အားကစားကဏ္ဍ

အင်တာမိုင်ယာမီရဲ့ အနာဂတ် ပရောဂျက်တွေအတွက် အစွမ်းကုန် ကူညီမယ်လို့ မက်ဆီပြော

ဇူလိုင်၊ ၁၇ အင်တာမိုင်ယာမီ အသင်းရဲ့ ရည်မှန်းချက် ကြီးမားတဲ့ ပရောဂျက်တွေအတွက် အစွမ်းကုန် အကူအညီ ပေးသွားချင်ကြောင်း ကစားသမားသစ် လီယွန်နယ် မက်ဆီက ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ကို ၇ ကြိမ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးနယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ အရပ်သားတဦးသေဆုံးပြီး တဦးဒဏ်ရာရ

ဇူလိုင်၊ ၁၆   စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက ဇူလိုင်လ ၁၆ ရက် ဒီကနေ့ နေ့လယ်က စစ်ဘေးရှောင်တွေရှိနေတဲ့ စာသင်ကျောင်းထဲကို လက်နက်ကြီးနဲ့ ပတ်ခတ်ခဲ့တာကြောင့် အသက်ငါးဆယ်အရွယ် အမျိုးသားတဦး သေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရွှေဘိုစျေးမှာ ဗုံးနှစ်လုံးပေါက်ကွဲလို့ သံဃာတော်တပါးအပါအဝင် ရှစ်ဦးဒဏ်ရာရ

ဇူလိုင်၊ ၁၆   စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မဈေးမှာ ဒီကနေ့ ဇူလိုင်လ ၁၆ ရက် မနက်ပိုင်းမှာ ဗုံးနှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် သံဃာတော်တပါး အပါအဝင် အရပ်သား ရှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဆောနယ်၊ ရင်ကဲရွာက ဒေသခံတထောင်ကျော် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ

ဇူလိုင်၊ ၁၆   မကွေးတိုင်း၊ ဆောမြို့နယ် ရင်ကဲကျေးရွာ အနီးမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်အုပ်စုတို့ တိုက်ပွဲတွေဖြစ်ပွါးနေလို့ စစ်ဘေးရှောင်နေရတဲ့ အဲဒီရွာခံ တထောင်ကျော်လောက်ဟာ အရေးပေါ်စားနပ်ရိက္ခတွေ လိုအပ်နေတယ်လို့ ယောအလင်းတန်းက တာဝန်ရှိတဦးက ဆိုပါတယ်။   “ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်အာဏာသိမ်းလို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး လမ်းစပျောက်ခဲ့ရတယ်လို့ ကေအဲန်ယူဆို

ဇူလိုင်၊ ၁၆   စစ်တပ်က နိုင်ငံတော်အာဏာကို အတင်းအဓမ္မ သိမ်းယူလိုက်တာကြောင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးနည်းလမ်းက လမ်းစပျောက်ခဲ့ရတယ်လို့ ကေဲအန်ယူ ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်ပါတယ်။   ဒီကနေ့မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထားဝယ်အကျဉ်းထောင်မှာ ထောင်ဝန်ထမ်းတွေဆီမူးယစ်ဆေးဝါးတွေ့တယ်ဆိုပြီး လုံခြုံရေးတင်းကျပ်ထား

ဇူလိုင် ၊ ၁၆  တနင်္သာရီတိုင်း၊ထားဝယ်မြို့ က အကျဉ်းထောင်အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေရှိတဲ့သတင်းကြောင့် စစ်ဆေးရာမှာ အကျဉ်းထောင်ဝန်ထမ်းတွေဆီက မူးယစ်ဆေးလက်ဝယ်တွေ့ခဲ့လို့ထောင်တွင်းလုံခြုံရေးနဲ့ထောင်ဝင်စာပို့ဆောင်တာတွေ တင်းကျပ်ထားတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။ ထောင်တွင်းမူးယစ်ဆေးဝါးဖောက်ကားတယ်ဆိုတဲ့သတင်းတွေအရတနင်္သာရီတိုင်း။ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းဦးဆောင်ပြီး ဇူလိုင် ၁၁ ရက်နေ့ ထောင်တွင်းဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တာလို့လည်းသိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလို့ဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေး တိမ်းရှောင်

ဇူလိုင် ၊ ၁၆ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို ဇူလိုင် ၁၆ ရက်ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံ ရှစ်ထောင် ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှေ့ပေါက်ကွဲမှုဖြစ်ပြီးနောက် မြို့ခံ ခုနစ်ဦးဖမ်းဆီးခံထားရ

ဇူလိုင် ၊ ၁၅ ပဲခူးတိုင်း၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီက ဖမ်းဆီးသွားတဲ့မြို့ခံခုနစ်ဦးဟာပေါက်ကွဲမှုနဲ့မသက်ဆိုင်သူတွေဖြစ်တယ်လို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာ ကွယ်‌ ရေးတပ်ဖွဲ့ကပြောပါတယ်။ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ  ဇူလိုင် ၁၃ရက်ညက ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် အဲ့ဒီတညတည်းမှာပဲ စစ်ကောင်စီက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ဖမ်းသွားတဲ့ မုံရွာကတော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးပစ်သတ်ခံရ

ဇူလိုင် ၊ ၁၅ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ချောင်းဦးမြို့နယ်အစပ် မုံရွေးကျေးရွာအနီးမှာ ဒီကနေ့မနက်ပိုင်းက ဆိုင်ကယ်စီး လာတဲ့ ကာကွယ်ရေး တပ် ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေကပြောပါတယ်။ “ဖမ်းဆီးသွားပြီးတော့ သူတို့နှစ်ယောက်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတ္တရာမြို့နယ်က လေကြောင်းရန်ကာကွယ်ရေးတပ်ကို မန္တလေးPDF က ပထမဆုံးအကြိမ်တိုက်ခိုက်

ဇူလိုင် ၊ ၁၅ မန္တလေးတိုင်း၊မတ္တရာမြို့နယ်က လေကြောင်းရန်ကာကွယ်ရေးတပ်ကို မန္တလေး PDF က ဒီကနေ့ မနက်  အစော ပိုင်းမှာပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကူလာတဲ့ လမ်းကြောင်းနှစ်ခုကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ပြောရေးဆိုခွင့်ရှိသူ အောစမွန်(Osmond) က DNAကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]