စစ်အုပ်စုရဲ့ ရိက္ခာတင်သင်္ဘော ၃စီး ရှော့တိုက်ဒုံးနဲ့ အပစ်ခံရ

စစ်အုပ်စုရဲ့ ရိက္ခာတင်သင်္ဘော ၃စီး ရှော့တိုက်ဒုံးနဲ့ အပစ်ခံရ

စစ်ကိုင်းတိုင်း ကသာမြို့ကနေ ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ ရိက္ခာတင် သင်္ဘော၃စီးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့လှ PDFက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၂၅ရက်နေ့ နေ့လည်ပိုင်းမှာ ကသာမြို့ကနေ ထွက်ခွာလာတဲ့ စစ်အုပ်စုရဲ့ ရိက္ခာတင်သင်္ဘော ၃စီးကို မွန်းလွဲ ၂နာရီ၃၀မိနစ်ခန့်မှာ ကသာ-အထက်ဘက် ဝဲကြီးရွာနဲ့ သံပုရာကုန်းကျေးရွာအကြားမှာ ဗိုလ်သာလိကာ ဦးဆောင်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုန်း ၂လုံး၊ H 22မိုင်တဲမမ လက်လုပ်ရှေ့ထွက်မိုင်း ၇လုံးနဲ့…

Read More
ကသာမှာ ဒီနေ့မနက် အကြမ်းဖက်စစ်တပ်မိုင်းဆွဲခံရ၊ စစ်သား ၃၀လောက်သေ

ကသာမှာ ဒီနေ့မနက် အကြမ်းဖက်စစ်တပ်မိုင်းဆွဲခံရ၊ စစ်သား ၃၀လောက်သေ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ကပ်ပလိပ်ရွာဘက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ရှေ့ထွက်မိုင်းနှစ်လုံးနဲ့ တိုက် ခိုက်ခဲ့ရာ စစ်သား၃၀လောက်သေဆုံးခဲ့ကြောင်းသိရပါတယ်။ ဒီနေ့မနက် ၅နာရီ၁၅မိနစ်လောက်မှာ ကသာမြို့နယ်၊ပေကုန်းကနေ ကပ်ပလိပ်ရွာကို လာတဲ့ အင်အား၁၅၀ လောက်ရှိတဲ့ စစ်ကြောင်းကို ကသာမြို့နယ်ပကဖနဲ့ ABSDF ပူးပေါင်းတပ်တို့က မိုင်းဆွဲခဲ့ခြင်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ မိုင်းဆွဲခံရပြီးနောက် စစ်ကြောင်းရပ်နေတယ်လို့ ကသာပကဖ ကထုတ်ပြန်ပါတယ်။ မေလ၁၉ရက်နေ့ကလည်း ထီးချိုင့်မြို့နယ်၊ ကြက်တစ်ကောင်နဲ့ သပြေသာကြားမှာ ကသာခရိုင်PDFတပ်ရင်း၃နဲ့ ကသာနဲ့ထီးချိုင့် ပကဖတွေက အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ အခုရက်ပိုင်းမှာ…

Read More
ကသာမှာ CDM လုပ်တဲ့ ရဲနဲ့စစ်သား ၆၀ ကျော်ပြီ

ကသာမှာ CDM လုပ်တဲ့ ရဲနဲ့စစ်သား ၆၀ ကျော်ပြီ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း CDM လုပ်တဲ့ ရဲနဲ့စစ်သား ၆၀ ကျော်ရှိပြီလို့ သိရပါတယ်။ ကသာမြို့နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း ရဲနဲ့စစ်သား ၆၁ ဦး CDM ဆက်တိုက်လုပ်လာခြင်းဖြစ်တယ်လို့ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။ မေလ ၁၉ ရက်နေ့မှာ ခမရ ၃၈၅ တပ်ရင်းက တပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်လာခဲ့ရာ ကသာမြို့နယ် ပြည်သူ့ရင်ခွင်ခိုလှုံရေးအဖွဲ့က CDM သူရဲကောင်းအဖြစ် လက်ခံခဲ့ပါတယ်။ မေလ ၁၆ ရက်နေ့ကလည်း…

