အယ်ဒီတာနှင့် ပေးစာ ပြန်စာ 

ဖက်ဒရယ်ရေးရာ အယ်ဒီတာနှင့် ပေးစာပြန်စာ

ဒီတစ်ပတ်မှာတော့ ဖက်ဒရယ်ရေးရာကဏ္ဍအတွက် အယ်ဒီတာ့ထံ မေးခွန်းတစ်ခု ရောက်လာပါတယ်။ အဲဒါကတော့ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးက — စတီဗင်ရဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ မေးခွန်းကတော့ – ပြည်နယ် နယ်နိမိတ်တွေ ဖွဲ့စည်းတာနဲ့ပတ်သက်ပြီး မေးမြန်းထားတာဖြစ်ပါတယ်။ စတီဗင်ရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရွှံ့ထူထပ်မှုတွေကြောင့် ရှေ့တန်းစစ်မျက်နှာပြင်က ရုရှားရော၊ ယူကရိန်း တပ်တွေပါ အခက်ကြုံနေ

ဖေဖော်ဝါရီ၊ ၂၈ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ယူကရိန်း အရှေ့ပိုင်း စစ်မြေပြင်မှာ ရုရှားတပ်တွေဟာ သူတို့ထိုးစစ်ဆင်နေတဲ့ ဘက်ခ်မတ်မြို့ကို ပတ်ပတ်လည် ဝန်းရံပိတ်ဆို့ဖို့ ကြိုးစားနေပေမယ့် သဘာဝ အတားအဆီး တခုကို ကြုံနေရပါတယ်။ အဲဒါကတော့ ရွှံ့နွံတွေပါပဲ။  ဒွန်းညက်စ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တူရကီက ငလျင်ဘေးသင့် မြို့မှာ ငလျင်ထပ်လှုပ်ပြီး ထိခိုက်သေကြေမှုတွေ ဖြစ်ပေါ်

ဖေဖော်ဝါရီ၊ ၂၈ တူရကီ နိုင်ငံက ငလျင်ဒဏ် ဆိုးဆိုးရွားရွား ခံစားထားရတဲ့ နေရာတခုမှာ ငလျင်ထပ်လှုပ်တာကြောင့် ၁ ဦးသေပြီး ၇၀ နီးပါး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။  တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ဒေသဟာ ဖေဖော်ဝါရီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကရင်နီမှာ တိုက်ပွဲမရှိတဲ့ ရွာတွေကို စစ်ကောင်စီကပစ်ခတ်လို့ လက်နက်ကြီးထိမှန်ပြီး အရပ်သားတဦးသေဆုံ

ဖေဖော်ဝါရီ၊ ၂၈ ကယား(ကရင်နီ) ပြည်နယ်၊ ဘောလခဲမြို့နယ်မှာအခြေစိုက်တဲ့  စစ်ကောင်စီတပ်ရင်းဟာမနေ့ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ  တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတွေကိုလက်နက်ကြီးနဲ့အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်  အရပ်သားတဦးသေဆုံးခဲ့တယ်လို့ KNDF ကထုတ်ပြန်ပါတယ်။  စစ်တပ်လက်နက်ကြီးကြောင့် ကျေးရွာအတွင်း  အရပ်သား ၃ဦးထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပြီးအဲဒီထဲက တဦးကတော့ လက်နက်ကြီးထိမှန်သေဆုံးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်အတွင်းမှာ ရိုးရာအိုးလုပ်ငန်းတွေပျောက်ကွယ်လုနီးဖြစ်နေ

ဖေဖော်ဝါရီ၊ ၂၈ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်နဲ့ရေကြည်မြို့နယ်တွေမှာ ဝင်ငွေရနည်းတာနဲ့ အသုံးပြုသူနည်းပါးတာကြောင့်  ဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာတဲ့ ရိုးရာအိုးလုပ်ငန်း လုပ်ကိုင်သူတွေနည်းလာပြီးလုပ်ငန်းပျောက်ကွယ်လုနီးပါးဖြစ်နေပြီလို့ ဒေသခံအိုးလုပ်ငန်းလုပ်ကိုင်သူတွေဆီကသိရပါတယ်။ ပုသိမ်မြို့၊ ကမ်းနားလမ်း စဉ့်အိုးဘိုအရပ်မှာရှိတဲ့ ဘိုးဘွားစဉ်ဆက် အိုးလုပ်ငန်းမှာ အိုးလုပ်ငန်းလုပ်ကိုင်တဲ့ အိုးဖိုပေါင်း ၄၀ ကျော်ဟာ ၂နှစ်တာကာလအတွင်း ရပ်ဆိုင်းသွားပြီးသောက်ရေအိုး၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်မြိုမှာ ပထမဆုံးကျဆုံးသွားတဲ့ပြည်သူတွေအတွက် လွမ်းဆွတ်ခြင်းလူထုလှုပ်ရှားမှု

