ဒေသအလိုက် သတင်းကဏ္ဍ

တနင်္သာရီတိုင်းမှာ အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးတဲ့ လူနေအိမ် ၈၄ လုံးထိရှိလာ

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကနေ ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ တနင်္သာရီတိုင်းမှာ အကြမ်းဖက်စစ်တပ်တွေနဲ့ လက်အောက်ခံ အဖွဲ့တွေရဲ့ လက်ချက်ကြောင့် အရပ်သားပြည်သူ နေအိမ် စုစုပေါင်း ၈၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Southern Monitor က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လကမ္ဘာကို သိမ်းပိုက်မယ်ဆိုတဲ့ နာဆာရဲ့ စွပ်စွဲချက်ကို တရုတ် ကန့်ကွက်

တရုတ်နိုင်ငံဟာ စစ်ရေးအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ လကမ္ဘာကိုသိမ်းပိုက်နိုင်တယ်ဆိုတဲ့ NASA အကြီးအကဲရဲ့ သတိပေးချက်ကို ဇူလိုင်လ ၄ရက်နေ့မှာ တရုတ်နိုင်ငံက ကန့်ကွက်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁၀စုနှစ်ကာလအတွင်း တရုတ်နိုင်ငံဟာ သူ့ရဲ့ အာကာသစီမံကိန်းကို အရှိန်မြှင့်တင်ခဲ့ပြီး အထူးသဖြင့် လကမ္ဘာနဲ့ဆိုင်တဲ့ ပရောဂျက်တွေ  အဓိကထားလုပ်ဆောင်ခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်လွတ်လပ်ရေးနေ့ချီတက်ပွဲမှာ ပစ်ခတ်မှုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံး

ဇူလိုင်လ ၄ ရက်နေ့က အမေရိကန်နိုင်ငံ ချီကာဂိုမြို့ဆင်ခြေဖုံးရှိ Highland ပန်းခြံမှာ လွတ်လပ်ရေးနေ့ ချီတက်ပွဲကျင်းပနေစဉ် သေနတ်သမားတစ်ဦးရဲ့ပစ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  ကလေးငယ် ၅ ဦး အပါအဝင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်-ထီးခီလမ်းပိုင်းကို ဒီနေ့ကစပြီး လုံးဝအသုံးမပြုဖို့ DDPDFထုတ်ပြန်

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်-ထီးခီးလမ်းပိုင်းကို ဒေသခံတွေနဲ့ခရီးသွားပြည်သူတွေအနေနဲ့ ဒီကနေ့ဇူလိုင် ၅ရက်ကနေစပြီး လုံးဝအသုံးမပြုဖို့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး-DDPDFအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ထားဝယ်ခရိုင်အတွင်းက ပြည်သူတွေအနေနဲ့ ထားဝယ်-ထီးခီးလမ်းပိုင်းကို ဒီကနေ့ ဇူလိုင် ၅ရက်ကနေ ဇူလိုင် ၁၁ရက်အထိ အသုံးမပြုဖို့နဲ့ သတ်မှတ်ရက်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ပတ်သက်မှုတစ်စုံတရာကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီတလီမှာ ရေခဲမြစ်အစိုင်အခဲတွေ ပြိုကျတာကြောင့် တောင်တက်သမား ၆ဦး သေဆုံး

အီတလီနိုင်ငံမှာရှိတဲ့ Alpine တောင်မှာရှိတဲ့ ရေခဲမြစ်ဟာ ဇူလိုင်လ ၃ရက်နေ့က ပြိုကျခဲ့ပြီး တောင်တက်သမားအနည်းဆုံး ၆ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူတွေရဲ့ နိုင်ငံသားနဲ့ အသက်အရွယ်ကို ချက်ချင်းမသိရနိုင်သေးဘဲ ဆေးရုံတင်ထားရသူတွေထဲက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ လှိုင်မြို့နယ်ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်

ရန်ကုန်တိုင်းမှာ ဒီနေ့ ဇူလိုင်လ ၅ရက်နေ့ မနက် ၇ နာရီ ၃၉မိနစ်မှာ ငလျင်တစ်ခု လှုပ်ခတ်သွား တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ရန်ကုန်မြို့ခံအများစုလည်း ငလျင်ကိုသိသိသာသာခံစားရကြောင်း ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြထား ပါတယ်။ ငလျင်လှုပ်မှုကို သိသိသာသာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နှစ်လအတွင်း တိုက်ပွဲ ၁၀ကြိမ်ကျော်ဖြစ်ပွားပြီး နေအိမ် ၃၈လုံးမီးရှို့ဖျက်ဆီးခံရခဲ့ရကြောင်း CNDF ထုတ်ပြန်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့မှာ မေလ၊ ဇွန်လအတွင်း ချင်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ဟာ စစ်အုပ်စုနဲ့ တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်သား ၆၆ ယောက် သေဆုံးကြောင်း CNO၊ CNDF က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်ထိုမှာ KNLAပူးပေါင်းအဖွဲ့က နှစ်ရက်ဆက်တိုက် စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာနဲ့ကျွန်းတောရွာကြား၊ သစ်ဆိပ်ပင်နဲ့ ကျိုက်ထီးရိုးလေး ကြားမှာ KNLAပူးပေါင်းတပ်ဖွဲ့က အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ၂ ရက်ဆက်တိုက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၇ ဦးထက်မနည်း ထိခိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ နေ့လည် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထုံးဘိုလေးရွာမှာ နေအိမ် ၆၀ကျော် မီးလောင်ပြကျ၊ ရွာသားသုံးဦးသေဆုံးကြောင်း KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေ သထုံမြို့နယ် ထုံးဘိုလေးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၁လုံး မီးလောင်ပြာကျခဲ့သလို ရွာသားသုံးဦး ကိုလည်းသတ်ဖြတ်သွားကြောင်း KNUက ဒီနေ့ ဇူလိုင်လ ၄ရက်နေ့မှာ သတင်းထုတ် ပြန်ပါတယ်။ ဇွန်လ ၂၅ရက်နေ့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်၊ လှည်းတန်းမှာ အမျိုးသမီးနှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်မှာရှိတဲ့ လှည်းတန်းစျေးအနီးမှာ အမျိုးသမီးနှစ်ဦးပစ်ခတ်ခံရပြီး၊တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့​တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “စျေးနားမှာ အပစ်ခံရတာ။ကောင်မလေးတစ်ယောက်ကတော့ သေသွားတယ်။တစ်ယောက်ကတော့ ဒဏ်ရာရတယ်လို့သိရတယ်။ဘယ်သူတွေဆိုတာမသိရသေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အမျိုးသမီးနှစ်ဦးဟာ ဒီကနေ့ ဇူလိုင် ၄ ရက် မနက် ၉ နာရီအချိန်မှာ [ဆက်လက်ဖတ်ရှုရန်]