နိုင်ငံရေး

တိုက်ပွဲပြန် PDF တွေကို ပြည်သူတွေကကြို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းတလျှောက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တလနီးပါးကြာရက်ရှည်တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် တိုက်ပွဲက ပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေက အခုလိုကြိုဆိုခဲ့ကြပါတယ်။ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ ခြောက်ခုက တပ်ဖွဲ့ဝင် တရာလောက် အဲ့ဒီကြိုဆိုပွဲတက်ရောက်ခဲ့ကြပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာစစ်တပ် တိုက်လေယာဉ် အိန္ဒိယလေပိုင်နက်ထဲဝင်ရောက်ဗုံးကျဲမှုအပေါ် ကိုင်တွယ်တားဆီးပေးဖို့ မီဇိုလူငယ်အသင်းက အိန္ဒိယအစိုးရကိုတောင်းဆို

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ တိုက်လေယာဉ်ဝင်ရောက်ပျံသန်းပြီး ဗုံးကျဲ ချမှုအတွက် အိန္ဒိယ အစိုးရအနေနဲ့ ထိထိရောက်ရောက်ကိုယ်တွယ်တားဆီးဖို့ မီဇိုလူငယ်အသင်းက ဇန်နဝါရီ ၁၂ ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။  ဗုံးကျရောက်ပေါက်ကွဲမူကြောင့် ထိတ်လန့်အံ့အားသင့်ခဲ့ရတယ်လို့ မီဇိုရမ်ပြည်နယ် အခြေစိုက် မီဇိုလူငယ် အသင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

CNF ဌာနချုပ်တိုက်ခိုက်ခံရလို့ ဟားခါး မှာဆိုင်ပိတ်ခဲ့သူတွေကို စစ်ကောင်စီဖမ်းပြီး ဆိုင်တွေကိုလည်း ချိပ်ပိတ်

ချင်းအမျိုးသားတပ်ဦး CNA/CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဇန်နဝါရီ (၁၁) ရက်မှာ ပိတ်ခဲ့တဲ့ဆိုင်တွေထဲကတချို့ကို စစ်ကောင်စီက မနေ့က စာကပ်ပြီးချိတ်ပိတ်ကာ ဆိုင်ရှင်တချို့ကိုလည်း ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “အဲဒီနေ့က အကုန်နီးပါးပိတ်တယ်၊သူတို့လှည့်အော်တော့ဆိုင်အနည်းငယ်ပဲဖွင့်ယောင်ပြတာပေါ့၊ ခုချိတ်ပိတ်တဲ့ဆိုင်တွေက သူတို့အော်လို့ပြန်မဖွင့်တဲ့ဆိုင်တွေထဲကနေချိတ်ပိတ်တာ” လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မိုးရေသန့်စက်ရုံဂတ်စ်ယိုစိမ့်မှု​မှာဓါတ်ငွေ့ဘေးသင့်သူ သုံးဆယ်နီးပါးရှိပြီး ဆေးရုံတင်ပို့ထားရ

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၆ရပ်ကွက်၊တပ်မတော်ချည်မျှင်အရှေ့နဲ့ အုတ်ကျင်းဘူတာရုံလမ်းအနီးက မိုးရေသန့်စက်ရုံမှာ အမိုးနီးယာဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားတာကြောင့် အမိုးနီးယားဓါတ်ငွေ့ဘေးသင့်သူ သုံးဆယ်နီးပါးရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “ဓာတ်ငွေ့သင့်တဲ့သူတွေကတော့အများကြီးပေါ့၊ အဓိကက ဆေးရုံကိုပို့တာကျတော့ သက်ကြီးရွယ်အိုတွေကို ပိုဂရုစိုက်ရတာပေါ့၊ ၂၀ကျော် ၃၀နီးပါးရှိတယ်၊ ဒီမနက်တော့ ဆေးရုံပြန်ဆင်းကြမှာပါ”လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဂျပန်မှာ အမေရိကန်ရဲ့ ပိုမိုအစွမ်းထက်တဲ့ မရိန်းတပ်ဖွဲ့တွေ ဖြန့်ကျက်သွားဖို့ သဘောတူ

ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှု အသစ်တွေအရ ဂျပန်နိုင်ငံမှာ အမေရိကန်က ပိုမို အစွမ်းထက်တဲ့ မရိန်း တပ်ဖွဲ့တွေ ဖြန့်ကျက် ထားရှိသွားမယ်လို့ သိရပါတယ်။ ဒေသတွင်းမှာ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာတာကြောင့် ဂျပန်နဲ့ အမေရိကန် မဟာမိတ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဆိုလီဒါမြို့ ရုရှားလက်ထဲ ကျသွားပြီဆိုတဲ့ သတင်းတွေကို ယူကရိန်း ငြင်းဆို

နိုင်ငံ အရှေ့ပိုင်းက ဆားကျင်းတွေနဲ့ သတ္တုမိုင်းတွင်းတွေ တည်ရှိရာ ဆိုလီဒါမြို့ကို ရုရှားတပ်တွေဆီ လက်လွှတ်ပေးလိုက်ရတယ်ဆိုတဲ့ သတင်းတွေကို ယူကရိန်းက ငြင်းဆိုသွားပါတယ်။ ဆိုလီဒါမှာ ရုရှားတပ်တွေ တောက်လျှောက် အရေးသာနေတာ မှန်ပေမယ့် ယူကရိန်းရဲ့ ခုခံရေးတပ်တွေက ဇန်နဝါရီ ၁၂ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ပွဲဦးထွက်မှာပဲ အနီကတ် ထိခဲ့တဲ့ ချဲလ်ဆီး ကစားသမားသစ် ဖီးလစ်

ချဲလ်ဆီး ကစားသမားသစ် ယာအိုဖီးလစ်ဟာ အသင်းအတွက် ပွဲဦးထွက်မှာပဲ တိုက်ရိုက် အနီကတ် ထိသွားခဲ့ပါတယ်။ မန်နေဂျာ ဂရေဟမ် ပေါ်တာ ကိုင်တွယ်နေတဲ့ အသင်းဟာ ဇန်နဝါရီ ၁၂ ရက် ညပိုင်းက ဖူလ်ဟမ် အသင်းကို ၂-၁ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ကိုယ်ဝန်ရှိလာလို့ တနှစ်လုံး တင်းနစ်ပြိုင်ပွဲတွေနဲ့ ကင်းကွာနေမယ့် နာအိုမီ အိုဆာကာ

ကမ္ဘာ့အဆင့် ၁ တင်းနစ်မယ်ဟောင်း နာအိုမီ အိုဆာကာက သူဟာ ပထမဆုံး ကိုယ်ဝန်ကို ဆောင်ထားရပြီလို့ ပရိသတ်တွေဆီ အသိပေး ကြေညာလိုက်ပါတယ်။ တနည်းအားဖြင့် အသက် ၂၅ နှစ်အရွယ် ဂျပန် ထိပ်တန်း တင်းနစ်မယ်ဟာ ၂၀၂၃ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရာရှိအတွက် မနက်စာထွက်ယူတဲ့ စစ်ကောင်စီတပ်သား လေးဦးမိုင်းဆွဲခံရပြီး နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ထဲက လယ်ကြီးကျေးရွာနဲ့ နတ်ခရိုင်ရွာကြားမှာ ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မနက်ပိုင်းက သံချပ်ကာကွယ်ရေးဌာနချုပ် ၇၂ တပ် (ဒေသအခေါ် ခြေတော်ရာတပ်တွင်း)က စစ်ကောင်စီတပ်သား ၄ဦးမိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ဦးသေဆုံးတယ်လို့  Zero ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးမှာ စစ်ကောင်စီမဲစာရင်းကောက်တဲ့ နေရာတချို့ ပေါက်ကွဲမှုတွေဖြစ်ခဲ့

မန္တလေးမြို့ပေါ်က ရပ်ကွက်တချို့မှာ စစ်ကောင်စီက မဲစာရင်းအတွက် အိမ်ထောင်စုလူဦးရေ စာရင်းကောက်ယူတာတွေလုပ်ဆောင်နေပြီး အဲဒီနေရာ နေရာတချို့မှာ ပေါက်ကွဲမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက DNA ကိုအတည်ပြုပြောဆိုကြပါတယ်။ မနေ့က ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်း အချိန်မှာ စစ်ကောင်စီရဲ့ အိမ်ထောင်စုစာရင်းကောက်တဲ့ [ဆက်လက်ဖတ်ရှုရန်]