ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမြို့ မအူ ရဲကင်းစခန်းကိုပီဒီအက်ဖ်တွေဝင်စီး

ဧပြီ၊ ၃ မကွေးတိုင်း၊ရေစကြိုမြို့နယ် မအူရဲစခန်းကိုဒီကနေ့ဧပြီ ၃ရက်နေ့ မနက်၅နာရီအချိန်ကစတင်ပြီး ဒေသကာကကွယ်ရေးတပ်ဖွဲ့ဝင်တွေကဒုတိယအကြိမ်ဝင်ရောက်စီးနင်းခဲ့သိရပါတယ်။  “စခန်းသိမ်းတိုက်ပွဲမှာက၁၀ယောက်သေတယ် ။တပ်ကူလာတဲ့ကားကမိုင်းကွင်းထဲရောက်လာလို့မိုင်းဆွဲတာက၁၅ယောက်လောက်သေတယ်။လက်နက်တွေလည်းသိမ်းလို့ရထားတာတွေရှိတယ်” လို့ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ )ကရဲဘော်ဝေကြီးက DNA ကိုပြောပါတယ်။  စစ်ကောင်စီဘက်ကအကျအဆုံးနဲ့ပတ်သတ်ပြီး DNAအနေနဲ့  သီးခြားအတည်မပြုနိုင်သေးပါဘူး။ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ မအူရဲစခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်မှာစခန်းကိုမီးရှို့ဖျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။ စခန်းသိမ်းအပြီး မနက်၈နာရီအချိန်မှာစစ်ကောင်စီတပ်တွေက MI [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခရမ်းမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် လူငယ်ဆယ်ဦးထက်မနည်းအဖမ်းခံရ

ဧပြီ၊ ၃ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ကံဘဲ့ရွာက အလှူပွဲကို ဓာတ်ပုံ လာရိုက်ပေးတဲ့ (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဦး ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ကံဘဲ့ရွာ နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သထုံနဲ့ရေးမြို့နယ် စစ်ကောင်စီတပ်နဲ့ BGFပစ်လို့ အရပ်သားငါးဦးဒဏ်ရာရ

ဧပြီ၊ ၃ မွန်ပြည်နယ်၊ သထုံနဲ့ရေးမြို့နယ်တွေမှာဧပြီ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်တွေနဲ့BGFတပ်ကလက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းအမှတ်(၉)မှ သထုံမြို့နယ် ချောင်းစောင့်ကျေးရွာထဲကို လက်နက်ကြီး ၃ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရွေးကောက်ပွဲမှာ အရေးနိမ့်သွားခဲ့တဲ့ ဖင်လန် ဝန်ကြီးချုပ် မာရင်

ဧပြီ၊ ၃  နိုင်ငံတကာ အသိုက်အဝန်းမှာ လူချစ်လူခင်ပေါသူ တယောက်လို့ သတ်မှတ် ခံရတဲ့တိုင် ဖင်လန် ဝန်ကြီးချုပ် ဆန်နာ မာရင်ဟာ ပြည်တွင်းမှာတော့ လူကြိုက်အများဆုံး မဖြစ်တော့ပါဘူး။  သူဟာ ဖင်လန်နိုင်ငံရဲ့ အကြိတ်အနယ် အရှိဆုံး ရွေးကောက်ပွဲ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

နယူးကာဆယ်နဲ့ပွဲမှာ နိုင်ချင်စိတ် ပိုပြင်းပြတဲ့ အသင်းက အနိုင်ရသွားတာလို့ ရှောဝန်ခံ

ဧပြီ၊ ၃ နယူးကာဆယ် ယူနိုက်တက်ဟာ နိုင်လိုစိတ် ပိုပြင်းပြတဲ့အတွက် အနိုင်ရသွားတာ ဖြစ်တယ်လို့ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ လုခ်ရှောက ဝန်ခံခဲ့ပါတယ်။  ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာအတွက် အနီးကပ် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ချဲလ်ဆီးနဲ့ လက်စတာ မန်နေဂျာတွေ တရက်တည်းမှာ ထုတ်ပယ်ခံရ

