စီးပွားရေးကဏ္ဍ

နွေဦးဖွံဖြိုးရေးဘဏ် ကနဦးစမ်းသပ်မှု နှစ်ဆယ့်လေးနာရီမပြည့်မီ စာရင်းဖွင့်သူဦးရေတထောင်ပြည့်

ဇူလိုင် ၊ ၂၂ အမျိုးသားညီညွတ်ရေး အစိုးရ NUG က တည်ထောင်တဲ့ နွေဦးဖွံဖြိုးရေးဘဏ်ကို ဒီကနေ့ ကနဦးအကြိုကာလ အနေနဲ့ စ တင်စမ်းသပ်ဖွင့်လှစ်ရာမှာ ပထမဆုံးနေ့ ၂၄နာရီမပြည့်မီမှာပဲ စာရင်းဖွင့်သူပေါင်း တထောင်ပြည့်ခဲ့ တယ်လို့ စီမံကိန်း၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အွန်လိုင်းက ဈေးရောင်းမှုကို စစ်ကောင်စီတင်းကျပ်လာတဲ့အပေါ် အမြင်များ

ဇူလိုင် ၊ ၂၂  မှတ်ပုံတင်လက်မှတ်မလျှောက်ဘဲ အွန်လိုင်းအရောင်း အဝယ်လုပ်သူတွေကို အနည်းဆုံး ခြောက်လကနေ အများ ဆုံး သုံးနှစ်အထိချမှတ်နိုင်မယ့် စည်းကမ်းသတ်မှတ်ချက်တွေစစ်ကောင်စီက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အွန်လိုင်းစနစ်ရောင်းချခြင်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေအအရ အကျုံး ဝင်လုပ်တဲ့လုပ်ငန်းအဖြစ် သတ်မှတ်လိုက်ပြီးနောက်အဲ့ဒီလိုပြစ်ဒဏ်ကျခံရနိုင်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မြို့ခံ လူငယ်တဦး မြစ်ကူးတံတားသစ်ပေါ်က ခုန်ချသေကြောင်းကြံ

ဇူလိုင် ၂၂ ဧရာဝတီတိုင်း၊ပုသိမ်မြို့က အမှတ်(၂) ပုသိမ် မြစ်ကူးတံတားသစ်ပေါ်ကနေ မနေ့က ညပိုင်းက လူငယ်တဦး ခုန်ချသေကြောင်းကြံခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေကြတယ်လို့ ပုသိမ်မြို့ခံတွေကပြောပါတယ်။ “တံတားပေါ်က လူငယ်နှစ်ယောက် ကယ်ကြပါဦး၊ ကူကြပါဦး ရေထဲ ခုန်ချသွားလို့အော်ပြီး ပြေးဆင်းလာတယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရေးယူပိတ်ဆို့မှုတွေလုပ်ထားပေမယ့် မြန်မာ့သတ္တုနဲ့ကျောက်မျက် ပြည်ပတင်ပို့မှုတိုးလာတယ်လို့ သွေးစွန်းငွေ လှုပ်ရှားမှုအဖွဲ့ပြော

ဇူလိုင် ၊ ၂၂ စစ်အာဏသိမ်းပြီးနောက်ပိုင်း မြန်မာကျောက်မျက်ကဏ္ဍကို အင်အားကြီးနိုင်ငံတွေအပါအဝင် အနောက်နိုင်ငံတွေ က ပိတ်ဆို့အရေးယူမှုတွေလုပ်ခဲ့ပေမယ့်  မြန်မာ့သတ္တုနဲ့ကျောက်မျက်ပြည်ပတင်ပို့မှုသိသိသာသာတိုးလာတယ်လို့ သွေးစွန်းငွေဖြတ်တောက်လှုပ်ရှားအဖွဲ့ရဲ့ အစီရင်ခံစာတရပ်မှာဖော်ပြပါတယ်။ “အရေးယူပိတ်ဆို့တာတွေရှိတယ်၊တကယ်လက်တွေ့ အကောင် အထည်ဖော်တဲ့နေရာမှာ အားနည်းချက်ရှိနေ တာတွေ့ရတယ်၊စီးပွားရေး ပိတ်ဆို့တဲ့ နိုင်ငံတွေကို အခုလို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆိပ်ဖြူမြို့နယ်တဝိုက်မှာစစ်ကောင်စီက စစ်ကြောင်းထိုး၊ပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေလို့ ဒေသခံတွေ စားနပ်ရိက္ခာ ခက်ခဲလာ

ဇူလိုင်၊ ၂၂ မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်အနောက်ဖက် ဆော-ဆိပ်ဖြူသွားကားလမ်းမ သပြေရွာအနီးမှာ စစ်အုပ်စုကဒီကနေ့ မနက်ပိုင်းကစလို့ လမ်း ပိတ်ပြီး စစ်ဆေးရေးတွေ လုပ်နေတာကြောင့် အဝေးပြေးကားတွေ၊ကုန်တင်ကားတွေအပါ အဝင် ကားအစီးရေ ငါးဆယ်လောက် ပိတ်မိနေ တယ်လို့ အဲဒီအခြေအနေကို သိရှိနေတဲ့ဒေသခံတဦး ကပြောပါ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူး ပစ်ခတ်ခံရလို့သေဆုံး

