စီးပွားရေးကဏ္ဍ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁ဘီလီယံကျော် ကျဆင်း

၂၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၁ယီလီယံကျော်ကျဆင်းသွားတယ်လို့ ISP-Myanmarက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (သြဂုတ်အထိ)နဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (သြဂုတ်အထိ) နှိုင်းယှဉ်ကြည့်တဲ့အခါ အမေရိကန်ဒေါ်လာ ၁ ဒသမ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖရူဆိုမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် အမေရိကန် ပြစ်တင်ရှုတ်ချ 

၂၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ လူပေါင်း ၃၅ ဦးကျော်အတွက် အမေရိကန် ပြည်ထောင်စုက ဒီ အကြမ်းဖက်လုပ်ရပ်ကို ပြစ်ရှုတ်ချလိုက်ပါတယ်။ မီးရှို့သတ်ဖြတ်ခံရသူတွေထဲမှာ ကလေးငယ်တွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထိုင်းနိုင်ငံ၊မဲဆောက်ဘက်ထွက်ပြေးလာတဲ့မြန်မာစစ်ဘေးဒုက္ခသည် ၅၀၀၀ကျော်ရှိပြီ

၂၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မြဝတီမြို့နယ်၊လေးကေ့ကော်ကို အကြမ်းဖက်စစ်အုပ်စုက ထိုးစစ်ဆင်နေတာကြောင့် သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံ၊မဲဆောက်ဘက်ထွက်ပြေးလာသူ မြန်မာစစ်ဘေးဒုက္ခသည် ၅၀၀၀ကျော်ရှိပြီလို့ ဘန်ကောက်ပို့စ်သတင်းကဖော်ပြပါတယ်။ ဒီဇင်ဘာလ ၂၆ရက်နေ့အထိ ထိုင်းနိုင်ငံဘက်ထွက်ပြေးလာသူ ၅၃၅၈ဦးရှိပြီဖြစ်ကြောင်းတာ့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး Somchai Kitcharoenrungroj က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နတ်ချောင်းရွာကို စစ်အုပ်စုက ထပ်မံမီးရှို့နေ

၂၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း ကလေးမြိုကနယ် နတ်ချောင်းကျေးရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက ထပ်မံမီးရှို့ဖျက်ဆီးနေပြီး သေနတ်သံတွေလည်း ထွက်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၂၆ရက်နေ့ ညနေပိုင်းမှာ စစ်အုပ်စုက ဒေသခံတွေရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်မှာ လူမဲ့ဆန္ဒပြစာတမ်းကို သွားဖြုတ်တဲ့ စစ်အုပ်စု မိုင်းထိ

၂၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။ တနင်္သာရီတိုင်း ထားဝယ်မြို့ မြို့လယ်လမ်းဆုံမှာ ချိတ်ဆွဲထားတဲ့ သွေးကြွေးဆပ်ရမယ်လို့ ရေးသားထားတဲ့ ဆန္ဒပြစာတမ်းကို သွားရောက်ဖြုတ်သိမ်းတဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းထိပြီး ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၂၆ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေရှည်မှာ ပြည်သူတွေမယှဉ်နိုင်အောင် အကြမ်းဖက်စစ်အုပ်စု ကြိုးပမ်းနေလို့ပြော

၂၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့အင်အားကို အရက်စက်ဆုံးချေမှုန်းတဲ့နည်းနဲ့ ရေရှည်မှာ ယှဉ် လို့မရတဲ့ဗျူဟာကိုကျင့်သုံးနေတယ်လို့ အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးကဆိုပါတယ်။ ဒီကနေ့စစ်အုပ်စုရဲ့ လုပ်ရပ်ဟာ ဒုတိယအာဏာရှင် သန်းရွှေ ဦးဆောင်တဲ့စစ်အစိုးရရဲ့ ရက်စက်မှုထက် သိသိ သာသာပိုပြင်းထန်ပြီး ပြည်သူကိုအကြောက်တရားပေးခြင်းနဲ့ ရေရှည်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်သူကို မီးရှို့သတ်ဖြတ်မှု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ပြင်းထန်စွာကန့်ကွက်

၂၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ဒီဇင်ဘာ ၂၄ ရက်က ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာ အနီးတိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတဲ့ ပြည်သူတွေကိုအကြမ်းဖက်စစ်အုပ်စုကမီးရှို့ သတ်ဖြတ်ခဲ့တဲ့ အပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖရူဆိုမှာ Save the Children ကားမီးရှို့ဖျက်ဆီးခံရ၊ဝန်ထမ်း၂ဦးပျောက်ဆုံးနေ

၂၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကယားပြည်နယ်၊ဖရူဆိုမြို့နယ်အတွင်း အရပ်သားပြည်သူတွေ တိုက်ခိုက်ခံရမှုမှာ တာဝန်ထမ်းဆောင်နေတဲ့ Save the Childrenဝန်ထမ်းတွေစီးလာတဲ့ကားမီးရှို့ဖျက်ဆီးခံထားရပြီး ၂ဦးပျောက်ဆုံးနေ တယ်လို့သိရ ပါတယ်။ အဲဒီဝန်ထမ်းနှစ်ဦးဟာ အနီးအနားရှိ ရွာတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်အပြီး တာဝန်ထမ်းဆောင်ရာရုံးကိုပြန်နေစဉ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခုခံတော်လှန်စစ်ကို မဟာမိတ်တွေနဲ့ ညှိနှိုင်းရေးဆွဲထားတဲ့မဟာဗျူဟာအတိုင်း အဆင့်လိုက်ဖော်ဆောင်နေကြောင်း NUGကာကွယ်ရေးဝန်ကြီးပြော

၂၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။ NUG/MODဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အစီအစဉ်ရှိရှိ ဆင်နွှဲ​နေပြီး မဟာမိတ်များနဲ့ ညှိနှိုင်း​ရေးဆွဲထားတဲ့ မဟာဗျူဟာ အစီအစဉ်အတိုင်း စနစ်တကျ အဆင့်လိုက် အ​ကောင်အထည်​ဖော်​နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။ လတ်တ​လော နိုင်ငံအနှံ ​ပေါ်​ပေါက်နေတဲ့ အ​ရေးကြီးတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာစစ်ဘေးသင့်တွေအတွက် ရိက္ခာနဲ့ဆေးဝါးပြင်ထားဖို့ ထိုင်းဝန်ကြီးချုပ်ညွှန်ကြားထား

၂၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ထိုင်းနိုင်ငံဘက် တိမ်းရှောင်လာတဲ့မြန်မာစစ်ဘေးသင့်တွေအတွက် ရိက္ခာနဲ့ဆေးဝါးတွေပြင်ဆင်ထားကြဖို့ ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားတယ်လို့ ဘန်ကောက်စ်ပို့စ်ကဖော်ပြပါတယ်။ ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ဒီဇင်ဘာ၂၄ရက်နေ့က ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ထိုင်းဘက်ခြမ်းမဲဆောက်ကို ထွက်ပြေးတိမ်းရှောင်လာသူ စုစုပေါင်း သောင်းနဲ့ချီ ရှိနေပြီဖြစ်ပေမယ့်အခြေအနေ တည်ငြိမ်သွားတဲ့အခါ မြန်မာဘက်ကို ပြန်ကြဖို့ [ဆက်လက်ဖတ်ရှုရန်]