ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမြို့ သံလျက်မှော်အနောက် ရပ်ကွက်ရုံး ဗုံးပေါက်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက် ရပ်ကွက်ရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Generation Z Power က ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၈ ရက်နေ့ မနက် ၆ နာရီခွဲလောက်မှာ ပဒေသာ မိုင်းတစ်လုံးကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုရဲ့ ဆင်ဖြူရှင် (၄) ထုံခါအကျဉ်းစခန်း တိုက်ခိုက်ခံရပြီး ၃ ဦးသေ

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သိန်းခွန်းကျေးရွာအုပ်စုမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဆင်ဖြူရှင် (၄) ထုံခါအကျဉ်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက ၃ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ရတယ်လို့ Tanintharyi Defense Force [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

NUG ၊ NUCC တို့ နဲ့ မလေးရှားအစိုးရ ထိတွေ့ဆက်ဆံသွားမယ်

မလေးရှား အစိုးရအနေဖြင့် မြန်မာ့နိုင်ငံရေး ပြဿနာဖြေရှင်းရေးအတွက် ဘက်ရွေးနေမှာမဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့သိရပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

NUG ကတိအတိုင်း လက်နက်အမြန်တပ်ဆင်ပေးဖို့ ဗိုလ်နဂါးတောင်းဆို

အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်တိုက်ခိုက်နေတဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်ကို တပ်ရင်းတရင်းစာ အမြန်ဆုံး လက်နက်တပ်ဆင်ပေးဖို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဗိုလ်နဂါးက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကို အိတ်ဖွင့်ပေးစာပေးပို့ကာ တောင်းဆိုလိုက်ပါတယ်။ စစ်အုပ်စုဟာ မြန်မာ့တော်ဝင်နဂါးတပ်တော် နယ်မြေစိုးမိုးထားတဲ့ နယ်မြေတွေကို ထိုးစစ်စတင်ဖို့ ပြင်ဆင်နေတာဖြစ်တာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမြို့ပေါ် ဆိုင်ကားစီးပြည်သူတစ်ဦးကို အကြမ်းဖက်စစ်တပ် သေနတ်နဲ့ပစ်ခတ်၊လူငယ်၄ဦးဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်မှာ ဆိုင်ကယ်မောင်းလာသူတစ်ဦးကို အကြမ်းဖက်စစ်တပ်ကသေနတ်နဲ့ပစ်ခတ်ခဲ့ပြီး လူငယ်၄ဦးကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။ ဧပြီ၇ရက်နေ့၊ည ၈နာရီ၄၇မိနစ်လောက်က မုံရွာမြို့၊နတ်လူထိပ်ပန်ရပ်ကွက်အတွင်း ကင်းလှည့်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့ အိမ်စီးကားနှစ်စီးအနက် တစ်စီးက အမြင့်လမ်း၊ ဘုံဆွမ်းလောင်းအနီး ဆိုင်ကယ် မောင်းလာတဲ့ပြည်သူတစ်ဦးကို သေနတ် နဲ့ ၁၅ချက်လောက်လိုက်လံပစ်ခတ်ခဲ့ပြီး နောက်ကားတစ်စီးက လူငယ်လေးဦးကို အကြမ်းဖက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧပြီလအတွင်း ကရင်ပြည်နယ်မှာ တိုက်ပွဲပေါင်း ၅၀၀ကျော်ဖြစ်ပွား၊ စစ်အုပ်စုက ၃၅၀ကျော်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေးအုပ်ချုပ်နယ်မြေထဲမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ နယ်မြေ ကျူးကျော်ထိုးစစ်ကြောင့် KNLA ၊ KNDO ပူးပေါင်းအဖွဲ့တွေနဲ့ ဧပြီလအတွင်း တိုက်ပွဲပေါင်း ၅၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၃၅၆ ဦးသေဆုံး ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်လိုက်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းအောင်လှိုင်ငြိမ်းချမ်းရေး အပစ်ရပ်၅ဖွဲ့တက်မယ်

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တာကို အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၅ဖွဲ့ တက်ရောက်မယ်လို့ သိရပါတယ်။ မေလ၆ရက်နေ့မှာ အပစ်ရပ်အဖွဲ့တွေဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST က အွန်လိုင်းအရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် တစ်ဖွဲ့ချင်းစီရဲ့ဆုံးဖြတ်ချက်နဲ့ အဖွဲ့၅ဖွဲ့ကတက် ရောက်မယ်လို့ ဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘိုမြို့၊ ပလိုင်းရွာမှာထိတွေ့တိုက်ပွဲဖြစ် စစ်အုပ်စုဘက် ၈ ဦးသေဆုံး၊ pdf ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့နဲ့ ပျူစောထီးတွေကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေမနေ့က မေလ ၇ ရက်နေ့မှာ သွားရောက် တိုက်ခိုက်ရာ စစ်အုပ်စုဘက်မှ ၈ ဦးသေဆုံးခဲ့တယ်လို့C&T ShweBo အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပြီးနောက်ဆိုင်ကယ် ၄ စီးနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘောဆွေးနွေးမယ်

မြန်မာ့အရေးနဲ့ပတ်သက်ပြီး မေလ၁၁ရက်နေ့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘောတွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုက မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက်၅ရပ်နဲ့ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်မှုမရှိတာကြောင့် အခုလို အလွတ်သဘော ဆွေးနွေးပွဲ ခေါ်ရတာဖြစ်ကြောင်းမလေးရှားနိုင်ငံ ခြားရေးဝန်ကြီးကပြောတယ်လို့ VOA ကဖော်ပြပါတယ်။ ရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက အာဆီယံအသင်းအနေနဲ့ အာဆီယံမူ၅ရပ်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အာဆီယံလူသားချင်းစာနာမှုကူညီရေး အတိုင်ပင်ခံအစည်းအဝေးရလဒ်ကို စိတ်ပျက်ကြောင်း NUGထုတ်ပြန်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အတိုင်ပင်ခံ အစည်းအဝေးရလဒ်ကို အင်မတန်စိတ်ပျက်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၂ခုနှစ် မေလ၆ရက်နေ့၊ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မှာ ကျင်းပတဲ့ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနိုင်ရေး အတိုင်ပင်ခံအစည်းအဝေး ရလဒ်နဲ့ပတ်သက်ပြီး မနေ့ညက ကြေညာချက်ထုတ်ပြန်လိုက်တာပါ။ [ဆက်လက်ဖတ်ရှုရန်]