နိုင်ငံရေး

ဓားစာခံနှစ်ဦး ဟားမားစ်တွေ လက်ထဲမှာ သေဆုံးခဲ့တယ်ဆိုတဲ့ ဖြစ်နိုင်ခြေအတွက် အစ္စရေး စုံစမ်းနေ

ဇန်နဝါရီ၊ ၁၆ ဟားမားစ် ပြောက်ကျားတွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက နှစ်ဦး သေဆုံးသွားပြီဆိုတဲ့ ဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့ အပူတပြင်း စုံစမ်းနေကြောင်း အစ္စရေးက ပြောပါတယ်။ ဂါဇာ ကမ်းမြှောင်ဒေသ အခြေစိုက် ပါလက်စတိုင်း ပြောက်ကျားတွေက ဇန်နဝါရီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျိုက်မရောထောင်မှာ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ဇန်နဝါရီ၊ ၁၆   မွန်ပြည်နယ်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ ဇန်နဝါရီ ၁၅ ရက်၊ မနေ့ညက နိုင်ငံရေးအကျဉ်းသားတဦး အရေးပေါ်နေမကောင်းဖြစ်ပြီး ထပ်မံသေဆုံးသွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။   ” ရင်ဘတ်အောင့်လာလို့ ထောင်ဆေးရုံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်နဲ့ပလက်ဝမှာ စစ်ကောင်စီလက်ချက်နဲ့ ကလေးတဦးအပါအဝင် တရက်တည်း အရပ်သားခြောက်ဦး သေဆုံး

ဇန်နဝါရီ၊ ၁၆   ရခိုင့်တပ်တော် AA နဲ့စစ်ကောင်စီတို့တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် စစ်တွေနဲ့ ပလက်ဝတို့မှာ မနေ့က တရက်တည်း စစ်ကောင်စီလက်ချက်နဲ့ အရပ်သားခြောက်ဦး သေဆုံးသွားတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ပြောပါတယ်။   ဒေသတခုလုံးက စစ်စခန်းတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တနေ့တာ ထူးခြားသတင်းများ

ဇန်နဝါရီ ၊ ၁၅  #ရသေ့တောင်မှာစစ်သားတရာ့ငါးဆယ်ဝန်းကျင်AAဖမ်းမိ #ကိုးကန့်ဒေသအတွင်းစစ်ကောင်စီရဲ့အမိန့်ညွှန်ကြားချက်တွေကိုMNDAA ဖျက်သိမ်း #ပလက်ဝဒေသတခုလုံးကိုထိန်းချုပ်နိုင်ပြီလို့AAကြေညာ #ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ထုတ်ပြန်ချက်ကိုတိုက်ရိုက်မတုံ့ပြန်ရဲတဲ့စစ်ကောင်စီကမီဒီယာကိုအပြစ်တင် #အဆိုတော်မောင်မောင်ကြီးကွယ်လွန် #မုန်းမြို့တိုက်ပွဲအတွင်းဖမ်းမိတဲ့သုံ့ပန်းတွေကိုကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့KNUပြော #စစ်တွေမြို့အနီးကတောကန်ရွာစစ်ကောင်စီမီးရှို့လို့ရွာလုံးကျွတ်နီးပါးပျက်စီး ဒီကနေ့ ဇန်နဝါရီ (၁၅)ရက်မှာ ရရှိတဲ့ တနေ့တာ သတင်းဖြစ်ရပ်တွေထဲကထူးခြားတဲ့သတင်းတချို့ကို DNA က စု [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကိုရီးယားရောက် မြန်မာအလုပ်သမားကူညီရေးအဖွဲ့ လူမှုအကျိုးဆောင်ဆုရ၊ ဆုရငွေကိုစစ်ရှောင်တွေအတွက်လှူ

