ဒေသအလိုက် သတင်းကဏ္ဍ

ဟားခါး-ထန်တလန်လမ်းပေါ်က သီမစ်ချောင်းတံတားပြန်လည်ပြင်ဆင်ဖို့ စစ်ကောင်စီအပြင်းအထန်ကြိုးပမ်းနေ

ဟားခါးမြို့ အနောက်ဘက် ဆယ်မိုင်ဝန်းကျင်မှာရှိတဲ့ ဟားခါး-ထန်တလန်လမ်းပေါ်ကသီမစ်ချောင်းတံတားကို ပြန်လည်ပြင်ဆင်နိုင်ဖို့ စစ်ကောင်စီက အပြင်းအထန်ကြိုးပမ်းနေပေမယ့် တလခွဲကျော်ကြာတဲ့အထိ ပြင်ဆင်နိုင် ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ” စစ်တပ်က သီမြစ်တံတားကိုပြင်ချင်တာ စစ်ရေးအရရော၊ ထန်တလန် ပြန်လည်ထူထောင်ရေး ဗန်းပြချင်တာ ရောပေါ့” လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စက်သုံးဆီစျေးမြင့်တက်မှုကြောင့် အငှားယာဥ်မောင်းအချို့ ကားပြန်အပ်

ရ န်ကုန်တိုင်းအတွင်းမှာ စက်သုံးဆီစျေးနှုန်းမြင့်တက်တာအပြင် ဆီအလုံအလောက်ရဖို့ကလည်း မလွယ်ကူလို့ အငှားယာဥ်မောင်းတချို့ ကားပြန်အပ်ရတဲ့အထိ ဖြစ်လာနေတယ်လို့ အငှားယာဥ်မောင်းနှင်သူတွေက DNA ကို ပြောပါ တယ်။ “ကျွန်တော်တို့က တစ်ရက်စာတစ်ရက် လုပ်စားနေရတာဆိုတော့ အဲ့ဒီနေ့ဆီဖိုးအရင်းတောင် တော်တော် လေး ဒုက္ခ၊သုတ်ခနဲ့ရင်ဆိုင်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ထိုင်ဝမ်ကျွန်းအနီး တရုတ်က စစ်ရေးလေ့ကျင့်မှုထပ်လုပ်မယ်လို့ ကြေညာ

ဩဂုတ်လ ၁၅ရက်နေ့က ထိုင်ဝမ်သမ္မတနဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဝင်တွေ တွေ့ဆုံနေတဲ့အချိန်မှာပဲ ထိုင်ဝမ်အနီးတစ်ဝိုက် နောက်ထပ် စစ်ရေးလေ့ကျင့်မှုတွေ ထပ်လုပ်မယ်လို့ တရုတ်က ကြေညာခဲ့ပါတယ်။  အလားတူ မကြာသေးမီက အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီရဲ့ အလည်အပတ်ခရီးဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ မြန်မာနိုင်ငံကို ပထမဆုံးလာရောက်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဖြစ်သူ နိုလင်းဟေဇာဟာ ဩဂုတ်လ ၁၅ရက်နေ့မှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တယ်လို့ AP သတင်းဌာနက ဒီကနေ့မှာ ဖော်ပြပါတယ်။  ၂၀၂၁ခုနှစ် အောက်တိုဘာလမှာ ရာထူးခန့်အပ်ခံရပြီးကတည်းက နိုလင်းဟေဇာရဲ့ ပထမဆုံး မြန်မာခရီးစဉ် ဖြစ်ပါတယ်။  တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အဂတိအမှု လေးမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ခြောက်နှစ် ချမှတ်

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲဆိုထားတဲ့ အဂတိအမှု ၄ မှု အတွက် ၁ မှု ကို ထောင်ဒဏ် ၃ နှစ် နှုန်းနဲ့ ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့ပြီး ၊ အမှု( [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကော့ကရိတ်မြို့တိုက်ခိုက်ခံရအပြီး စစ်ကောင်စီက ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ် နှစ်နှစ်အရွယ်ခလေးတဦး သေဆုံးပြီး ၊ လူခြောက်ဦးဒဏ်ရာရ

