ဒေသအလိုက် သတင်းကဏ္ဍ

သုံးဆယ်ပေရွာတိုက်ပွဲမှာ စစ်အုပ်စု ၈ ဦးသေဆုံးပြီး (Speed Boat )ရေယာဉ်တစီးနစ်မြုပ်

မေ ၊ ၁၀ မန္တလေးမြို့ရဲ့မြောက်ဖက် မတ္တရာမြို့ရဲ့တောင်ဖက် ဧရာဝတီမြစ်ရဲ့ အရှေ့ဖက် ကမ်းနားမှာရှိတဲ့ သုံးဆယ်ပေရွာ အနီးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင် စစ်အုပ်စုဖက်မှာ ၈ ဦးသေဆုံးပြီး  (Speed Boat )ရေယာဉ်တစီးနစ်မြုပ်သွားတယ်လို့ ပြင်ဦးလွင် ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( ပကဖ )၊ကောင်ကင်တော်လှန်ရေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရပ်သားတဦးကို မီးမြှိုက်စစ်ဆေးမှုလုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို စစ်ဆေးနေတယ်လို့ SSPPပြော

မေ၊ ၁၀ ရှမ်းပြည်နယ်က တစ်နေရာမှာ SSPP/SSA တပ်ဖွဲ့ဝင်တချို့က အရပ်သားတဦးကို မီးမြှိုက်ပြီး အမှုစစ်ဆေး ခဲ့မှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ပြောပါတယ်။ SSPP တပ်ဖွဲ့ဝင်သုံးဦးက သစ်ပင်ပေါ်မှာ ဖမ်းဆီးတုပ်နှောင်ထားတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး ဆွေးနွေးဖို့ မဖြစ်နိုင်သေးဘူးလို့ ကုလသမဂ္ဂအကြီးအကဲ သုံးသပ်

မေ၊ ၁၀ ယူကရိန်း စစ်ပွဲအတွက် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ဆိုတာ လောလောဆယ် ဘယ်လိုမှ မဖြစ်နိုင်သေးဘူးလို့ ကုလသမဂ္ဂ အကြီးအကဲက မှတ်ချက်ပေး ပြောကြားသွားပါတယ်။ ရုရှားရော၊ ယူကရိန်းပါ သူတို့ဖက်မှာ နိုင်ခြေ ရှိနေတယ်လို့ အသီးသီး ယူဆထားကြဆဲ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီတပ်အနားမနေကြဖို့ ချင်းလက်နက်ကိုင်အဖွဲ့သတိပေးအပြီး ဒေသခံတွေရွေ့ပြောင်းကြ

မေ၊ ၁၀   စစ်ကောင်စီတပ်ဖွဲ့နား မနေကြဖို့ ချင်းလက်နက်တပ်ဖွဲ့ဖြစ်တဲ့ CDF CDM SIYIN အဖွဲ့က သတိပေးပြီးနောက် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ဒေသခံတွေဟာ ဒီကနေ့မေလ ၁၀ ရက်မနက်မှာ မြို့ထဲတဟန်းရပ်ကွက်နဲ့ နီးစပ်ရာအခြားနေရာတွေကို ပြောင်းရွှေကြတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ အာဆီယံခေါင်းဆောင်တွေ တောင်းဆို

မေ၊ ၁၀ မြန်မာနိုင်ငံမှာ ရက်စက် ကြမ်းကြုတ်တဲ့ ဖြစ်စဉ်တွေ အမြန်ဆုံး ရပ်တန့်ရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ထိထိရောက်ရောက် ပေးပို့နိုင်ရေး ဝိုင်းဝန်း ကူညီကြဖို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

စစ်မြေပြင်က ဆုတ်ခွာရင် သစ္စာဖောက်အဖြစ် သတ်မှတ်ခံရနိုင်တယ်လို့ ရုရှားကြေးစားတပ်ဖွဲ့ အကြီးအကဲ ညည်းညူ

မေ၊ ၁၀ တကယ်လို့ ဘက်ခ်မတ် စစ်မြေပြင်ကနေ သူ့တပ်တွေ ဆုတ်ခွာခဲ့မယ်ဆိုရင် သစ္စာဖောက် အနေနဲ့ သတ်မှတ်ပြီး အပြစ်ပေး ခံရမယ်လို့ ခြိမ်းခြောက် ခံထားရကြောင်း ရုရှား ကြေးစားတပ် Wangerရဲ့ အကြီးအကဲက ဖွင့်ဟခဲ့ပါတယ်။ ယူကရိန်း [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်ဖို့ အပြည့်အဝ ယုံကြည်ဆဲလို့ ရီးရဲလ်မက်ဒရစ် မန်နေဂျာပြော

မေ၊ ၁၀ ခက်ခဲပေမယ့် ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်ရေး ယုံကြည်ချက် အပြည့်အဝ ဆက်ရှိနေဆဲလို့ ရီးရဲလ်မက်ဒရစ် မန်နေဂျာ ကာလို အန်ဆလော့တီက ပြောပါတယ်။ အကြိုဗိုလ်လုပွဲစဉ် ပထမအကျော့အဖြစ် ရီးရဲလ်ရဲ့ အိမ်ကွင်းမှာ ကစားခဲ့ပေမယ့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုန်တိုင်းသတိပေးချက်တွေကြောင့် ဧရာဝတီတိုင်းကမ်းရိုးတန်းဒေသတွေက ဒေသခံတွေ ကြိုတင်တိမ်းရှောင်နေ

မေ၊ ၉   ဧရာဝတီတိုင်းက ပင်လယ်ကမ်းခြေနဲ့ နီးစပ်တဲ့မြို့နယ်အချို့က ဒေသခံသောင်းချီဟာ မုန်တိုင်းအန္တရာယ်ကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ နီးစပ်ရာမြို့ပေါ်ရပ်ကွက်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ စတင်ခိုလှုံနေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။   လက်ရှိဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်းရပ်ဝန်းတခု စတင်စုဖွဲ့နေပြီး လာမယ့် ရက်ပိုင်းအတွင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သမီးတဦးအပါအဝင် PDF သုံးဦးကျတယ်လို့ထုတ်ပြန်

မေ၊ ၉   မွန်ပြည်နယ်၊ ရေးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ပြီးခဲ့တဲ့ မေလ ၇ ရက်က တိုက်ခိုက်ခဲ့တာကြောင့် ကျားဖြူတပ်ခွဲက စစ်သမီးတဦးအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး ကျဆုံးပြီး လေးဦးဒဏ်ရာရတယ်လို့ ကျားဖြူတပ်ခွဲတပ်ရင်း ၁ က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဗီဇာမဲ့ မြန်မာမိဘတွေကမွေးဖွားတဲ့ ကလေးတွေကို စစ်ကောင်စီရဲ့တောင်ကိုရီးယားနိုင်ငံဆိုင်ရာသံရုံးက နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆန်နေ

မေ၊ ၉   တောင်ကိုရီးယားနိုင်ငံရောက် ဗီဇာမဲ့မြန်မာမိဘတွေက မွေးဖွားတဲ့သားသမီးတွေကို စစ်ကောင်စီသံရုံးက နိုင်ငံသားအဖြစ် အသိမှတ်မပြုဘဲ ငြင်းဆန်နေတာကြောင့် အခက်တွေ့နေကြရပြီး အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ကိုရီးယားအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက DNA [ဆက်လက်ဖတ်ရှုရန်]