ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းဦး – ပခုက္ကူလမ်းပိုင်းကို အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်

ချောင်းဦး – ပခုက္ကူလမ်းပိုင်းကို အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦးPDF က ဒီနေ့မနက်၅နာရီကျော်မှာ ထုတ်ပြန်ခဲ့ပါတယ်။ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ ချောင်းဦး – ပခုက္ကူလမ်းပိုင်းကို ယာယီပိတ်ထားမှာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့ လုံးဝအသုံးမပြုကြဖို့နဲ့ လိုက်နာခြင်းမရှိသူတို့ရဲ့ လုံခြုံရေးကို အာမမခံနိုင်ဘူးလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

 ဂျော်ဒန်ဆိပ်ကမ်းမှာ ကလိုရင်းဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၁၂ဦး သေဆုံး

ဂျော်ဒန်နိုင်ငံ အယ်လ်ကွာဘာ ဆိပ်ကမ်းရှိ သိုလှောင်ကန်တစ်ခုကနေ ကလိုရင်းဓာတ်ငွေ့ယိုစိမ့်တာကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ပြီး ၂၅၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့  အာဏာပိုင်တွေနဲ့နိုင်ငံပိုင်မီဒီယာတွေက ဇွန်လ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ Djibouti နိုင်ငံကို တင်ပို့မယ့် ကလိုရင်းဓာတ်ငွေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းစျေးဝယ်စင်တာကို ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် လူ ၁၆ဦးထပ်မနည်း သေဆုံး

ယူကရိန်းနိုင်ငံအလယ်ပိုင်း Kremenchuk မြို့ရှိ လူစည်ကားတဲ့ ဈေးဝယ်စင်တာတစ်ခုမှာ ဇွန်လ ၂၇ ရက်နေ့က ရုရှားဒုံးကျည်နှစ်စင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အနည်းဆုံး လူ ၁၆ဦးထက်မနည်း သေဆုံးခဲ့ပြီး ၆၀နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသဆိုင်ရာအာဏာပိုင်တွေက ပြောပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားချိန် စင်တာထဲမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်သတင်းပေးလို့ အများကသတ်မှတ်ထားသူ၄ဦးကို ကြို့ပင်ကောက်မှာ ရှင်း

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ စစ်သတင်းပေးလို့အများက သတ်မှတ်ထားသူ၄ဦးကို ရှင်းလင်းခဲ့ ကြောင်း ကြို့ပင်ကောက်PDF ကသတင်းထုတ်ပြန်ပါတယ်။ ဇွန်လ၂၇ရက်နေ့ည ၈နာရီလောက်မှာ ကြို့ပင်ကောက်မြို့နယ်၊ကျောက်စရစ်ကုန်းရွာနေ ရာအိမ်မှူးဦးလှကြည်နဲ့ဇနီးအပါအဝင် သူတို့ရဲ့အပေါင်းအပါတွေဖြစ်တဲ့ ဝင်းမြင့်နဲ့ ခင်ဇော်တို့ကို သာယာဝတီခရိုင်PDFတပ်ရင်း၃၈၀၁၊တပ်ခွဲ၁ က စစ်ရေးပစ်မှတ်အဖြစ် သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။ သူတို့၄ဦးဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

NUG နဲ့ PNFC တို့ပူးပေါင်းပြီးငွေတိုက်စာချုပ်စတင်ရောင်းချ

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ PNFC တို့ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် EOD ရှယ်ယာနဲ့ငွေတိုက်စာချုပ်တွေကို ပြည်တွင်းပြည်ပမှာ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်းNUGက ဒီနေ့ဇွန်လ ၂၈ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်။ စစ်အာဏာရှင်အပါအဝင်အာဏာရှင်စနစ်အမျိုးမျိုးချုပ်ငြိမ်းရေးနဲ့ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ပေါ်ထွန်းရေးကိုနည်းလမ်းပေါင်းစုံနဲ့တိုက်ပွဲဝင်နေကြတဲ့ပအိုဝ်းတော်လှန်ရေးအင်အားစုတွေကိုထောက်ပံနိုင်ဖို့အတွက်ငွေတိုက်စာချုပ်တွေကို ပြည်တွင်းပြည်ပကဝယ်ယူနိုင်အောင် စတင်ရောင်းချပေးနေပြီလို့ဆိုပါတယ်။ ပြည်တွင်းမှဝယ်ယူလိုသူတွေအတွက်https://www.facebook.com/Paonationalfederalcouncilpnfc လူမူကွန်ယက်စာမျက်နှာမှာဝယ်ယူနိုင်ပြီး နိုင်ငံတကာမှဝယ်ယူလိုသူတွေအတွက် https://www.facebook.com/GlobalPaOFamily [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြင်းအားမြင့်မိုင်း၆လုံးနဲ့ ရဲယာဉ်တန်းကို တိုက်ခိုက

