ဆောင်းပါး

NUG ပြောတဲ့ PDF ထိန်းချုပ်နယ်မြေ

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲကိုဇွန်၂၁ရက်နေ့မှာ ကျင်းပခဲ့တယ်။ အဲ ဒီသတင်းစာရှင်းလင်းပွဲမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်အလက်တွေ၊မေးခွန်းထုတ်စရာကောင်းတဲ့ အချက် အလက်တွေနဲ့ အားရကျေနပ်စရာကောင်းတဲ့အချက်အလက်တွေကို တွေ့ရတယ်။ အားရကျေနပ်စရာကောင်းတဲ့အချက်ကနေစပြောရမယ်ဆိုရင် NUGအစိုးရ၊စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနရဲ့ ဉာဏ်စွမ်းရှိရှိ၊ဇွဲလုံ့လကြီးစွာနဲ့ ဘဏ္ဍာငွေရှာဖွေနိုင်စွမ်းပဲဖြစ်ပါတယ်။စီမံ/ဘဏ္ဍာ က ပြည်သူတွေလှူကြပါဆိုပြီး အင်မတန်ရိုးစင်းလှတဲ့ လက်ဝါးဖြန့်အလှူခံခြင်းမျိုးကိုစွန့်ကာ ငွေတိုက်စာချုပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာဖဂန်ငလျင်ကယ်ဆယ်ရေးအတွက် ထိုင်ဝမ်က ဒေါ်လာ ၁ သန်း လှူဒါန်း

အာဖဂန်ငလျင်ကယ်ဆယ်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့ အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်းသွားမှာဖြစ်တယ်လို့ ထိုင်ဝမ်အစိုးရက ဇွန်လ ၂၃ရက် နှောင်ပိုင်းက ပြောပါတယ်။ လှူဒါန်းရာမှာ နိုင်ငံနယ်နိမိတ်မခွဲခြားဘဲ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစိတ်ဓာတ်ကိုအခြေခံပြီ လှူဒါန်းသွားမှာဖြစ်တယ်လို့ ထိုင်ဝမ်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဥရောပသမဂ္ဂက ယူကရိန်းကို အီးယူအဖွဲ့ဝင် ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်

ဘယ်လ်ဂျီယမ်နိုင်ငံ မြို့တော် ဘရက်ဆဲလ်မှာ ကျင်းပခဲ့တဲ့ထိပ်သီးအစည်းအဝေးပွဲမှာ ဥရောပသမဂ္ဂ ၂၇ နိုင်ငံရဲ့ခေါင်းဆောင်တွေက ယူကရိန်းကို အီးယူအဖွဲ့ဝင်ကိုယ်စားလှယ်လောင်းနေရာပေးအပ်ဖို့ လိုအပ်တဲ့သဘောတူညီချက်ကို ဇွန်လ ၂၃ရက်မှာ တညီတညွတ်တည်း ထောက်ခံခဲ့ကြပါတယ်။ ရုရှားရဲ့သြဇာလွှမ်းမိုးမှုကနေ ဝေးကွာအောင်ဆွဲထုတ်ပြီး အနောက်နိုင်ငံတွေနဲ့ ပိုပြီးနီးနီးကပ်ကပ် ချည်နှောင်ထားဖို့အတွက် အီးယူအဖွဲ့ဝင်နိုင်ငံအဖြစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲပြောင်းရွှေ့မှု HRW ဝေဖန်

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်၂၂ရက်နေ့က နေပြည်တော်အချုပ်ထောင်ဆီ ပြောင်းရွှေ့လိုက် တာဟာ နိုင်ငံရေးအတိုက်အခံတွေအပေါ် ခြိမ်းခြောက်ဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ (HRW) က ဝေဖန်လိုက်ပါတယ်။ ဒီလုပ်ရပ်ကြောင့် စစ်အုပ်စုကို ဆန့်ကျင်မှုတွေ ပိုပြင်းထန်လာနိုင်တယ်လို့လည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမှာတာဝန်ကျတဲ့စစ်သားတွေ မူးယစ်ဆေးဝါးသုံးစွဲမှု များလာ

