နိုင်ငံရေး

မော်လမြိုင်လေဆိပ်အနီးက ဆိုင်ခန်းတွေ တလအတွင်းဖျက်သိမ်းဖို့ စစ်ကောင်စီဖိအားပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ လေဆိပ်အနီးက စျေးဆိုင်ခန်း ၆၀ ဝန်းကျင်ကို တလအတွင်းဖျက်သိမ်းပေးဖို့ စစ်ကောင်စီကဖိအားပေးညွှန်ကြားလာတယ်လို့စျေးဆိုင်ရှင်တွေကDNA ကိုပြောပါတယ်။ လေဆိပ်အနီးတဝိုက်မှာဖွင့်လှစ်ထားတဲ့စျေးဆိုင်ခန်းတွေဖြစ်တဲ့ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်ပစ္စည်းဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်၊ ပန်းဆိုင်တွေ အပါအဝင် ဆိုင်ခန်းပေါင်း (၆၀) ကျော်ကို လေဆိပ် နယ်မြေတိုးချဲ့မှာဖြစ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းဆီ ပေးပို့မယ့် ဗြိတိန် တင့်ကားတွေကို မီးလောင်တိုက် သွင်းပြမယ်လို့ ရုရှား ခြိမ်းခြောက်

ယူကရိန်းကို ထောက်ပံ့မယ်ဆိုတဲ့ ဗြိတိန်ရဲ့ တင့်ကားတွေ မီးဟုန်းဟုန်းတောက် လောင်ကျွမ်းစေရမယ်လို့ ရုရှားက ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်က နိုင်ငံရဲ့ စစ်တပ်မှာ အသုံးပြုနေတဲ့ အဓိက တိုက်ပွဲ​ဝင် တင့်ကားတွေဖြစ်တဲ့ Challenger [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဩစတြေးလျ အိုးပင်းမှာ ရုရှားနဲ့ ဘီလားရုစ် အလံတွေ ယူဆောင်လာခွင့် ပိတ်ပင်

ယူကရိန်းအပေါ် ကျူးကျော်စစ် ပြုမှုကို ဆန့်ကျင်တဲ့ အနေနဲ့ ဩစတြေးလျ အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘီလားရုစ် အလံတွေ ယူဆောင်လာခွင့်ကို တားမြစ် ပိတ်ပင်လိုက်ပါတယ်။ ဩစတြေးလျ နိုင်ငံဆိုင်ရာ ယူကရိန်း သံအမတ်ကြီးရဲ့ တောင်းဆိုမှုကို ပြိုင်ပွဲ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ထားတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး အတည်ပြု

ပြည်ပမှာ တိမ်းရှောင်နေသူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ သမီးဖြစ်သူက သူဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆန္ဒရှိနေကြောင်း အတည်ပြု ပြောကြားသွားပါတယ်။ အခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံ အင်အားစုကို ကိုယ်စားပြုပြီး လက်ရှိ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

မူဒရစ် ရောင်းရငွေထဲက ယူရို နှစ်ဆယ့်ငါးသန်းကို ယူကရိန်း စစ်တပ်အတွက် လှူမယ့် ရှက်တာဒိုးနက်စ်ခ်

သူတို့ရဲ့ ကစားသမား မစ်ခိုင်လို မူဒရစ်ကို ရောင်းချလို့ ရခဲ့တဲ့ ပြောင်းရွှေ့ကြေးတွေထဲက ယူရို ၂၅ သန်းလောက်ကို ရှေ့တန်းရောက် စစ်သည်တွေအတွက် ပံ့ပိုး လှူဒါန်းသွားမယ်လို့ ယူကရိန်း ဘောလုံးကလပ် ရှက်တာဒိုးနက်စ်ခ်က အတည်ပြုခဲ့ပါတယ်။ ကလပ်အသင်း ဥက္ကဋ္ဌဖြစ်သူ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးနယ်ထဲက ရွာလေးရွာကိုပစ်ခတ်မီးရှို့နေလို့ ဒေသခံတွေထွက်ပြေးရပြန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်မှာရှိတဲ့ ရွာတွေကို ဒီကနေ့ ဇန်နဝါရီ ၁၆ရက်မနက်ပိုင်းကစစ်ကြောင်းထိုးဝင်ရောက်လာပြီး ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာပြေးနေရတယ်လို့ခင်ဦးသတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။ ခင်ဦးမြို့နယ်ထဲကအင်တိုင်းလေးမြောက်ရွာ၊ သရက်ပင်စုရွာ၊ မြင်းဒေါင်းကျေးရွာနဲ့ မကျီးအုပ်ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကျေးရွာတွေကို ပစ်ခတ်ဝင်ရောက်ချိန်မှာ လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

