နိုင်ငံရေး

သံချပ်ကာကားနှစ်စီးဖျက်စီးနိုင်တဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေကို NUGက သိန်းလေးထောင်ချီးမြှင့်

ဇူလိုင်၊ ၄ ချင်းပြည်နယ်ကို အင်အားဖြည့်ဖို့ ချီတက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကားနှစ်စီးကို ဖျက်စီးနိုင်ခဲ့တဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကျပ်သိန်းလေးထောင်ချီးမြှင့်ခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။ အမျိုးသားညွတ်ညွတ်ရေးအစိုးရNUG ရဲ့ ၂၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မအူပင်မှာ စစ်ကောင်စီတပ် အရာရှိနှစ်ဦး အချင်းချင်းပစ်ခတ်မှုဖြစ်လို့ နှစ်ဦးလုံးသေဆုံး

ဇူလိုင်၊ ၄ ဧရာဝတီတိုင်း မအူပင်မြို့အဝင် တံတားဂိတ်မှာ ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ် အရာရှိနှစ်ဦး စကားများ ရန်ဖြစ်ရာက အချင်း ချင်းပစ်ခတ်မှုဖြစ်လို့ နှစ်ဦးလုံး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ” မြို့ဝင်ကြေးတွေ စစ်ဆေးရင်း စကားထများကြတာကနေဗိုလ်လေး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်ပံတန်းမှာ ရဲနဲ့ပျူစောထီးတွေ တိုက်ခိုက်ခံရပြီးနောက် ဒေသခံရှစ်ဦးထက်မနည်းဖမ်းဆီးခံထားရ

ဇူလိုင်၊ ၄ ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့၊ဇီးဖြူကုန်းတိုက်နယ်ရဲစခန်းက ရဲတချို့နဲ့ပျူစောထီးတွေ တိုက်ခိုက်ခံ ရ လို့ သေဆုံးမှုတွေရှိပြီးနောက် စစ်ကောင်စီက ဒေသခံတွေက ဖမ်းဆီးမှုတွေလုပ်နေပြီးလက်ရှိအထိ ရှစ်ဦးထက် မ နည်း ဖမ်းဆီးခံထားရတယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း တာဝန်ရှိသူတဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန့်ဘလူမှာ တလအတွင်း နေအိမ်အဆောက်အအုံ ကိုးဆယ်နီးပါးမီးရှို့ဖျက်ဆီးခံရ

ဇူလိုင်၊ ၄ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဇွန်လအတွင်းက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးမီးရှို့ခဲ့မှုကြောင့် ကျေးရွာခြောက်ရွာက အိမ်ခြေ ၆၁ လုံးအပါအဝင် အဆောက်အအုံပေါင်း ကိုးဆယ်နီးပါး မီးလောင်ပြာကျပြီး အရပ်သားတဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ စုံစမ်းသိရပါတယ်။ “ပြီးခဲ့တဲ့ ဇွန်တလထဲမှာပေါ့နော် ။ကန့်ဘလူမြို့နယ်ထဲမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမှာ စစ်ရှောင်အမျိုးသမီးတဦး မြွေဆိုးကိုက်ခံရပြီး သေဆုံး

ဇူလိုင်၊ ၄ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ၊ကွမ်းတိုင်းရွာက ဒေသခံအမျိုးသမီးတဦးဟာ ဇူလိုင် ၁ ရက်က စစ်ဘေးတိမ်းရှောင်ရင်း မြွေဆိုးကိုက်ခံရပြီးသေဆုံးခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးမှ ကိုနေသူရက DNA ကိုပြောပါတယ်။ “ခင်ဦးနယ်ဘက်မှာ စစ်ဘေးတိမ်းရှောင်နေရင်း မြွေဆိုးကိုက်ခံရလို့သေဆုံးတာက ဒီဖြစ်စဉ်က ပထမဆုံးဖြစ်တာလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြင်းခြံထောင်ရှိ နိုင်ကျဉ်းတဦး ရိုက်နှိက်ခံရပြီး သေဆုံး၊ အလောင်းသယ်ခွင့်မပေးဘဲ မီးရှို့

ဇူလိုင်၊ ၄   မန္တလေးတိုင်း၊ မြင်းခြံထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတစ်ယောက် ရိုက်နှိက်ခံရလို့ သေဆုံးသွားခဲ့ပြီး စစ်အုပ်စုက အလောင်းကို မိသားစုကို ပြန်သယ်ခွင့်မပေးဘဲ မီးရှို့လိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN) ဗဟိုကော်မတီဝင် ကိုသိုက်ထွန်းဦးက DNA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုသိမ်မှာ ရပ်ကွက်အတွင်း ရန်ဖြစ်သူတဦးကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးပြီးနောက် သေဆုံး

ဇူလိုင်၊ ၄   ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အမှတ် ၈ ရပ်ကွက်ထဲမှာ နေထိုင်တဲ့ ကိုနေမျိုးထက် ကိုရပ်ကွက်အတွင်း ရန်ဖြစ်တယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ဇူလိုင် ၂ ရက်နေ့မှာ ဖမ်းဆီးသွားပြီးနောက် ရိုက်နှက်ခံရပြီး သေဆုံးခဲ့တယ်လို့ မိသားစုနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်မှာ ရက်ပိုင်းအတွင်း လူငယ်နှစ်ဆယ်ဦးလောက် ဖမ်းဆီးခံရ

ဇူလိုင်၊ ၄   ရန်ကုန်မြို့က မြို့နယ်တချို့မှာ စစ်ကောင်စီက လေးရက်အတွင်း လူငယ်နှစ်ဆယ်ဦးလောက်အထိ ဖမ်းဆီး သွား တယ်လို့ ဖမ်းဆီးမှုဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ နေထိုင်သူတွေဆီကသိရပါတယ်။ ရန်ကုန်မြို့ ကမာရွတ်၊ ကြည့်မြင်တိုင်နဲ့ ရွှေပြည်သာမြို့နယ် တွေမှာ ဒီကနေ့အပါအဝင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ဆေးရေးဂိတ်ဝင်တိုက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိ

ဇူလိုင်၊ ၄   မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီး စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တခုကို ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ခိုက်ရာမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြိတ်မြို့မှာ ချိန်းတွေ့နေတဲ့စုံတွဲ ဓားထိုးလုယက်ခံရလို့ လူငယ်အမျိုးသားသေဆုံး

ဇူလိုင်၊ ၄   တနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်ရှိ ကန်တော်မင်္ဂလာ ကန်ဘောင်မှာ မနေ့ကညပိုင်းက သမီးရည်းစား စုံတွဲ ချိန်းတွေ့နေစဉ် လုယက်မှုဖြစ်ပြီး ဓားထိုးခံရတာကြောင့် လူငယ်အမျိုးသားတဦး သေဆုံးသွားတယ်လို့ မြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]