စစ်အုပ်စုခန့် ဝန်ကြီးချုပ်၄ဦးကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့

၁၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုခန့်ဝန်ကြီးချုပ်၄ဦးကို အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်း ထဲထည့်သွင်းလိုက်ပါတယ်။

အဲဒီ၄ဦးမှာ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကိုနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ဖြစ်ပြီး အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ တဲ့စာရင်းထဲ ဒီဇင်ဘာလ ၁၀ ရက် မှာ ထည့်သွင်းလိုက်တာပါ။

အဖွဲ့အစည်းတွေအနေနဲ့ ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ ကပစ လို့ခေါ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး၊ စစ်ထောက်ချုပ်ရုံးနဲ့ စစ်မှုထမ်းဟောင်းများအဖွဲ့တို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့ လိုက်ပါတယ်။

ဦးမျိုးဆွေဝင်းဟာ ဧပြီလ ၉ ရက်နေ့က ပဲခူးမြို့မှာ လူပေါင်း ၈၂ ဦးထက်မနည်း အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ ပဲခူးတိုင်းရဲ့ ဝန်ကြီးချုပ် တာဝန်ယူထားသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ကပစ ဟာ မြန်မာပြည်သူတွေကို ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်ရာမှာ စစ်တပ်က အသုံးပြုတဲ့ လက်နက်တွေကို ထုတ်လုပ်နေတာဖြစ်ပြီး၊ စစ်ထောက်ချုပ်ရုံးဟာ အာဏာသိမ်းပြီး‌နောက် ပြည်သူတွေကို သတ်ဖြတ်ရာမှာ စစ်တပ်က အသုံးပြုတဲ့ လက်နက် ခဲယမ်းမီး‌ကျောက်တွေကို အဓိကထောက်ပံ့‌နေကြောင်း စစ်မှုထမ်းဟောင်းများအဖွဲ့ဟာ မြန်မာစစ်တပ်ရဲ့ အကြီးတန်းစစ်ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားပြီး လက်နက်ကိုင်တွေရဲ့ အရန်အင်အားစုအဖြစ် ဖွဲ့စည်းထားကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုံဟောင်းကိုအသုံးပြုထားပါတယ်။

Delta News Agency

Read Previous

အကြမ်းဖက်စစ်တပ်ကြောင့် မြန်မာကို လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဦးမှာ မဟုတ်ဘူးလို့ ဦးကျော်မိုးထွန်းပြော

Read Next

အမေရိကန်အစိုးရရဲ့ ပိတ်ပင်ခံရပြီးနောက် အမေရိကန်လက်နက်တွေ ဖျက်ဆီးပစ်ဖို့ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆန်အမိန့်ပေး