နိုင်ငံရေး

ခင်ဦးမြို့နယ်မှာစစ်ရှောင်ရင်းအသက်ကိုးဆယ်အရွယ်အဖွားတဦးအအေးမိပြီးကွယ်လွန်

မတ်၊ ၇ စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေတာကြောင့်စစ်ရှောင်ရင်းအသက်၉၀အရွယ်အဖွားအိုတဦးအအေးမိပြီးဒီကနေ မတ်လ ၇ရက်၊ မနက်မှာကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ “သေဆုံးသူကသရက်ကုန်းကျေးရွာက  အသက်၉၁နှစ်ဒေါ်ခင်တုပ် တဲ့။ဒီမနက်ပိုင်းကစစ်‌ရှောင်ရင်းတောထဲမှာအအေးပတ်ပြီးဆုံးတာ”လို့ခင်ဦးသတင်းမှန်ပြန်ကြားရေးက ကိုသာစစ်လင်းက DNAကိုပြောပါတယ် ။ ကွယ်လွန်သူနဲ့ပတ်သက်တဲ့မိသားစုအကြောင်းအရာကိုတော့ မသိရသေးဘူးလို့လည်းပြောပါတယ်။ မနေ့ကစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ဒေသခံပြည်သူတသောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။  “စစ်ရှောင်တွေထဲမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ နှိပ်စက်ခံနေရ

မတ်၊ ၇ မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ အကျဉ်းသားအခွင့်အရေးတောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်း သားတွေ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ နှိက်စက်ခံနေရတယ်လို့ ရှေ့နေတွေနဲ့ ပြန်လည်လွတ်မြောက် လာသူတွေဆီက သိရပါတယ်။  ထောင်တွင်း အကျဉ်းသားအခွင့်အရေးရဖို့ တောင်းဆိုသူတွေကို ထောင်အာဏာပိုင်တွေက ပစ်မှတ်ထားဖိနှိပ် တိုက်ခိုက်မှုတွေလုပ်လေ့ရှိတယ်လို့ ကျိုက်မရောထောင်နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အင်ဒိုနီးရှား ကျွန်းတခုမှာ မြေပြိုမှုတွေကြောင့် လူဒါဇင်နဲ့ချီသေပြီး အများအပြား ပျောက်ဆုံး

မတ်၊ ၇ အင်ဒိုနီးရှားပိုင် ကျွန်းတကျွန်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းရာက မြေပြိုမှု ဖြစ်ပွားပြီး ဒါဇင်နဲ့ချီ သေဆုံးခဲ့သလို နောက်ထပ် အများအပြား ပျောက်ဆုံးနေကြောင်း သိရပါတယ်။  တောင်တရုတ် ပင်လယ်ထဲက ဝေးလံသီခေါင်တဲ့ ဆီရာဆန်ကျွန်းမှာ မတ် ၆ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံတကာရေးရာ

မီးလောင်ခဲ့တဲ့ သမိုင်းဝင် နော့ထရီဒမ် ဘုရားကျောင်ကြီး နှစ်ကုန်ပိုင်းမှာ ပြန်ဖွင့်နိုင်ဖွယ်ရှိ

မတ်၊ ၇ အကြီးအကျယ် မီးလောင်ပျက်စီးမှုတွေ ဖြစ်ခဲ့ရာ သမိုင်းဝင် နော့ထရီဒမ် ဘုရားကျောင်းကြီး ပြန်လည် မွမ်းမံ တည်ဆောက်မှုတွေ ချောမွေ့နေပြီး နှစ်ကုန်ပိုင်းလောက်မှာ ဖွင့်လှစ်နိုင်ဖို့ ပါရီမြို့တော် အာဏာပိုင်တွေက မျှော်လင့်နေပါတယ်။  ပြင်သစ်နိုင်ငံရဲ့ အထင်ကရ ကမ္ဘာ့အံ့ဖွယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘက်ခ်မတ်က ယူကရိန်းတပ်တွေ မဆုတ်ခွာဘဲ နှစ်ဆတိုးပြီး ခုခံနေတယ်လို့ ယူကရိန်း သမ္မတပြော

မတ်၊ ၇ ဘက်ခ်မတ်မြို့ကို ကာကွယ်နေတဲ့ ယူကရိန်း တပ်တွေဟာ ဆုတ်ခွာဖို့ လတ်တလော မစဉ်းစားသေးဘဲ နှစ်ဆတိုးပြီး မဆုတ်မနစ် ခုခံနေကြဆဲလို့ ယူကရိန်း သမ္မတက ပြောပါတယ်။  ယူကရိန်း အရှေ့ပိုင်းက သတ္တုတွင်းမြို့မှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

တူရကီ ငလျင်ဘေးသင့် ပြည်သူတွေကို လေယာဉ်တစီးစာ ထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့မယ့် ရော်နယ်လ်ဒို

မတ်၊ ၇ တူရကီက ငလျင်ဘေးသင့် ပြည်သူတွေအတွက် လိုအပ်မယ့် အသုံးအဆောင်နဲ့ အထောက်အပံ့ ပစ္စည်းတွေကို လေယာဉ်တစီးစာအပြည့် ကူညီ ပို့ဆောင်ပေးဖို့ ခရစ္စတီယာနို ရော်နယ်လ်ဒိုက စီစဉ်နေကြောင်း သိရပါတယ်။  ဆော်ဒီအာရေးဘီးယားကလပ် အယ်လ်နက်ဆာမှာ ကစားနေတဲ့ ပေါ်တူဂီ [ဆက်လက်ဖတ်ရှုရန်]

