ဒေသအလိုက် သတင်းကဏ္ဍ

ရေးမြို့ ဝင်းသုခရွှေဈေးက ရွှေဆိုင်တဆိုင် ကျပ်သိန်းရှစ်ရာဝန်းကျင် တန်ဖိုးရှိ ရွှေထည်တွေ သေနတ်ပြလုယက်ခံရ

ဇွန်၊ ၁၃  မွန်ပြည်နယ်၊ ရေးမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းက ရွှေဆိုင်ဓားပြတိုက်ခံရလို့ ငွေကျပ်သိန်းရှစ်ရာဝန်းကျင် တန်းဖိုးရှိတဲ့ ရွှေထည် ပစ္စည်းမျိုးစုံ ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ “(လုယက်သူတွေက)ကားနဲ့ ဆိုင်ရှေ့ကို ရောက်လာပြီး သေနတ်ပစ်တာတွေ မရှိဘူး၊ဒီအတိုင်းပဲ ယူသွားတာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လဲချားက SSPP/SSAတပ်စခန်းတွေ ဆုတ်ခွာမပေးလို့ စစ်ကောင်စီက အင်အား ဖြည့်တင်းလာပြီး စစ်ရေးတင်းမာနေတယ်လို့ SSPP ပြော

ဇွန်၊ ၁၃ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSAရဲ့ယာယီစစ်စခန်း (၁၀)ခုကို ဆုတ်ခွာပေးဖို့ စစ်ကောင်စီက နှစ်ကြိမ်တိုင်တိုင် သတိပေးပြီးနောက်နှစ်ဖက်စစ်အင်အားတွေဖြည့် တင်း ကာ လက်ရှိမှာ စစ်ရေးတင်းမာနေတယ်လို့ SSPP/SSA က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

NUG အစိုးရက မစ္စတာ ရှောင်တာနယ်ကို ကြားကာလဗဟိုဘဏ် အထူးအကြံပေးအဖြစ်ခန့်အပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG က သြစတေးလျနိုင်ငံသားစီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်ကို ကြားကာလဗဟိုဘဏ်ရဲ့ အထူးအကြံပေးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ဇွန်လ ၁၃ ရက် ဒီကနေ့မှာထုတ်ပြန်လိုက်ပါတယ်။ အဲဒီလိုခန့်အပ်တာကို ကြားကာလဗဟိုဘဏ်ဥက္ကဌ ဦးတင်ထွန်းနိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်(၁၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လယ်ဝေးရဲစခန်းဗုံးပစ်ပြေးသူ နှစ်ဦးကို ဖမ်းဆီးရမိဟု စစ်ကောင်စီထုတ်ပြန်

ဇွန်၊ ၁၃ အာဏာသိမ်း စစ်ကောင်စီရုံးစိုက်ထားတဲ့ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့၊ မြို့မရဲစခန်း ကိုလက်ပစ်ဗုံးနဲ့ပစ်ခတ်သွားတဲ့ သူနှစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေကဖော်ပြနေပါတယ်။ “ စကစရဲ့ တယ်လီဂရန်တွေမှာ တင်ထားတာတော့တွေ့တယ်ဗျ။ ဒါပေမယ့် အဲဒါ့ဘယ်အဖွဲ့ကလုပ်တာလဲ ဆိုတာမသိသေးဘူး။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမြို့နယ်က စစ်ရှောင်အမျိုးသမီးတဦး မြွေကိုက်ခံရ

ဇွန်၊ ၁၃   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ် အတွင်းက စစ်ရှောင်အမျိုးသမီးတဦး ဇွန်လ ၁၁ ရက် မနက်က မြွေကိုက်ခံခဲ့ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မော်လမြိုင်ဘူတာအနီးက ဖယ်ရှားခံရတဲ့ ဆိုင်ခန်းငှါးရမ်းသူတွေ အခက်ကြုံ

ဇွန်၊ ၁၃   မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဘူတာကြီး အနီးက မြန်မာ့မီးရထား ပိုင်မြေပေါ်မှာ ဆောက်လုပ်ငှားရမ်းထားတဲ့ ဈေးဆိုင်ခန်းတွေ ဖယ်ရှားရှင်းလင်းခံရပြီးတဲ့နောက် နေထိုင်လုပ်ကိုင်စားသောက်ဖို့ အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။   “ ခက်တာပေါ့၊ ဒီအချိန်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သံလွင်မြစ်အရှေ့ခြမ်းက စစ်ကောင်စီစခန်းနှစ်ခုကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့

ဇွန်၊ ၁၃   ထိုင်း-မြန်မာနယ်စပ်၊ ကရင်နီ (ကယား)ပြည်နယ်၊ သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီရဲ့ တောင်လှစစ်စခန်းနဲ့ မယ်စဲ့ရဲစခန်းတို့ကို ကရင်နီပူးပေါင်းတပ်တွေက ဒီကနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီ စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတဦးက ပြောကြားပါတယ်။   “ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးက ရွှေဆိုင်တွေကို စစ်ကောင်စီ စစ်ဆေး၊ ငွေကြေးခဝါချမှုနဲ့ စျေးကစားမှု လုပ်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်

ဇွန်၊ ၁၃   မန္တလေးမြို့ရှိ ရွှေဆိုင်နဲ့ ရွှေသန့်စင်လုပ်ငန်းတွေကို စစ်အုပ်စုလက်အောက်ခံ ရွှေနဲ့ငွေကြေးစျေးကွက် စောင့်ကြည့်ကြပ်မတ်ရေးလုပ်ငန်း ကော်မတီက ဦးဆောင်ကာ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ငွေကြေးခဝါချမှုနဲ့ ရွှေစျေးကစားရင် အရေးယူတာတွေ လုပ်ဆောင်မယ်ဆိုတာ ပြောဆိုသွားတယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်သူတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သာဓုကန်စက်မှုဇုန်မှာ လုပ်ခတိုးတောင်းတဲ့ အထည်ချုပ်အလုပ်သမား ခုနစ်ဦး အလုပ်ထုတ်ခံရ၊ မကျေနပ်လို့ ဆန္ဒပြသူတွေကို စစ်တပ်ကခြိမ်းခြောက်

ဇွန်၊ ၁၃   ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်ရှိ ဟိုစိမ့် အထည်ချုပ်စက်ရုံမှာ လုပ်အားခ တိုးမြှင့်တောင်းရာမှာ ဦးဆောင်တဲ့ အလုပ်သမား ခုနစ်ဦးကို အလုပ်ကထုတ်လိုက်သလို ဒီအပေါ် မကျေနပ်လို့ ဆန္ဒပြတဲ့ အလုပ်သမားတွေကိုလည်း စစ်တပ်က ဖိအားပေးခြိမ်းခြောက်မှုတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တာမွေ လျှပ်စစ်မီတာရုံးကို တော်လှန်ရေးအဖွဲ့တွေ ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့

ဇွန်၊ ၁၃   ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေကြီး (ခ)ရပ်ကွက်မှာရှိတဲ့ မြို့နယ် လျှပ်စစ်ရုံးကို ဇွန်လ ၁၃ ရက် ဒီကနေ့မနက်ပိုင်း ၁၂ နာရီ၊ ၁၅ မိနစ်လောက်မှာပဲ ပြင်းအားမြင့် ဗုံးနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]