နိုင်ငံရေး

စစ်အုပ်စုခန့် ဝန်ကြီးချုပ်၄ဦးကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့

၁၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုခန့်ဝန်ကြီးချုပ်၄ဦးကို အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်း ထဲထည့်သွင်းလိုက်ပါတယ်။ အဲဒီ၄ဦးမှာ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကိုနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ဖြစ်ပြီး အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ တဲ့စာရင်းထဲ ဒီဇင်ဘာလ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အကြမ်းဖက်စစ်တပ်ကြောင့် မြန်မာကို လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဦးမှာ မဟုတ်ဘူးလို့ ဦးကျော်မိုးထွန်းပြော

၁၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မြန်မာပြည်သူတွေအနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေပေမယ့်လည်း အကြမ်းဖက်စစ်တပ်ရဲ့ ကန့်သတ် ချက်တွေကြောင့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဦးမှာ မဟုတ်သေးကြောင်း ကုလအစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်တာပါ။ (၇၆) [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အကြမ်းဖက်စစ်တပ်နဲ့ဆက်နွှယ်နေတဲ့ အဖွဲ့အစည်း၄ခုကို ထပ်တိုးပိတ်ဆို့မှုအသစ် ယူကေအစိုးရ ချမှတ်

၁၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့အလွဲသုံးစားပြုမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာစစ်တပ်ပိုင်အဖွဲ့အစည်းတွေကို ယူကေအစိုးရက ထပ်တိုးအရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ် လိုက်တယ်လို့ ဗြိတိသျှသံရုံး(ရန်ကုန်)ကထုတ်ပြန်ပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ပြည်သူတွေအပေါ် ပြင်းထန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စစ်တပ်နဲ့ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းလေးခုကို အရေးယူပိတ်ဆို့မှုအသစ်အဖြစ် အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့နဲ့အတူ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

Harry Winstonကုမ္ပဏီက  မြန်မာ့ကျောက်မျက်တင်သွင်းမှုကို ရပ်တန့်

၁၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။ နယူးယောက်အခြေစိုက် လက်ဝတ်ရတနာရောင်းဝယ်တဲ့ ကုမ္ပဏီကြီး Harry Winston က မြန်မာ့ကျောက်မျက်ရတနာတွေ တင်သွင်းနေတာကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း Justice For Myanmar က ဒီကနေ့ ထုတ်ပြန်ပါတယ်။ လက်မှတ်ပေါင်း ၂၅,၀၀၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တာကြောင့် ပြည်သူတွေ သတိရှိဖို့ ULA/AA ထုတ်ပြန်

၁၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာတာကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်လာတာမို့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ ULA/AA(ရက္ခိုင့်တပ်တော်)က သတင်းထုတ်ပြန်လိုက်ပါတယ်။ စစ်အုပ်စုဟာ ရခိုင်ပြည်နယ်အတွင်းမှာ ကျေးရွာတွေကိုသွားလာကာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေပြီး တပ်အပြောင်းအရွေ့တွေလဲ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ရက္ခိုင့်တပ်တော်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်သူတို့ရဲ့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ရဲရင့်မှုကို အကြမ်းဖက် စစ်အုပ်စု မတားဆီးနိုင်ဘူးလို့  ယာယီသမ္မတ ပြော

၁၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ပြည်သူတွေရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ လေးစားလောက်တဲ့ ရဲရင့်မှုတွေကို အကြမ်းဖက် စစ်အုပ်စုအနေနဲ့မတားဆီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ဒီဇင်ဘာ၁၀ရက်နေ့မှာ ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အတွက် ယာယီသမ္မတပေးပို့တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အသံတိတ်သပိတ်မလုပ်ကြဖို့တိုက်တွန်းထားတဲ့ NLD ထုတ်ပြန်စာအတု အွန်လိုင်းမှာ ပျံ့နှံ

၉၊ဒီဇင်ဘာလ၊ ၂၀၂၁။ ဒီဇင်ဘာလ ၁၀ရက်နေ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ မြန်မာနိုင်ငံအနှံ့ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို လက်မခံကြောင်း အသံတိတ်သပိတ်ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက လှုံ့ဆော်ထားချိန်မှာ NLDပါတီ ဗဟိုကော်မတီက အသံတိတ်သပိတ်မလုပ်ဖို့ တိုက်တွန်းတဲ့ ထုတ်ပြန်ကြေညာစာအတု တစောင် ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ အိုမီခရွန် မျိုးကွဲသစ် တွေ့နေပြီလို့ WHO ပြော

၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။ တောင်အာဖရိက ကနေ  ပြန့်ပွားလာခဲ့တဲ့ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ဟာ အခုအခါ နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ တွေ့ရှိနေပြီဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ထုတ်ပြန်အသိပေးလိုက်ပါတယ်။ လက်ရှိမှာ အိုမီခရွန်မျိုးကွဲသစ်အတွက် စောင့်ကြည့်လေ့လာတာတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ဖို့ လုံခြုံရေးကောင်စီတောင်းဆို

၉၊ဒီဇင်ဘာလ၊ ၂၀၂၁။ အာဏာသိမ်းပြီးနောက် မတရား ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ဖို့ လုံခြုံရေးကောင်စီက တောင်းဆို လိုက်ပါတယ်။ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ဂျာနိုင်ငံက ဒီဇင်ဘာလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ အဲဒီလိုဖော်ပြထားပြီး နိုင်ငံတော် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဆိုးသထက်ဆိုးလာနေတဲ့ မြန်မာ့အခြေအနေ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အာဆီယံ၃နိုင်ငံခရီးစဉ်မှာ အဓိကဆွေးနွေးမယ်

၉၊ဒီဇင်ဘာလ၊ ၂၀၂၁။ မကြာခင်စတင်တော့မယ့်အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony J. Blinken) ရဲ့ အာဆီယံ၃နိုင်ငံခရီးစဉ်အတွင်း ရောက်ရှိတဲ့နိုင်ငံတိုင်းမှာ ဆိုးသထက်ဆိုးလာနေတဲ့ မြန်မာနိုင်ငံအခြေအနေကို ဆွေးနွေးမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၈ ရက်မှာ [ဆက်လက်ဖတ်ရှုရန်]