အယ်ဒီတာနှင့် ပေးစာ ပြန်စာ 

ဖက်ဒရယ်ရေးရာ အယ်ဒီတာနှင့် ပေးစာ ပြန်စာ

မတ်၊ ၇ ဒီတစ်ပတ်မှာတော့ ဖက်ဒရယ်ရေးရာ ကဏ္ဍအတွက် အယ်ဒီတာ့ထံ မေးခွန်းတစ်ခု ရောက်လာပါတယ်။ အဲဒါကတော့ မွန်ပြည်နယ် ကျိုက်ထိုမြို့က မခင်ရတနာက မေးခွန်းထားတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ အဲသည့်မေးခွန်းမှာ — ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဘယ်လိုကွာခြားပါသလဲလို့ မေးမြန်းထားတာ [ဆက်လက်ဖတ်ရှုရန်]

သရော်စာကဏ္ဍ

ခေတ်မီဝါးချွန်တပ် (သရော်စာ)

  မတ် ၊ ၇ ဖြစ်စဉ်(၁) လမ်းထိပ်ဆိုင်(မုန့်ဟင်းခါးဆိုင်မဟုတ်)မှ ခေါက်ဆွဲကြော်တစ်ပွဲဝယ်ပြီးနောက် တစ်ခုခုလိုနေသည်ဟု စိတ်ကထင် သဖြင့် အိတ်အတွင်း ဖြဲကာကြည့်မိသည်။ လိုနေသည့်အရာကို သိလိုက်ရ၏။ ထို့ကြောင့် မိမိနှင့်အနီးဆုံးတွင် ရှိနေသော စားပွဲထိုးအား လက်ယက်ခေါ်လျက် စကားဆိုလိုက်သည်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယင်းမာပင်မှာစစ်ကောင်စီတပ် မီးရှို့သွားတဲ့ရွာကိုငြိမ်းဖို့ပြန်ဝင်လာသူတဦး အသတ်ခံရ

မတ်၊ ၆ စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ထန်းတောကြီးကျေးရွာကိုဒီကနေ့နေ့လည်ပိုင်းမှာပဲစစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့ခဲ့ပြီးနောက်ရွာကိုမီးငြိမ်းသတ်ဖို့ဝင်ရောက်လာတဲ့ဒေါင်းမျိုးဆက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်တဦးရဲ့ဖခင်ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့ပြီးတနာရီလောက်အကြာမှာပဲမီးငြိမ်းသတ်ဖို့ဝင်ရောက်လာတဲ့အသက်သုံးဆယ်ကျော်အရွယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်ရဲ့ဖခင်ဟာကင်းပုန်းဝပ်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့တိုးပြီးအခုလိုသတ်ဖြတ်ခံခဲ့ရတာလို့သိရပါတယ်။ “ထန်းတောကြီးရွာမီးလောင်တာကိုငြိမ်းဖို့သွားတာ မိသွားတာကိုစာသင်ကျောင်းမှာ လက်တွေခြေတွေကိုကြိုးတုပ်ပြီးပစ်သတ်ပြီးအမှိုက်ပုံထဲမှာ ထားခဲ့တာ။သူ့သားရဲဘော်လေးကလဲဆယ်တန်းကျောင်းသားကနေပြည်သူ့ကာကွယ်ရေးတပ်သားဖြစ်လာတာ။သတ်ပြီးမှကျေးစာကျကိုဆက်ဝင်တာ။ခုတော့တခြားရွာကိုရောက်နေပြီ။ပြေးနေရတာရွာ ငါးရွာမကဘူး။လမ်းမှာဆိုင်ကယ်ပါတာတောင် ဆီပြတ်တဲ့သူကပြတ်၊မသိတဲ့သူတွေအိမ်လဲတောင်းပန်ပြီးဝင်အိပ်ရ၊ဒါနဲ့ဆိုရွာကိုမီးရှို့တာငါးခါရှိပြီ”လို့ထန်းတောကြီးဒေသခံတဦးက DNA ကိုပြောပါတယ်။ သေဆုံးသူရဲ့သားဖြစ်သူဟာဆယ်ကျော်သက်အရွယ် ဆယ်တန်းကျောင်းသားတဦးဖြစ်ပြီးလက်ရှိမှာတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲမှာစစ်ကောင်စီတပ်တွေကိုခုခံတော်လှန်နေသူတဦးဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်ထန်းတောကြီး၊ကျေးစာကျ၊ဘိစန၊မျက်ရွှေနီရွာတွေကဒေသခံထောင်ဂဏန်းခန့်ဟာစစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။

နိုင်ငံရေး

ကျိုက်ထိုမှာ ဗုံးပစ်ခံရလို့ ရာဘာခြံက အမျိုးသားနှစ်ဦးသေဆုံး

မတ်၊ ၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာမှာ မတ် ၅ ရက် ၊မနက်ပိုင်းက ရော်ဘာခြံမှာ ရှိနေတဲ့ အမျိုးသားနှစ်ဦးကို ဗုံးနဲ့ပစ်ဖောက်ခွဲခံရတာကြောင့် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ အင်္ဂဘိုကျေးရွာ ၊ရှမ်းစုပိုင်းရှိ ရာဘာခြံတစ်ခုမှာ ခြံပိုင်ရှင် [ဆက်လက်ဖတ်ရှုရန်]