ဇန်နဝါရီ၊ ၁၅ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားတွေအရေး  ကူညီပေးနေတဲ့ မြန်မာအလုပ်သမားလူမှု ဖူလုံရေး စင်တာ အဲ့ဒီနိုင်ငံကအရပ်ဘက်အဖွဲ့တခုကပေးတဲ့ ဂိုမီအဲလူမှုအကျိုးဆောင်ဆုကို အခုနှစ်အတွက်ရရှိခဲ့ပြီး ဆုရငွေ ကို မြန်မာစစ်ရှောင်တွေအတွက်အသုံးပြုဖို့ NUGကတဆင့်ပြန်လည်လှူဒါန်းမယ်လို့ သိရပါတယ်။ မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာအနေနဲ့ ဒီနှစ်အတွက် ဂိုမီအဲ လူမူအကျိုးဆောင်ဆုကိုရွေးချယ်ချီးမြှင့်ခံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘီးလင်းအခြေစိုက် စစ်ကောင်စီဆက်သွယ်ရေးတပ်သားတဦး KNU ဆီလက်နက်ချ

ဇန်နဝါရီ၊ ၁၅ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာအခြေစိုက်တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး လက်နက် ခဲယမ်းနဲ့အတူ KNU တပ်မဟာ ၁ ဆီ ဇန်နဝါရီ ၁၁ရက်က  လက်နက်ချခဲ့တယ်လို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက DNAကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

“စစ်ပွဲမနိုင် မီဒီယာမဲနေတဲ့စစ်ကောင်စီ”

ဇန်နဝါရီ၊ ၁၅ စစ်ကောင်စီဟာ အပစ်ရပ်သဘောတူညီချက်ကိုချိုးဖောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့ ညီ နောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီက ညီနောင်သုံးဖွဲ့ကို တုံ့ပြန်မှုမလုပ်ဘဲ အဲ့ဒီ ထုတ်ပြန် ချက်ကိုဖော်ပြတဲ့ မီဒီယာတွေကိုသာ သတင်းအမှားဖြန့်ဝေတယ်ဆိုပြီး စွပ်စွဲလာပါတယ်။ “ပြောရရင် ရှုံးမဲ မဲတာပေါ့ဗျာ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရသေ့တောင်မှာ တပ်ဆုတ်ထွက်ပြေးတဲ့ စစ်တပ်တိုက်ခိုက်ခံရ၊ တရာ့ငါးဆယ်ဝန်းကျင် AAဖမ်းမိ

ဇန်နဝါရီ၊ ၁၅ ရသေ့တောင်မြို့နယ် ရေစိုးချောင်းဗျူဟာအပါ အ ဝင် အနီးတဝိုက်စခန်းတွေကထွက်ပြေးလာကြတဲ့ အင်အားနှစ်ရာဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၁၅၀ နီးပါးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ “အားလုံး တရာ့လေးဆယ်လောက်ရတယ်၊ ပြေးမလွတ်တော့လို့ အလင်းဝင်တာရော၊ ထွက်ပြေးလို့ လိုက်ဖမ်းတာရော၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တွေမြို့အနီးရှိ တောကန်ရွာကို စစ်တပ်မီးထပ်ရှို့လို့ ရွာလုံးကျွတ်နီးပါး မီးထဲပါ

ဇန်ဝါရီ၊ ၁၅   စစ်တွေမြို့နဲ့ ငါးမိုင်လောက်အကွာမှာ တည်ရှိတဲ့ တောကန်ရွာထဲကို စစ်ကောင်စီတပ်သားတွေက ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။   အင်အား ငါးဆယ်ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတခုဟာ မနက်ကိုးနာရီဝန်းကျင်လောက်မှာ တောကန်ရွာထဲသို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်မှာ လူစီး ဓာတ်ငွေ့ဘောလုံး ပျက်ကျပြီး လေးဦးသေ၊ တဦးဒဏ်ရာရ

ဇန်နဝါရီ၊ ၁၅ အမေရိကန်နိုင်ငံ၊ အရီဇိုးနား ပြည်နယ်မှာ လူတွေ စီးနင်း လိုက်ပါသွားတဲ့ ဓာတ်ငွေ့ဘောလုံး ပျက်ကျခဲ့တာကြောင့် ၄ ဦးသေပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ အီလွိုင်မြို့ ရဲတပ်ဖွဲ့က အဲဒီ ဘောလုံးပေါ်မှာ [ဆက်လက်ဖတ်ရှုရန်]