ဇူလိုင်၊၂၂ တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊စိုက်ပျိုးရေးဌာန ဒုဦးစီးမှူးဦးသိန်းဦးဟာ မနေ့က ညပိုင်းက ပစ်ခတ်ခံရတာ ကြောင့် သေဆုံးသွားတယ်လို့ သူ့ရဲ့မိသားစုဝင်တွေနဲ့ ဒေသခံတွေက DNA ကိုအတည်ပြုပါတယ်။ လောင်းလုံးမြို့နဲ့ငါးမိုင်လောက်အကွာ ဂေါ့အင်းရွာမှာနေထိုင်တဲ့ အသက် ၅၃နှစ်အရွယ် အဲ့ဒီစိုက်ပျိုးရေး ဌာနဒုဦးစီး မှူးကို မနေ့ညရှစ်နာရီခွဲလောက်က [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

အိန္ဒိယဘဏ်မှာဖွင့်မယ့် မြန်မာငွေစာရင်းတွေထဲရူပီးငွေထည့်သွင်းခွင့်ပြုဖို့စစ်ကောင်စီဗဟိုဘဏ်ဥက္ကဌက အိန္ဒိယ သံအမတ်ကိုတောင်းဆို

ဇူလိုင် ၊၂၂ အိန္ဒိယဘက်မှာဖွင့်လှစ်ထားမယ့် မြန်မာဘဏ်တွေနဲ့ငွေစာရင်းတွေမှာ ဘယ်လိုနည်းလမ်းနဲ့မဆို ရလာတဲ့ အိန္ဒိယ ရူပီးငွေကို ထည့်သွင်းခွင့်ပြုဖို့အတွက် စစ်ကောင်စီဗဟိုဘဏ်ဥက္ကဌက အိန္ဒိယသံအမတ်နဲ့မနေ့ကတွေ့ဆုံရာမှာ တောင်းဆိုခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေနဲ့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးမစ္စတာ ဗီနေးကူးမား တို့ဟာ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပြီး [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

နိုင်ငံခြားငွေလိုနေတဲ့စစ်ကောင်စီက ပြည်ပရောက်မြန်မာလုပ်သားတွေ တရားဝင်ငွေလွှဲစနစ်သုံးကြဖို့ အေဂျင်စီ တွေကိုဖိအားပေး

ဇူလိုင် ၊၂၂ ပြည်ပရောက်မြန်မာလုပ်သားတွေမိသားစုဆီငွေလွှဲပို့တဲ့အခါ တရားဝင်ငွေလွှဲစနစ်အသုံးပြုအောင် စီမံဆောင် ရွက်ဖို့ စစ်ကောင်စီခန့်အလုပ်သမားဝန်ကြီးက ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို ဖိအားပေးတိုက်တွန်းလာ တယ်လို့လုပ်ငန်းရှင်တချို့ကပြောပါတယ်။ စစ်ကောင်စီအလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ ပြည်ပအလုပ်အ ကိုင်အေဂျင်စီလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံခဲ့ပြီး အဲ့ဒီလွှဲပို့ငွေကိစ္စကို အဓိကပြောသွားတယ်လို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ လုပ်ငန်းရှင်တချို့ကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရေတပ်သေနာပတိချုပ်အဖြစ် ပထမဆုံးအကြိမ် အမျိုးသမီး တဦးကို ခန့်အပ်ဖို့ ဘိုင်ဒန် ရွေးချယ်ထား

ဇူလိုင် ၊၂၂ အမေရိကန် ရေတပ်ရဲ့ အကြီးအကဲ ရာထူးအတွက် အမျိုးသမီး တဦးကို ပထမဆုံးအကြိမ် ခန့်အပ်ဖို့ သမ္မတ ဂျိုးဘိုင်ဒန်က ရွေးချယ် အဆိုပြုလိုက်ပါတယ်။  သေနာပတိ လီဆာ ဖရန်ချက်တီကိုသာ ရေတပ်ရဲ့ အကြီးအကဲအဖြစ် အမှန်တကယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တရုတ်နဲ့ ကိုရီးယားကျွန်းဆွယ်ကြား ပင်လယ်ပြင်ဆီ မြောက်ကိုရီးယားက ခရုစ်ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်

တရုတ်ကမ်းခြေနဲ့ ကိုရီးယား ကျွန်းဆွယ်ကြားက ပင်လယ်ဝါ ရေပြင်ဖက်ကို မြောက်ကိုရီးယားက ခရုစ်ဒုံးကျည် တော်တော်များများ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။  ဇူလိုင် ၂၂ ရက် မနက် အစောပိုင်းတုန်းက မြောက်ကိုရီးယား ဒုံးကျည်တွေ ပင်လယ်ဝါဖက် ဦးတည် ပျံသန်းသွားတာကို [ဆက်လက်ဖတ်ရှုရန်]