ကန့်ဘလူမှာတရက်ထဲအရပ်သားကိုးဦး မိုင်းထိ၊ ကလေးငယ်တဦးသေဆုံး
ဖေဖော်ဝါရီ ၊ ၂၆ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ထန်းကုန်းတိုက်နယ်အတွင်းဖေဖော်ဝါရီလ ၂၅ ရက်နေ့တရက်ထဲမှာပဲ အရပ်သားပြည်သူ ကိုးဦးအထိ မိုင်းထိမှန်ဒါဏ်ရာရခဲ့ပြီး ၁၅နှစ်အရွယ်ကလေးငယ်တဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ အဲ့ဒီလိုမိုင်းထိမှန်ဒါဏ်ရာရသူတွေဟာ ထန်းကုန်းတိုက်နယ်အတွင်းညောင်ဇင်ကျေးရွာကပြည်သူ ၄ ဦးနဲ့ ကာဘိုးကျေးရွာကပြည်သူ ၂ ဦးနဲ့သင်ပေါင်းကျင်းကျေးရွာက ကလေးငယ်သုံးဦးဖြစ်ပါတယ်။ “မိုင်းထိတဲ့အထဲမှာသင်ပေါင်းရွာနားကလယ်တောမှာနွားကျောင်းနေတဲ့ညီအကိုနှစ်ယောက်မှာအကြီးလေးကတော့အဲ့နားမှာတင်သေသွားတယ်။အငယ်လေးကအသက်အန္တရာယ်စိုးရိမ်နေရတယ်။သင်ပေါင်းကျင်းကတော့ပျူတွေများတယ်။အဲ့ကလဲရွာအပြင်တွေမှာထောင်ထားတာမိုင်းတွေက“လို့ ကန့်လူဒေသတွင်းသတင်းမီဒီယာမှ [ဆက်လက်ဖတ်ရှုရန်]