ခရမ်းမြို့ အခုလပိုင်းအတွင်း ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်း တာဝန်ကျနေတဲ့စစ်သားတွေ မူးယစ်ဆေးဝါးသုံးစွဲမှုများလာတယ်လို့သိရပါတယ်။ ခရမ်းမြို့ တာဝန်ကျစစ်သားတွေဟာ WY၊ ဆေးခြောက်၊ မူးယစ်ဆေးဝါး၊ ဘိန်းနဲ့အရက် တို့ကိုတစ်နေ့ကို ပျမ်းမျှကျပ် နှစ်သိန်းဖိုးလောက် သုံးစွဲနေကြ ကြောင်း တပ်တွင်းသတင်းပေးပို့ချက်အရ သိရတယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စု ရွေးကောက်ပွဲဆိုတာ ရယ်စရာပြောဆိုချက်လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ပြော

စစ်အုပ်စုက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ဆိုတာဟာ ရယ်စရာပြောဆိုချက်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က ပြောပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ရောက်ရှိနေတဲ့ Tom Andrews က ဇွန်၂၃ရက်နေ့မှာ အဲဒီလိုပြောကြားခဲ့ကြောင်း AP [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မူးယစ်ဂိုဏ်းတစ်ခုကို ရေဖြူပကဖ ဝင်ရောက်စီးနင်း

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုကို ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း ရေဖြူမြို နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဇွန်လ ၂၃ ရက်နေ့ ညနေ၃နာရီလောက်က ရေဖြူမြို့နယ် ပုဂေါဇွန်းရွာ နဲ့ မင်းဒပ်ရွာ အကြားမှာ မူး ယစ် ဆေး ဝါးဂိုဏ်းတစ်ခုကိုရေဖြူပကဖ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းတော်-ဗန်းမောက်ကားလမ်းပေါ် ဖြတ်သန်းခြင်းမပြုကြဖို့ အရေးပေါ်ထုတ်ပြန်

အင်းတော်-ဗန်းမောက်ကားလမ်းကိုဇွန်လ၂၅ရက်နေ့မနက်အထိ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ Indaw Revolution-IR ကအရေးပေါ်ထုတ်ပြန်လိုက်ပါတယ်။ ဒီနေ့(ဇွန်၂၄ရက်နေ့)မနက် ၆နာရီကနေ ဇွန်လ၂၅ရက်နေ့ မနက်၆နာရီအထိ အင်းတော် – ဗန်းမောက် ကားလမ်းပေါ် သုံးဘီး ၊ ဆိုင်ကယ် ၊ ကား စတဲ့ ဘယ်ယာဉ်မှ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်ပံတောင်းတောင်စီမံကိန်းနားက ဒေသခံရွာတွေ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ ကျေးရွာတွေမှာအကြမ်းဖက် စစ်တပ်က ဝင်ရောက်အကြမ်းဖက်တာ တွေလုပ်ဆောင်နေတာကြောင့် ကျေးရွာ ၅ရွာက ဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။ “ရွာတွေမှာမရှိတော့ဘူး။ကျွန်တော်တို့အားလုံးထွက်ပြေးနေရတယ်။ရွာလုံးကျွတ်ကို ထွက်ပြေးနေရတာ။အခုတောင် လိုင်းမိလို့ အဆက်အသွယ်ရတာ”လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတ္တရာမြို့နယ်မှာ စက်လှေတိမ်းမှောက်မှုကြောင့် အမျိုးသားတဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မြွေဟင်္သာကျေးရွာကနေ စကျင်ကျေးရွာသို့ မောင်းနှင်လာတဲ့ စက်လှေတစ်စီး ဒီနေ့က တိမ်းမှောက်မှုကြောင့် အမျိုးသားတဦးသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီနေ့ ဇွန်လ ၂၄ရက် မနက် ၆နာရီခွဲလောက်က စက်လှေမှောက်တာဖြစ်ပြီး လှေပေါ်ပါတဲ့ အမျိုးသား [ဆက်လက်ဖတ်ရှုရန်]