ဒီနေ့မနက် ၁၀ နာရီခွဲ ဝန်းကျင်မှာ ကော့ကရိတ်မြို့အတွင်းကို ကရင့်လက်နက်ကိုင် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်မှာ စစ်ကောင်စီရဲ့ ကော့ကရိတ်အခြေစိုက် ၉၇ တပ်ကနေ ၁၃၀ မမ လက်နက်ကြီးတွေ နဲ့ အနီးအနားကျေးရွာတွေကို ဦးတည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ပေါ်မှာ စစ်ဘေးရှောင်သူ ပိုမိုများပြားလာပြီးနောက် အိမ်ငှားခတွေ မြင့်တက်

ကလေးမြို့တောင်ဘက်တကြောမှာ တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးတင်းမာနေတာကြောင့် ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်လာသူတွေ ပိုမိုများပြားလာပြီး အိမ်ငှားခတွေလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ မြို့ထဲရပ်ကွက်တွေမှာ ငှားမယ့်အိမ်တချို့ရှိပေမယ့် စျေးနူန်းက တလ ကျပ်တစ်သိန်းခွဲဝန်းကျင်ရှိတဲ့အပြင် သုံးလစာ၊ ခြောက်လစာ တစ်ခါတည်းပေးရတာမျိုးတွေဖြစ်နေလို့ စစ်ဘေးရှောင်တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယောဒေသပြည်သူ့ ကာကွယ်ရေးတပ် လက်နက်ဂိုဒေါင်မီးလောင်ပြီး သိန်းသုံးရာကျော်ဖိုး ဆုံးရှုံး

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ် (YPDF) ရဲ့ လက်နက်ခဲယမ်းဂိုဒေါင် ဇူလိုင်လ ၃၁ရက်နေ့မှာ မီးလောင်မှု ဖြစ်ခဲ့လို့ ကျပ်သိန်း ၃၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့ရတယ်လို့ အဲ့ဒီအဖွဲ့က ဒီနေ့ ဩဂုတ် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။ လက်နက်ထုတ်လုပ်ရာမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းကင်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ပြီး ရွာထဲကပစ္စည်းတွေ သယ်ယူနေ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက လေကြောင်းနဲ့တိုက်ခိုက်ခံထားရတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရွာထဲဝင်ပြီးပစ္စည်းတွေကို ယူဆောင်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “ထွက်ပြေးကြတာပေါ့ ။ မထွက်ရင်လည်း နှိပ်စက်ကြတယ်ဗျ။ကြောက်ပြီးကိုယ်လွတ်ရုန်းကြရတယ်ဗျ။ တောသူ တောင်သားဆိုတော့ သိတဲ့တိုင်းပဲဗျာ၊ စုဆောင်းထားကြတာလေးတွေပါသွားတော့ ငိုနေကြရတယ်”လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ်တိုက်ပွဲ ရဲမြို့နယ်မှူးအပါ လေးဦးသေ၊ နှစ်ဦး ဖမ်းမိကာ သေနတ်ငါးလက်ရ

ဒီနေ့မနက်ပိုင်းက ကော့ကရိတ်မြို့ပေါ်ကို DKBA အဖွဲ့တွေဦးဆောင်ပြီး KNU၊ PDF ပူးပေါင်းအဖွဲ့တွေ ဝင်ရောက် စီးနင်းရာမှာ မြို့နယ်ရဲမှူးအပါအဝင် ရဲ (၄) ဦးသေဆုံးခဲ့ပြီး ၊ စက်လက် ၁လက် ၊ အေကေ တလက်အပါအဝင် သေနတ် [ဆက်လက်ဖတ်ရှုရန်]