ဧပြီ၊ ၃ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကလပ်တွေ ဖြစ်တဲ့ ချဲလ်ဆီးနဲ့ လက်စတာ စီးတီးတို့ဟာ တရက်တည်းမှာပဲ အသင်းမန်နေဂျာတွေကို အသီးသီး ထုတ်ပယ်လိုက်ကြပါတယ်။  ခရစ္စတယ်လ်ပဲလေ့စ်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ အပြီး ဧပြီ ၂ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်းမှာ ရက်နှစ်ဆယ်အတွင်း တောဆင်ရိုင်းအနင်းခံရလို့ သေဆုံးသူ သုံးဦးအထိရှိလာ

ဧပြီ၊ ၂ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာအုပ်စုတပ်ကုန်းရွာထဲမှာနေထိုင်တဲ့အမျိုးသားတဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ချောင်းအတွင်း ရေဆင်းချိုးနေချိန်တောဆင်ရိုင်းအုပ်စုနဲ့တိုးပြီး အနင်းခံရလို့သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်မှာလည်း သာပေါင်းမြို့နယ်ခုနှစ်ပင်တောထဲကို ထင်းခုတ်သွားတဲ့ ဦးချိုဌေးဆိုသူဟာတောဆင်ရိုင်းအနင်းခံရလို့ သေဆုံးခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့မြောက်ပိုင်းမှာ စစ်တပ်စစ်ကြောင်းထိုးပစ်ခတ်လို့ ဒေသခံငါးသောင်းဝန်းကျင်စစ်ရှောင်နေရ

ဧပြီ၊ ၂ ကလေးမြို့နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်ကစလို့ စစ်ကောင်စီတပ်တွေ ကုန်းကြောင်းကနေစစ်ကြောင်းထိုးပစ်ခတ်တာတွေအပြင် လေကြောင်းပစ်ခတ်မှုတွေပါလုပ်နေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ဒေသခံ ငါးသောင်းဝန်းကျင်ရှိလာပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကြောင်းစထိုးတဲ့ မတ်လ ၃၁ ရက်မှာတော့ ကလေးမြို့မြောက်ပိုင်းက မောက်လင်း၊ လက်ပံချောင်းက ဒေသခံတွေစစ်ဘေးရှောင်ရသလို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟင်္သာတမြို့မှာ ပီဒီအက်ဖ်ထောက်ပံ့တယ်ဆိုပြီး စစ်ကောင်စီက နေအိမ် ငါးလုံးချိတ်ပိတ်

ဧပြီ၊ ၂ ဧရာဝတီတိုင်း ၊ဟင်္သာတမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်တရက်ထဲမှာပဲစစ်ကောင်စီတပ်နဲ့ရဲအဖွဲ့တွေက နေအိမ်၅ လုံးကိုချိတ်ပိတ်ခဲ့ပြီး တမြို့လုံးမှာစစ်ကောင်စီချိတ်ပိတ်တဲ့  နေအိမ်အလုံး၄၀ ကျော်ထက်မနည်းအထိရှိနေတယ်လို့မြိုခံတွေကပြောပါတယ်။ ဟင်္သာတမြို့နယ်၊ကနောင်စုရပ်ကွက်နဲ့လယ်တီကွင်းရပ်ကွက်က နေအိမ် ၅ လုံးကို ချိပ်ပိတ်ခဲ့တာဖြစ်ပြီး နေအိမ်ပိုင်ရှင်တွေဟာ PDF [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဝက်လက်မြို့ အလယ်ပိုင်းက စစ်ရှောင်ပြည်သူတွေ ဝမ်းရောဂါတွေဖြစ်နေ

ဧပြီ၊ ၂ စစ်ကိုင်းတိုင်း ၊ဝက်လက်မြို့နယ် အလယ်ပိုင်းရှိ ကျေးရွာတွေမှာ စစ်ရှောင်နေရတဲ့ ဒေသခံပြည်သူတွေ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်၊ ဝမ်းလျော ရောဂါတွေကို ခံစားနေရတယ်လို့ အဲဒီခြေနေတွေကို သိရှိသူ တဦးကပြောပါတယ်။ ” ရေပေါတဲ့နေရာမဟုတ်တော့ အခက်အခဲတော့ရှိတယ်။ [ဆက်လက်ဖတ်ရှုရန်]