ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူနဲ့မပူးပေါင်းတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ ပိုင်ဆိုင်မှုအသိမ်းခံရမယ်လို့ မြိုင်ပကဖ သတိပေး

ဇူလိုင်၊ ၁ မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲရှိ စစ်အုပ်စုလက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ ပြည်သူနဲ့ မပူးပေါင်းရင်ပိုင်ဆိုင်မှုတွေဖြစ်တဲ့ နေအိမ်၊ တိုက်တာတွေကို သိမ်းခံရမယ်လို့ မြိုင်ပြည်သူကာကွယ်ရေးအဖွဲ့ကထုတ်ပြန်သတိပေးလိုက်ပါ တယ်။  မြိုင်မြို့နယ်အတွင်းက ဝန်ထမ်းတွေအနေနဲ့ ဇူလိုင် ၁၅ ရက် နောက်ဆုံးထားပြီး ပြည်သူနဲ့ပူးပေါင်းကြဖို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲဖြစ်ခဲ့တဲ့ရေးမြို့နယ် နှစ်ကရင်ကျေးရွာကဒေသခံထောင်ချီ တပတ်ဝန်းကျင်ကြာတဲ့အထိ နေရပ်မပြန် နိုင်သေး

ဇူလိုင်၊ ၁ စစ်ကောင်စီနဲ့ KNLA၊PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ကြတဲ့ မွန်ပြည်နယ် ၊ရေးမြို့နယ်၊နှစ်ကရင်ရွာထဲမှာ စစ် ကောင်စီတပ်က တပ်စွဲထားလို့ စစ်ရှောင်ဒေသခံတွေဟာ တိုက်ပွဲအပြီး တပတ်လောက်ကြာတဲ့အထိ အိမ်မပြန် နိုင် ကြသေးဘူးလို့သိရပါတယ်။ “တိုက်ပွဲဖြစ်ပြီးတဲ့နေ့ကတည်းကပဲလူတွေ အများကြီး ထွက်ပြေးသွားကြတာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီရဲ့ အွန်လိုင်းထီပထမဆုံးအကြိမ်မှာ ဆုသေးတွေသာထွက်လို့ အားပေးသူတွေမကျေနပ်ကြ

ဇူလိုင်၊ ၁ ဒီကနေ့ဖွင့်လှစ်တဲ့စစ်ကောင်စီရဲ့အောင်ဘာလေထီဖွင့်ပွဲမှာ အွန်လိုင်းထီကနေ ဆုအသေးတွေဘဲ ထွက်ရှိခဲ့ တာ ကြောင့် အဲဒီထီစနစ်ကိုအားပေးနေသူတွေအကြားဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။ “ထီဖွင့်တဲ့ပုံကရိုးမှရိုးရဲ့လားမပြောတတ်ဘူး၊အက္ခရာခြောက်လုံးစီထုတ်ရောင်းတာချင်းအတူတူ ပုံနှိပ်ထီက ချည်းပဲ ဆုကြီးတွေရော၊ဆုသေးတွေရောအဆမတန် ထွက်သွားတာ၊ဒီပုံစံနဲ့ဆိုအွန်လိုင်းထီထိုးမယ့်သူတောင်ရှိမှာ မဟုတ်တော့ဘူး”လို့ စစ်ကောင်စီထီကို အားပေးနေသူတဦးကပြောပါတယ်။ ဇွန်လကမှပထမဆုံးစတင်တဲ့အွန်လိုင်းထီကို ပုံနှိပ်ထီနဲ့အတူဒီနေ့မှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီထီဖွင့်လှစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖောင်းပြင်မြို့နယ်က နှစ်ရက်ဆက်တိုက်ပွဲမှာ စစ်အုပ်စုက ဒုအရာခံဗိုလ်အပါအဝင် သုံးဦးသေတယ်လို့ PDFပြော

ဇူလိုင်၊ ၁ စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်အတွင်းက ကော်ကမ်းကျေးရွာမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်အုပ်စုတို့နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်အုပ်စုဘက်က ဒုအရာခံဗိုလ်အပါအဝင် သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ လည်းများတယ်လို့  ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ် ( HPDF ) ကရဲဘော်တဦးက DNA ကို အတည်ပြု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်နေပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ဖို့အဆင်သင့်ရှိနေကြောင်း ကလလတ စတင်အသိပေး