Read More
ကသာမြို့နယ်အတွင်း စစ်အုပ်စုက အင်အားတိုးချဲ့နေ

ကသာမြို့နယ်အတွင်း စစ်အုပ်စုက အင်အားတိုးချဲ့နေ

ကချင်ပြည်နယ် ကသာမြို့အထက်ပိုင်းကို စစ်အုပ်စုက အင်အား ၃၀၀ကျော်နဲ့ အင်အားတိုးချဲ့နေတယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ KNG သတင်းဌာနမှာ ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ မေလ ၁၈ရက်နေ့မှာ သင်္ဘော ၃စီးနဲ့ ရောက်ရှိလာပြီး ကသာမြို့နယ် အင်းရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။ “အရင်ကဆို သင်္ဘောပုံမှန် ၂စီးလောက်ဘဲ တက်လာတာ အင်အားကလည်း သိပ်မများဘူး။ ဒီတစ်ခေါက်တော့အင်အားက သဘော်တစ်စီးမှာဆို အင်အားက ၁၀၀ လောက်ရှိမယ်…

Read More
စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ဘုန်းကြီးကျောင်းထိပြီး အမျိုးသမီးတစ်ဦးသေ

စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ဘုန်းကြီးကျောင်းထိပြီး အမျိုးသမီးတစ်ဦးသေ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ပေလမ်းရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်ပစ်လိုက်တဲ့လက်နက်ကြီး ကျည်ထိမှန်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကိုရင် ၄ ပါးအပါအဝင် ၆ ဦးဒဏ်ရာရခဲ့ပါတယ်။ လက်နက်ကြီးကျည်ထိမှန်ပြီးသေဆုံးသွားတဲ့အမျိုးသမီးမှာ ငါးအိုးဆေးရုံကနေ ရွှေကူဆေးရုံကိုပို့ဆောင်စဉ် လမ်းမှာသေဆုံးသွားခဲ့ကြောင်း ကသာပကဖ ကမနေ့ညကထုတ်ပြန်ပါတယ်။ မေ၁၉ရက်နေ့က ထီးချိုင့်​ မြို့နယ်ကနေတက်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ကသာမြို့နယ်၊အင်းကျေးရွာ နဲ့ အလယ်ရပ် က ပြည်သူ့နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ပြီး သပြေသာရွာထဲပစ်လိုက်တဲ့ လက်နက်ကြီး ကြောင့် အိမ်တစ်လုံး ပျက်စီးခဲ့ပါတယ်။ မီးရှို့ခံ ​အိမ်အရေအတွက်…

Read More
ကသာမှာ အကြမ်းဖက်တပ် စောင့်ကြိုတိုက်ခိုက်ခံရ၊ထိခိုက်သေဆုံးများနိုင်

ကသာမှာ အကြမ်းဖက်တပ် စောင့်ကြိုတိုက်ခိုက်ခံရ၊ထိခိုက်သေဆုံးများနိုင်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ချောင်းဝရွာကနေထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်း စောင့်ကြိုတိုက်ခိုက်ခံရကာ ထိခိုက်သေဆုံးမှု အများအပြား ရှိနိုင်တယ်လို့ မြို့လှPDF ကထုတ်ပြန်ပါတယ်။ အင်အား၄၀လောက်ပါတဲ့ အဲဒီစစ်ကြောင်းဟာ ချောင်းဝရွာကနေ မင်းကျောင်းကုန်းရွာဘက် ကို ဧပြီ ၂၂ရက်နေ့ည၇နာရီခွဲ လောက်က ခြေလျင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဗိုလ်မိုဃ်းကြိုးဦးဆောင်တဲ့ မြို့လှ KPDF တပ်ခွဲ (၁) က လမ်းခုလတ် အင်းစောင်းတစ်နေရာကနေ စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မြို့လှKPDF တပ်က RPG လက်နက်၊ 79…

Read More
PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် ကသာမှာ စစ်တပ်ရိက္ခာတင်စက်လှေနှစ်စီး နစ်မြုပ်

PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် ကသာမှာ စစ်တပ်ရိက္ခာတင်စက်လှေနှစ်စီး နစ်မြုပ်

PDFတွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ရိက္ခာတင်စက်လှေ ၂ စီး နစ်မြုပ်သွားတယ်လို့သိရပါတယ်။ ဒီနေ့နေ့ခင်း ၁၁ နာရီလောက်မှာ ကသာမြို့နယ်၊ အုပ်ချီရွာကနေ မြို့လှရွာဘက် အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာတင်စက်လှေနှစ်စီး ဆန်တက်လာစဉ် ဗိုလ်မိုဃ်းကြိုးဦးဆောင်တဲ့ မြို့လှ PDF တပ်က ကောက်ကွေ့ ချောင်းတနေရာကနေ H-22 mm လက်လုပ်ရှေ့ထွက်မိုင်း ၅ လုံး၊ ရေမြုပ်မိုင်း ၁ လုံးတို့နဲ့ စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့လှ…

Read More
စစ်တပ်ရိက္ခာတင်စက်လှေ ၆ စီး ကသာမှာတိုက်ခိုက်ခံရ

စစ်တပ်ရိက္ခာတင်စက်လှေ ၆ စီး ကသာမှာတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ရိက္ခာတင် စက်လှေ ၆ စီးကို ဒီနေ့မနက်ပိုင်းမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာတင် စက်လှေ ၆ စီးဟာ ဒီနေ့မနက် ၇ နာရီလောက်က ကျောက်ကြီးရွာကနေ မြို့လှရွာဘက် စုန်ဆင်းထွက်ခွာချိန် ဗိုလ်မိုဃ်းကြိုးဦးဆောင်တဲ့ မြို့လှ PDF တပ်က လမ်းခရီး မြစ်ကမ်းတစ်နေရာကနေ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း မြို့လှPDF က ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကြောင့် ရိက္ခာတင်စက်လှေအချို့ ထိခိုက်ပျက်စီးခဲ့ပြီးအကြမ်းဖက်စစ်သားတွေ ထိခိုက်မှုအများအပြားရှိနိုင်ပေမဲ့ အသေးစိတ်မသိရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

Read More
ကသာမှာ အကြမ်းဖက်တပ် မိုင်းထပ်ဆွဲခံရ၊ ၄ဦးထက်မနည်းသေ

ကသာမှာ အကြမ်းဖက်တပ် မိုင်းထပ်ဆွဲခံရ၊ ၄ဦးထက်မနည်းသေ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းသင်္ဘောလုံခြုံရေးယူဖို့ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ် ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရပါတယ်။ ဒီနေ့ နေ့ခင်း ၁၂ နာရီ မိနစ်၄၀ လောက်မှာ မြို့လှ PDF တပ်ရင်း နယ်မြေအတွင်းအင်အား ၇၀လောက်ပါ တဲ့အကြမ်းဖက်စစ်တပ်ဟာ သင်္ဘောလုံခြုံရေးရယူဖို့ မြေနုကျွန်းကနေ အောက်ဘက် သံပုရာကုန်းရွာကို ခြေလျင်စစ်ကြောင်း ထိုးလာစဉ် မြေနုကျွန်းနဲ့သံပုရာကုန်းရွာကြားအရောက်ဗိုလ်သာလိကာ ဦးဆောင်တဲ့ ဒေသကာကွယ်ရေးတပ်က မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မြို့လှPDF ကထုတ်ပြန်ပါတယ်။…

Read More
ချောင်းဝမှာ အကြမ်းဖက်တပ် မိုင်းဆွဲခံရ၊ ၂ ဦး ပွဲချင်းပြီးသေ

ချောင်းဝမှာ အကြမ်းဖက်တပ် မိုင်းဆွဲခံရ၊ ၂ ဦး ပွဲချင်းပြီးသေ

စစ်ကိုင်းတိုင်း၊ ကသာမြို့၊ ချောင်းဝရွာအနီး ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မြို့လှ PDF ကထုတ်ပြန်ပါတယ်။ ဒီနေ့မနက် ၆ နာရီလောက်မှာ အင်အား ၅၀ လောက်ရှိတဲ့ အကြမ်းဖက်စစ်တပ်ဟာ မင်းကျောင်းကုန်းရွာကနေ ချောင်းဝရွာဘက်ကို ကန်ဘောင်လမ်းအတိုင်း ထွက်ခွာလာစဉ်လမ်းခုလတ် တောစပ်တနေရာမှာ ဗိုလ်မိုဃ်းကြိုး ဦးဆောင်တဲ့ မြို့လှ PDF တပ်က မိုင်း ၈ လုံးနဲ့ စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့…

Read More