MOU အလုပ်သမားတွေကို အထူးအစီအစဉ်နဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို ရပ်ဆိုင်းတော့မယ်

နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့အစီအစဉ်ကို ယာယီရပ်နားပြီးတဲ့နောက် ပြည်ပကိုအလုပ်သွားလုပ်မယ့်MOU လုပ်သားတွေကို အထူးအစီအစဉ်အနေနဲ့ နိုင်ငံကူးလက်မှတ်တွေဆက်ထုတ်ပေးနေတဲ့အစီအစဉ်ကိုလာမယ့် ဇန်နဝါရီ ၁၇ရက်ကစပြီးရပ်ဆိုင်းတော့မယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ဆီကသိရပါတယ်။ “ဘာတွေမှန်းမသိဘူး။အခုတော့အကုန်လုပ်မရတော့ဘူး။ပြည်ပထွက်ဖို့လမ်းကြောင်းပိတ်ကုန်ပြီ။ အေဂျင်စီတွေလည်းဘာဆက်လုပ်ရမှန်းမသိတော့ဘူး”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ရဲ့ ဒီကနေ့ ဇန်နဝါရီ ၁၆ ရက်ထုတ်ပြန်ချက်မှာတော့ ပြည်ပအလုပ်အကိုင်အေဂျင်စီအားလုံးကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားကလူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလိုတချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့အရာတော်မြို့နယ်မှာ စစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲကိုလက်မခံဆန့်ကျင်ကြောင်း ပြည်သူထောင်ချီပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကြာအင်းဆိပ်ကြီးဘုရားသုံးဆူလမ်းပိုင်းတပတ်ကြာအသုံးမပြုဖို့ KNU ထုတ်ပြန်

တိုက်ပွဲတွေကြောင့် ကရင်​ပြည်နယ်ကြာအင်းဆိပ်ကြီးဘုရားသုံးဆူလမ်းပိုင်းကို တပတ်ကြာအသုံးမပြုဖို့ KNU ဒူးပလာယာခရိုင်တာဝန်ရှိသူတွေက ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီလမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ခရီးသွားပြည်သူတွေအတွက် အလွန်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်နေပြီး ဒီကနေ့ ဇန်နဝါရီ (၁၆) ရက်စလို့ တပတ်ကြာအသုံးမပြုဖို့တားမြစ်တယ်လို့ ဒူးပလာယာခရိုင်က ထုတ်ပြန်တဲ့အသိပေးစာမှာဖော်ပြထားပါတယ်။ အခုလိုလမ်းအသုံးပြုခွင့်ပိတ်ပင်ကြောင်းစာထုတ်လိုက်ပေမယ့်ခရီးသွားကားတွေနဲ့ကုန်တင်ယာဥ်တွေကိုတော့နှစ်ဖက်ဂိတ်တွေကစိစစ်ပြီးသွားခိုင်းတာမျိုးတွေတော့ရှိနေတယ်လို့လမ်းပိုင်းအသုံးပြုသူတဦးကပြောပါတယ်။ “မနေ့ကဘုရားသုံးဆူနဲ့သံဖြူဇရပ်လမ်းမှာစကစရဲ့ရိက္ခာတင်ယာဥ်မိတယ်၊ကျည်တွေလဲပါတယ်၊ခုကြာအင်းဘုရားသုံးဆူလဲအဲ့အတိုင်းပဲသူတို့ကလူအင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကော့ကရိတ်က ရဲစခန်းတခုမီးရှို့ဖျက်ဆီးခံရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာက စစ်ကောင်စီရဲ့ နယ်မြေရဲစခန်းကို ဒီကနေ့ ဇန်နဝါရီ (၁၆) ရက် နေ့လယ်ပိုင်းမှာ လက် နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ လက်နက်ကိုင်ဆောင်ထားတဲ့ အမည်မသိအဖွဲ့တစ်ခုက ကား [ဆက်လက်ဖတ်ရှုရန်]