ဇူလိုင်၊ ၁ ကရင်နီ(ကယား)ပြည်နယ် အခြေစိုက် နယ်ခြားစောင့်တပ် BGF အဖြစ်ကနေ ပြောင်းလဲရပ်တည်ပြီး စစ်ကောင် စီကို ပြန်လည်တိုက်ခိုက်နေပြီလို့ ကလလတ လို့လူသိများတဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံတပ်ဦး (KNPLF)က ဒီကနေ့မှာ ထုတ်ဖော်အသိပေးလိုက်ပါတယ်။ ကလလတ တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အိန္ဒိယမှာ ဘတ်စ်ကားမီးလောင်ပြီး လူနှစ်ဒါဇင်ကျော် သေဆုံး

ဇူလိုင်၊ ၁ အိန္ဒိယနိုင်ငံမှာ ဘတ်စ်ကားတစီး မီးလောင်မှုကြောင့် လူနှစ်ဒါဇင်ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။  နိုင်ငံ အနောက်ပိုင်းမှာ ဇူလိုင် ၁ ရက် မနက် အစောပိုင်းက ဘီးပေါက်ရာက အရှိန်မထိန်းနိုင်တဲ့ ဘတ်စ်ကားဟာ လမ်းလယ်ကျွန်းကို ဝင်တိုက်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပုန်ကန်သူ Wagner အကြီးအကဲကို လုပ်ကြံဖို့ ပူတင် အမိန့်ပေးထားပြီးပြီလို့ ယူကရိန်း ထောက်လှမ်းရေးဆို

ဇူလိုင်၊ ၁ လက်နက်ကိုင် ပုန်ကန်မှု တခုကို ဦးဆောင် အားထုတ်ခဲ့တဲ့ ရုရှား ကြေးစားတပ် ခေါင်းဆောင်ကို လုပ်ကြံဖို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အမိန့်ပေးထားပြီးဖြစ်ကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေးက ပြောကြားခဲ့ပါတယ်။  ပူတင်ဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရိုဟင်ဂျာအရေးလှုပ်ရှားသူနဲ့ လူ့အခွင့်အရေးအကြံပေး ဦးအောင်ကျော်မိုး NUG ဒုဝန်ကြီးဖြစ်လာ

ဇူလိုင်၊ ၁ ရိုဟင်ဂျာအရေးလှုပ်ရှားသူတဦးဖြစ်သလို လက်ရှိ NUG အစိုးရအဖွဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးတဦး လည်း ဖြစ်တဲ့ ဦးအောင်ကျော်မိုးကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒီကနေ့ ခန့်အပ်လိုက်ပါတယ်။  ဦးအောင်ကျော်မိုးကို ဒုတိယဝန်ကြီးခန့်အပ်လိုက်တာနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ် စားပြုကော် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရာထူးသက်တမ်း ဆယ်ရက်အကြာမှာ နုတ်ထွက်ခဲ့ရတဲ့ ဖင်လန် စီးပွားရေးဝန်ကြီး

ဇူလိုင်၊ ၁ ဖင်လန် အစိုးရရဲ့ စီးပွားရေး ဝန်ကြီးအသစ်ဟာ နာဇီဝါဒကို ထောက်ခံတဲ့ သဘောမျိုးတွေ ပြသခဲ့ဖူးတဲ့ အတိတ်ကြောင့် ရာထူးသက်တမ်း ၁၀ ရက် အကြာမှာ နုတ်ထွက်သွားခဲ့ရပါတယ်။  အမျိုးသားရေး ဝါဒစွဲ ဖင်းစ်ပါတီရဲ့ ရွေးကောက်ခံ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ရေးအရှိန်မြှင့်မယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်၊ လမ်းပိုင်းတချို့သွားလာမှုကိုသတိပေး

ဇူလိုင်၊ ၁ စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်မှုတွေနဲ့ စစ်ရေးအရှိန်မြှင့်တာတွေလုပ်ဆောင်တော့မှာဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက ဒီကနေ့ ဇူလိုင် ၁ ရက်မှာထုတ်ပြန်လာပြီး လမ်းပိုင်းတချို့သွားလာခွင့်နဲ့ပတ်သက်ပြီးလည်းသတိပေးချက်တွေကို ထုတ်ပြန်လာပါတယ်။ ပဲခူးတိုင်းအတွင်းမှာရှိတဲ့  ရန်ကုန် – မန္တလေးလမ်းဟောင်း၊ ရန်ကုန်- မန္တလေး အမြန်လမ်းမ၊ ပဲခူး [ဆက်လက်ဖတ်ရှုရန်]