ်စီးနဲ့ သံချပ်ကားတစ်စီးတို့ကို ချောင်းဦးမြို့နယ် အတွင်းရှိ မုံရွာ- မန္တလေး ကားလမ်းမကြီးပေါ် Update မြှင့်ထားတဲ့ ရှေ့ထွက်မိုင်း ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Burmese Guerrilla…

Read More
ရွာလုံးကျွတ် မီးရှို့ခံခဲ့ရတဲ့ ချောင်းဦးစစ်ရှောင် ၄၀၀ ကျော် အစားအသောက် အဝတ်အစား​တွေ လိုအပ်နေ

ရွာလုံးကျွတ် မီးရှို့ခံခဲ့ရတဲ့ ချောင်းဦးစစ်ရှောင် ၄၀၀ ကျော် အစားအသောက် အဝတ်အစား​တွေ လိုအပ်နေ

အကြမ်းဖက်စစ်အုပ်စု ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့လို့ စစ်ရှောင်နေရတဲ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အတွင်းက စစ်ရှောင်ပြည်သူ ၄၀၀ ကျော် အစားအသောက်နဲ့ အဝတ်အစားတွေလိုအပ်နေတယ်လို့ The 74 Media ကဖော်ပြထားပါတယ်။ အဆိုပါ စစ်ရှောင်တွေဟာ ချောင်းဦးမြို့နယ်အတွင်း ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေဟာ ဝယာကျေးရွာ၊ ယာကြီးကျေးရွာ၊ ရွှေလှေကျေးရွာနဲ့ ဆီပုဂံကျေးရွာတို့ကလို့ ဆိုပါတယ်။ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါ ကျေးရွာလေးရွာကို…

Read More
ချောင်းဦး၊ ရွှေလှေရွာကို ပျူတွေ မီးရှို့ဖျက်ဆီး

ချောင်းဦး၊ ရွှေလှေရွာကို ပျူတွေ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေလှေရွာကို ပျူစောထီးတွေ သေနတ်ဖောက်ဝင်လာကာ မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၆ နာရီခွဲလောက်မှ ကံကြီးကုန်း ပျူစောထီးတွေက ချောင်းဦးမြို့နယ်၊ ရွှေလှေကျေးရွာကို ဝင်ရောက်မီးရှို့ခြင်းဖြစ်ကာ မနက် ၉ နာရီလောက်မှာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့ကြောင်း Chaung U Revolution ကသတင်းထုတ်ပြန်ပါတယ်။ ပျူစောထီးတွေဟာ ရွာထဲက NLD ထောက်ခံသူတွေရဲ့ အိမ်ကို ရွေးချယ်မီးရှို့ခဲ့ကြတာလို့ သိရပါတယ်။

Read More