ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီ လွတ်ငြိမ်းခွင့်မှာ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့သူတွေမပါ

စစ်ကောင်စီက ဒီကနေ့ အကျဉ်းသား ခုနစ်ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါသလို အာဏာသိမ်း စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့သူတွေ မပါဝင်ဘူးလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ လက်ရှိတော်လှန်ရေး ကာလအတွင်း တော်လှန်တိုက်ခိုက်သူတွေလို့ စွပ်စွဲသတ်မှတ်ခံရသူတွေကို တရားစွဲဆို ထောင်ချလေ့ရှိတဲ့အကြမ်းဖက်မှု [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒုတိယလွတ်လပ်ရေးအရယူပြီး နိုင်ငံသစ်တည်ထောင်ဖို့ NUG တိုက်တွန်း

အကြမ်းဖက် စစ်အာဏာရှင်ကို အမြစ်ဖြတ်ပြီး ဒုတိယလွတ်လပ်ရေး အရယူကာ နိုင်ငံသစ်ကိုတည်ထောင်ရေးအတွက် လက်ရှိရထားတဲ့ စည်းလုံးညီညွတ်မှုနဲ့ ဆက်လက်ချီတက်သွားကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရက တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် အမျိုးသားညီညွတ်ရေး အစိုးရရဲ့ သဝဏ်လွှာမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလောမှာ ခရီးသည်တင်ကားနဲ့ လိုက်လာတဲ့ စစ်သားတဦးကို ကာကွယ်ရေးတပ်ကဖမ်းမိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် သင်္ကန်းတော်ရွာလမ်းမကြီးမှာ ခရီးသည်တင်ကားနဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို ဇန်နဝါရီ (၂) ရက် ညနေလေးနာရီခွဲဝန်းကျင်မှာ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ပုလောဒေသကာကွယ်ရေး (PRDF) တပ်ဖွဲ့ဝင်တွေက မြိတ်-ထားဝယ် ကားလမ်းမပေါ်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကချင်ပြည်နယ်က KNC ပါတီဥက္ကဋ္ဌဒေါက်တာအမ်ကောန်လ ပြန်လည်လွတ်မြောက်လာ

ကချင်ပြည်နယ်က ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လ(Dr. M Kawn La) ဒီနေ့ ဇန်နဝါရီ ၄ရက်နေ့မနက်ပိုင်းမှာ  မြစ်ကြီးနားအကျဉ်းထောင်ကနေပြန်လည်လွတ်မြောက်လာကြောင်း သိရပါတယ်။ ဒေါက်တာအမ်ကောန်လ ဟာ ပြန်လည်လွတ်မြောက်ဖို့ လပိုင်းအလိုမှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းမှာပါဝင်လာတာဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ သူ့ကိုတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရမည်းသင်းအကျဉ်းထောင်က နိုင်ကျဉ်းတချို့ ပြန်လွတ်လာ ကဗျာဆရာမျိုးတေဇမောင်နဲ့ NLD ပါတီဝင်တချို့ပါဝင်

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်အကျဉ်းထောင်ကနေ  စစ်တပ်အာဏသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား တချို့ ဒီကနေ့ဇန်နဝါရီ ၄ရက် လွတ်လပ်ရေးနေ့စစ်ကောင်စီရဲ့ လွတ်ငြိမ်းနဲ့  ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။ ဒီကနေ့မှာတော့  ပျဉ်းမနားမြို့က ကဗျာဆရာ မျိုးတေဇာမောင်၊ ရမည်းသင်းခရိုင် NLD ဥက္ကဋ္ဌဟောင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်တွင်းနဲ့ ပြည်ပနိုင်ငံဆယ်ခုက တော်လှန်ရေးအင်အားစုတွေရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု

ပြည်တွင်းမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ ပြည်ပနိုင်ငံ ဆယ်ခုက ပြည်ပ ရောက်မြန်မာတွေ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတခုအဖြစ် “We Must Win” ကမ်ပိန်းကို ပြုလုပ်နေကြပါတယ်။ ပြည်တွင်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စာရေးဆရာ ဦးထင်လင်းဦးနဲ့ ဒေါက်တာ အာကာမိုးသူတို့ပြန်လွတ်လာ

အာဏာသိမ်းကာလ အစောပိုင်းကတည်းက စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ စာရေးဆရာ ဦးထင်လင်ဦးနဲ့ CDM ပညာရေးဝန်ထမ်းအရေး လုပ်ဆောင်ခဲ့သလို သပိတ်စစ်ကြောင်းတွေမှာလည်း ပါဝင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ အာကာမိုးသူတို့ ဒီကနေ့ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။ စစ်တပ်ကို ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထားဝယ်ထောင်က နိုင်ငံရေးအကျဉ်းသား ခြောက်ဆယ်ဦးပြန်လွတ်လာ

စစ်ကောင်စီက လွတ်ငြိမ်းခွင့်နဲ့ နိုင်ငံတဝန်းက အကျဉ်းသား ခုနစ်ထောင်ကျော်ပြန်လွတ်ပေးတဲ့ ဒီကနေ့မှာ ထားဝယ် အကျဉ်းထောင်ကနေ နိုင်ငံရေး အကျဉ်းသား ခြောက်ဆယ်ဝန်းကျင် ပြန်လွတ်လာတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ကိုမင်းလွင်ဦးက DNA ကိုပြောပါတယ်။ ဒီကနေ့ ထားဝယ်ထောင်ကနေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပရဟိတ၊ စာရေးဆရာမဒေါ်သန်းမြင့်အောင် ရန်ကုန်အင်းစိန်ထောင်ကနေ ပြန်လွတ်မြောက်လာ

စစ်အာဏာသိမ်းတဲ့နေ့ကတည်းက စစ်တပ်ကဖမ်းဆီးသွားတဲ့ ရန်ကုန်တိုင်း၊ စည်ပင်သာယာရေး ကော်မတီဝင်၊ ပရဟိတစာရေးဆရာမ ဒေါ်သန်းမြင့်အောင်ဟာ ဒီကနေ့ဇန်နဝါရီ ၄ ရက်နေ့ မှာ ရန်ကုန်အင်းစိန်အကျဉ်းထောင်ကနေ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ပြန်လွတ်မြောက်လာပါတယ်။   စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကိုလည်း စစ်ကောင်စီ စစ်အာဏာသိမ်းတဲ့ ပထမဆုံးနေ့ နံနက်အစောပိုင်းမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုံရွာမြို့အကျဉ်းထောင်ကနေနိုင်ငံရေးအကျဉ်းသား သုံးဆယ်ကျော်ပြန်လွတ်လာ

ဒီကနေ့ ဇန်နဝါရီ ၄ရက်၊လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မုံရွာအကျဉ်းထောင်က အကျဉ်းသား ၇၄ဦးပြန်လွတ်လာတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေဆီကသိရပါတယ်။ ပြန်လွတ်မြောက်လာသူတွေထဲမှာ အမျိုးသား ၆၄ဦး အမျိုးသမီး ၁၀ဦးပါဝင်ပြီး ပုဒ်မ ၅၀၅-က နဲ့ပြန်လွတ်လာသူ အမျိုးသားအမျိုးသမီး ၃၄ ဦးပါဝင်တယ်လို့သိရပါတယ်။ စစ်ကောင်စီက [ဆက်လက်ဖတ်ရှုရန်]