ဂါဇာကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အကြီးတန်းစစ်သွေးကြွတစ်ဦး အပါအဝင် ဆယ်ဦး သေဆုံး
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဩဂုတ်လ ၅ရက်နေ့က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အကြီးတန်းစစ်သွေးကြွတစ်ဦးအပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းအရာရှိတွေက ပြောပါတယ်။ မကြာသေးမီက အကြီးတန်းစစ်သွေးကြွတစ်ဦးကို ဖမ်းဆီးပြီးနောက် အစ္စလာမ်ဂျီဟတ်စစ်သွေးကြွအဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ အစ္စရေးဘက်က ပြောဆိုထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]