ဖေဖော်ဝါရီ၊ ၂၈ စစ်အာဏာသိမ်းတာကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရင်း စစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြား ရန်ကုန်မြို့မှာ ကျဆုံးသွားသူတွေအတွက် လွမ်းဆွတ်ခြင်းလှုပ်ရှားမှုအနေနဲ့  သူတို့ရဲ့ရုပ်ပုံပါတဲ့ အင်္ကျီတွေကို ဝတ်ဆင်ရင်း ရန်ကုန်တော်လှန်ရေးအင်အားစုကလူငယ်တွေက လူထုလှုပ်ရှားမှုတခုလုပ်ခဲ့တာကို ဒီကနေ့ဖေဖော်ဝါရီ ၂၈ ရက်မှာထုတ်ပြန်လာပါတယ်။ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကြား ပထမဆုံးကျဆုံးသွားတဲ့ပြည်သူတွေဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို မက်ဆီ ဆွတ်ခူး

ဖေဖော်ဝါရီ၊ ၂၈ အာဂျင်တီးနား အသင်းကို ကမ္ဘာ့ဖလား ချန်ပီယံဆု ရရှိအောင် အဓိက ဦးဆောင်ခဲ့တဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ပေးအပ်တဲ့ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး ဘောလုံးသမား ဆုကို [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

ဝေါမြို့က ကျေးရွာစစ်ဆေးရေးဂိတ်ပစ်ခံရပြီးနောက်ဒေသခံလေးဦးကိုဖမ်းဆီး

ဖေဖော်ဝါရီ၊ ၂၇ ပဲခူးတိုင်း၊ဝေါမြို့နယ်၊ရန်ကုန်-မော်လမြိုင် ကားလမ်းမအနီး  ဘုရားပျို့ကျေးရွာရှိစစ်ဆေးရေးဂိတ်ပစ်ခတ်မှုမှာ စစ်ကောင်စီဖက်က ၂ဦးသေဆုံး၊၄ဦးဒဏ်ရာရပြီးနောက် ဒေသခံ လူငယ်၄ဦးကိုဖမ်းဆီးလိုက်တယ်လို့ဒေသခံတွေကပြောပါတယ်။ ဝေါမြိ့နယ်ကာကွယ်ရေးတပ်ဖွဲ့တွေကစစ်ဆေးရေးဂိတ် ကို မနေ့ ဖေ​ဖော်ဝါရီလ ၂၆ ရက်၊ည ၈ နာရီခွဲ အချိန်မှာ တိုက်ခိုက်ပြီးနောက် ဒီကနေ့ မနက်၁၁ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမှာ ကျေးရွာပအဖတဦးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦး သေဆုံး

ဖေဖော်ဝါရီ၊ ၂၇ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကို စစ်ကောင်စီကင်း​ပုန်းကပစ်ခတ်လို့သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ရေဦးမြို့နယ်ကနေ ခင်ဦးနယ်ထဲ ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းအခြေအနေကို ကင်းထောက်ပြီး ရွာခံတွေကိုအသိပေးဖို့ကြိုးပမ်းရာက ဒီကနေ့ ဖေဖော်ဝါရီ ၂၇ရက် နေ့လယ်ပိုင်းမှာပစ်ခတ်ခံရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် မကျီးအုပ်ရွာသားတဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

ရာဝတီတိုင်းကမြို့နယ်အချို့မှာ အုပ်ချုပ်ရေးမှူး တရာထက်မနည်း စစ်ကောင်စီ အပြောင်းအလဲပြုလုပ်

ဖေဖော်ဝါရီ၊ ၂၇  ဧရာဝတီတိုင်းက ပုသိမ်၊ကန်ကြီးထောင့်၊ကျုံပျော်၊ဖျာပုံ၊ ဘိုကလေး၊မအူပင်၊ပန်းတနော်၊ညောင်တုန်း၊ဓနုဖြူနဲ့ဟင်္သာတ စတဲ့မြို့နယ်တွေကရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူး၁၀၀ ဦးထက်မနည်းကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၃ ရက်ကစပြီး စစ်ကောင်စီကပြောင်းလဲခန့်အပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးအပြောင်းအလဲလုပ်ဆောင်ရာမှာစစ်ကောင်စီအပေါ်ထောက်ခံသူတွေနဲ့ကြံ့ခိုင်ရေးပါတီအဖွဲ့ဝင်တွေကိုအများဆုံးပြန်လည်ခန့်အပ်လုပ်ဆောင်နေတာဖြစ်တယ်လို့ပုသိမ်မြို့ရှိရပ်ကွက်အုပ်ချုပ်ရေးနဲ့နီးစပ်သူကပြောပါတယ်။ ” အုပ်ကြီးတွေအပေါ်အရင်လူတွေမထားတော့ဘူး။ အားလုံးနီးပါးတော့မဟုတ်ဘူး။စစ်တပ်ကထောက်ခံတဲ့သူရယ်၊ကြံ့ခိုင်ရေးပါတီအမာခံတွေကိုပဲပြန်ခန့်အပ်ထားတယ်။ ပုသိမ်မြို့မှာဆို ရပ်ကွက်တော်တော်များကအုပ်ချုပ်ရေးမှူးတွေပြောင်းလိုက်ပြီ။အခြားမြို့တွေလည်းအတူတူလုပ်လိုက်တယ်။။ တိုင်းထွေအုပ်ရုံးမှာအစည်းအဝေးခေါ်ပြီးအုပ်ချုပ်ရေးမှူးတွေကိုပြောင်းလဲဖို့ညွှန်ကြားလိုက်တာဖြစ်တယ်” လို့သူကပြောပါတယ်။ အဲဒီလိုရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုအပြောင်းအလဲပြုလုပ်ရာမှာ [ဆက်လက်ဖတ်ရှုရန်]