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်အတွင်း ဖြတ်သန်းလာတဲ့ ရဲယာဉ်တန်းကို ပြင်းအားမြင့်မိုင်း၆လုံးနဲ့တိုက်ခိုက်ခဲ့ ကြောင်း knight commanders ကသတင်းထုတ်ပြန်ပါတယ်။ ဇွန်၂၇ရက်နေ့ညနေ ၅နာရီ၄၅မိနစ်လောက်မှာ မုံရွာကနေစစ်ကိုင်းဘက်ထွက်ခွာလာတဲ့ လုံခြုံရေးရဲပွိုင့်ကား၃ စီးနဲ့ အိမ်စီးကားတစ်စီးကို  knight commanders (တပ်ခွဲ၄) နဲ့ ခရိုင်တပ်ရင်း(၁)မဟာမိတ်ပူးပေါင်း တပ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ပြောင်းရွှေ့ခြင်းအပေါ် NLD ကန့်ကွက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှာ ထားရှိခြင်းဟာ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တစ်ဦးအပေါ် အသက်အန္တရာယ်တစုံတစ်ရာသက်ရောက်အောင် အာဃာတရှိရှိ လုပ်ကြံဖန်တီးထားတယ်လို့ သုံးသပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ပို့ဆောင်ထားရှိခြင်းနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဇွန်၂၇ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ရာအဲဒီလိုဖော်ပြထားပါတယ်။ တခြားအကျဉ်းထောင်တွေနည်းတူ နေပြည်တော်အချုပ်ထောင်မှာလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တီးတိန်မြို့က လူမှုရေးအသင်းခေါင်းဆောင် နှစ်ဦးကို စစ်တပ်က ဖမ်းဆီး

ချင်းပြည်နယ်၊ တီးတိန်မြို့က Shalom Youth Committee လူမူရေးအသင်း ခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ကိုမွန့်လျန်ခမ်း နဲ့ ကိုလျန်းရှန်းမုန် ကို ဇွန် ၂၇ ရက်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ ဒေသခံတွေက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟင်္သာတ ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့က အဖွဲ့ဝင်တဦး နှုတ်ထွက်

ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့ရဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးကြီးကြပ်မှု အဖွဲ့ဝင် စာရင်းပေါက်ကြားလာပြီး နောက်မှာ အဖွဲ့ဝင်ဖြစ်တဲ့ ဦးဝင်းဇော်ဟာ နှုတ်ထွက်စာတင်ခဲ့တယ်လို့ သူ့ရဲ့ မိသားစုဝင်တဦးက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ “အဖွဲ့ဖွဲ့စဉ်အခါကလဲ မျက်လုံးဆေးပြနဲ့ ပြည်ပသို့ရောက်နေတာပါ (လုံးဝ လုံးဝမသိရှိခဲ့ပါ)နှုတ်ထွက်အကြောင်းကြားစာကိုလည်း ခရိုင်ရုံးသို့ပို့ပြီးပါပြီ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ငရုတ်ကောင်းတိုက်ပွဲအပြီး ဖမ်းဆီးခံ​ဒေသခံတွေထဲက စစ်ကြောရေးမှာ တဦးသေဆုံး

ဧရာဝတီတိုင်း၊ ငရုတ်ကောင်းမြို့ အနီး ကညင်တောင်မှာတိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်အုပ်စုက ဖမ်းထားတဲ့ ဒေသခံ ၁၅ဉီးထဲက အမျိုးသားတဦး အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောခံရပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသူဟာငရုတ်ကောင်းမြို့၊ မိုးတိမ်ပြင်အုပ်စု၊အလယ် ရွာမှာနေထိုင်တဲ့ အသက် ၄၅ ဝန်းကျင်အရွယ် အုန်းပင်တက်လုပ်သား ဦးဝင်းဘိုဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]