နိုင်ငံရေး

မြိုင်မြို့အရှေ့ဖက်ခြမ်းကို စစ်ကြောင်းဝင်လာလို့ ဒေသခံ ၇၀၀ နီးပါး ထွက်ပြေးနေရ

မေ၊​ ၃   မကွေးတိုင်း၊ မြိုင်မြို့နယ် အရှေ့ဖက်အခြမ်းရှိ ကျေးရွာတွေကို ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် အဲဒီဒေသက ကျေးရွာ လေး၊ ငါး ရွာလောက်က ဒေသခံ ၇၀၀၊ ၁၀၀၀ နီးပါးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာသတင်းသမားတွေ ဆိုးရွားစွာဖိနှိပ်ခံနေရတဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့

  မေ၊ ၃   ဒီကနေ့ မေလ ၃ ရက်နေ့ဟာတော့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) ဖြစ်ပါတယ်။ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ သတင်းသမားတွေကို စစ်ကောင်စီက တောက်လျောက်ဆိုသလို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေသလို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနေ့ဆုန်လပြည့် ဗုဒ္ဓနေ့ရွှေတိဂုံစေတီတော်မြင်ကွင်း

မေ၊ ၃   ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၈၅ ကနေ့ဆုန်လပြည့် ဗုဒ္ဓနေ့မှာ ရန်ကုန်မြို့ရွှေတိဂုံစေတီတော်မှာ ဘုရားဖူးပြည်သူတွေနဲ့ ညောင်ရေသွန်းလောင်းသူတွေကို မြင်တွေ့ရတဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။ ဓာတ်ပုံ – CJ

အားကစားကဏ္ဍ

အာဆင်နယ်ကို ရှုံးခဲ့တဲ့နောက် ချဲလ်ဆီးရဲ့ အနေအထားကို လမ်းပတ် ဝေဖန်

မေ၊ ၃ အာဆင်နယ်ကို ရှုံးနိမ့်ပြီးတဲ့နောက် သူ့အသင်းရဲ့ ကစားပုံနဲ့ ပတ်သက်လို့ ချဲလ်ဆီး ယာယီ မန်နေဂျာ ဖရန့်ခ် လမ်းပတ်က ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။ လန်ဒန် ဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရာမှာ အာဆင်နယ်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုဒ်မ ၅၀၅-က အကျဉ်းသားတွေကို ခံဝန်နဲ့ပြန်လွှတ်မယ်လို့ စစ်ကောင်စီကြေညာလာပြန်

မေ၊ ၃   ဒီကနေ့ မေလ ၃ ရက်နေ့မှာ နိုင်ငံတဝန်းမှာ စစ်ကောင်စီက အကျဉ်းထောင်အသီးသီးမှာရှိနေတဲ့ ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား ၂၁၅၃ ယောက်ကို ခံဝန်ချက်တွေနဲ့ ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်နယ်မြေရဲစခန်း တိုက်ခိုက်ဖျက်ဆီးခံရ

မေ၊ ၂   မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းက ပွေးကျစ်နယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဒီကနေ့ နေ့လယ်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုရှိသလို ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။   ကျောက်ပန်းတောင်းမြို့တောင်ဘက်က ပွေးကျစ်နယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေက ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ချင်းပြည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တလအတွင်း၂၁ ဦးသေဆုံး၊ ၄၀ ကျော်ဒဏ်ရာရ

မေ၊ ၂   ချင်းပြည်နယ်မှာ စစ်ကောင်စီက ဧပြီလ တလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၀ ကျော်ပြုလုပ်ရာမှာ ဗုံးအလုံး ၁၀၀ နီးပါးအသုံးပြုခဲ့ပြီး သေဆုံးသူအများစုဟာ အရပ်သားတွေဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ရဲ့ စီမံကိန်းအရာရှိတဦးက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဟားခါးမှာ စစ်ကောင်စီလေကြောင်းက တိုက်ခိုက်လို့ အိမ်သုံးလုံးပျက်စီး

မေ၊ ၂   မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ဒီကနေ့ မေလ ၂ ရက်နေ့ မနက်ပိုင်းကစပြီး နေ့လယ်ပိုင်းအထိ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ထဲမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေလို့ အိမ်သုံးလုံးပျက်စီးတယ်လို့ ချင်းပြည်နယ်က တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာ ပျူစောထီးအဖွဲ့ထဲမဝင်လိုတာကြောင့် ထွက်ပြေးသူ ၃၀၀ ကျော် အကူအညီလိုအပ်နေ

မေ၊ ၂   စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေရဲ့ ဖိအားပေးမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာငါးရွာက ဒေသခံ ၃၀၀ ကျော်ဟာ ၇ လနီးပါးကြာမြင့်လာပြီးဖြစ်တဲ့အတွက် အစားအစာဆေးဝါးနဲ့ သောက်သုံးရေ အခက်အခဲတွေ ဖြစ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ အဖွဲ့တွေထံမှ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရာတော်မှာမနက်ဖမ်းဆီးခံရတဲ့ဒေသခံ၁၄ဦး နေ့လည်မှာပြန်လွှတ်ပေး

မေ၊ ၂ စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ် အနောက်ဖမ်းခြမ်းက ခမြင့်တောကျေးရွာကိုဒီကနေ့မနက်ပိုင်းမှာပဲစစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး ရွာထဲကယာတဲတွေမှာနေထိုင်တဲ့ လူလတ်ပိုင်းအရွယ်အမျိုးသား ၁၄ ဦးကိုဖမ်းဆီးသွားခဲ့ပေမယ့်ပြန်လွှတ်ပေးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ အဲ့ဒီ့စစ်ကောင်စီတပ်တွေဟာခမြင့်တောရွာကိုသေနတ်များပစ်ဖောက်ဝင်ရောက်ပြီးပြန်လည်ထွက်ခွါချိန်မှာဒေသခံအရပ်သားတွေကိုလူသားတံတိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ အရာတော်မြို့နယ်ထဲကသူတို့အထိုင်ချထားတဲ့ စက်မှု့လယ်ယာဂိတ်ထဲကိုဖမ်းဆီးသွားခဲ့တာဖြစ်ပြီးဒီကနေ့နေ့လည်ပိုင်း ၂ နာရီဝန်းကျင်လောက်မှာပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရပါတယ်။ “ခမြင့်ရွာကနေ အမျိုးသား ၁၄ ဦးကို စစ်ကောင်စီတပ်သားတွေက လူသားဒိုင်းခေါ်ဆောင်ပြီး [ဆက်လက်ဖတ်ရှုရန်]