နိုင်ငံတကာရေးရာ

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို ကိုဗစ်ကာကွယ်ဆေး အမေရိကန်လှူဒါန်းမယ်

၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတွေအတွက် အမေရိကန် ပြည်ထောင်စုက Johnson & Johnson ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ဒီဇင်ဘာလအတွင်း ပေးပို့လှူဒါန်းသွားမယ်လို့သိရပါတယ်။ ဝါရှင်တန်ဒီစီ နိုင်ငံရေးလောက အကြောင်း အဓိက ရေးသားနေတဲ့ Politico [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျန်းမာရေးအသိုက်အဝန်းကို စစ်အုပ်စု အငြိုးတကြီးတိုက်ခိုက်နေမှု NUG ပြင်းထန်စွာရှုတ်ချ

၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုဟာ ဂျီနီဗာကွန်ဗန်းရှင်း၊ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်(၂၂၈၆)အပါအဝင် ပြည်တွင်း နဲ့ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်လို့ NUGအစိုးရ၊ကျန်းမာရေးဝန်ကြီးဌာန က ကြေညာချက်ထုတ်ပြန်လိုက်ပါတဘ်။ အကြမ်းဖက်စစ်အုပ်စုဟာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေ ပရဟိတဝန်ထမ်းတွေနဲ့ဆေးရုံ၊ ဆေးခန်းတွေကို အငြိုးတကြီး ပစ်မှတ်ထား တိုက်ခိုက် ချေမှုန်းနေခြင်းအပေါ် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဘဏ္ဍာရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ဒီဂျောင်ကို ရောင်းချသွားမယ်ဆိုတဲ့ ဘာစီလိုနာ

  ၁၈၊ နိုဝင်ဘာ၊ ၂၀၂၁။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ လက်ရှိ ဘဏ္ဍာရေးပြဿနာကို ဖြေရှင်းဖို့အတွက် ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို လာမယ့် ဇန်နဝါရီစျေးကွက်မှာ ရောင်းချဖို့ စီစဉ်နေပြီလို့ Daily Mail သတင်းဌာနက ဖော်ပြပါတယ်။  လက်ရှိမှာ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ကမ္ဘာ့ဖလား အာဖရိကဇုန် ဒုတိယအဆင့်ခြေစစ်ပွဲများ ပြီးစီး၊ တတိယအဆင့်ကစားရမည့် ၁၀ သင်း ထွက်ပေါ်

၁၇၊ နိုဝင်ဘာ၊ ၂၀၂၁။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဖရိကဇုန် ဒုတိအဆင့်ခြေစစ်ပွဲတွေ ကျင်းပပြီးစီးသွားခဲ့ပြီဖြစ်ပြီး တတိယအဆင့်ကို တက်လှမ်းခွင့်ရရှိတဲ့ အသင်း ၁၀ သင်း အဖြေထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ အဲ့ဒီ အသင်း ၁၀ သင်းကတော့ အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

နယူးကာဆယ်အသင်းကို ဆော်ဒီအာရေဗျလုပ်ငန်းစု ဝယ်ယူခွင့်ရသွားတဲ့ ဂယက်အကျိုးဆက်ကြောင့် ပရီးမီးယားလိဂ်ဥက္ကဌ ရာထူးနုတ်ထွက်

၁၇၊ နိုဝင်ဘာ၊ ၂၀၂၁။ ဆော်ဒီအာရေဗျနိုင်ငံအခြေစိုက် စီးပွားရေးလုပ်ငန်းစုကနေပြီး နယူးကာဆယ်ကို ဝယ်ယူသွားခဲ့တဲ့ကိစ္စရပ်ကို ထိပ်တန်းကလပ်အသင်းတွေဘက်ကနေ ပြင်းပြင်းထန်ထန် ဝေဖန်လာခဲ့အပြီးမှာ ပရီးမီးယားလိဂ်ဥက္ကဋ္ဌ ဂယ်ရီဟော့ဖ်မန်းက ရာထူးနုတ်ထွက်ဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်တယ်လို့ သိရှိရပါတယ်။ နယူးကာဆယ်အသင်းကို ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန်း [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဝက်ဖို့ဒ်နဲ့ပွဲမှာ ရလဒ်ဆိုးခဲ့ရင် နည်းပြ ဆိုးလ်ရှား ထုတ်ပယ်ခံရနိုင်တယ်လို့ သတင်းထွက်ပေါ်

၁၇၊ နိုဝင်ဘာ၊ ၂၀၂၁။ မန်ယူဒါရိုက်တာဘုတ်အဖွဲ့ဟာ လာမယ့် ဝက်ဖို့ဒ်နဲ့ပွဲမှာ ရလဒ်တွေဆိုးခဲ့ရင် နည်းပြဆိုးလ်ရှားကို ရာထူးထုတ်ပယ်လိုက်နိုင်တယ်လို့ သိရပါတယ်။ ဗြိတိန်သတင်းမီဒီယာတချို့က မန်ယူအသင်းတာဝန်ရှိသူတွေဟာ အခုသီတင်းပတ်အတွင်း နည်းပြရာထူးအတွက် ထိပ်သီးနည်းပြတချို့နဲ့ စကားပြောဆိုခဲ့ပြီး သဘောတူညီမှုတချို့ ရယူထားနိုင်ပြီလို့ ရေးသားဖော်ပြထားပါတယ်။ မန်ယူဒါရိုက်တာဘုတ်အဖွဲ့ဟာ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ရူဒီဂါကို ချယ်လ်ဆီးမှာ ရရှိနေတဲ့လုပ်ခထက် နှစ်ဆပိုပေးပြီး ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ် စီစဉ်

၁၇၊ နိုဝင်ဘာ၊ ၂၀၂၁။ ဘိုင်ယန်မြူးနစ်ဟာ ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါကို ချယ်လ်ဆီးမှာ လက်ရှိရနေတဲ့ လုပ်ခလစာထက် နှစ်ဆပိုပေးပြီး ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရှိရပါတယ်။ ချယ်လ်ဆီးနဲ့ ရူဒီဂါတို့အကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်က သက်တမ်းအားဖြင့် နောက်ဆုံးနှစ် အပိုင်းအခြားထဲကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လေထုထဲ မီးခိုးမြူတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေလို့ အိန္ဒိယနိုင်ငံက ကျောင်းတွေ အကန့်အသတ်မရှိပိတ်

၁၇၊ နိုဝင်ဘာလ၊ ၂၀၂၁။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ လေထုထဲ မီးခိုးမြူတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေလို့ လေထုညစ်ညမ်းမှု အန္တရာယ် အမြင့်ဆုံးအဆင့်သတ်မှတ်ပြီး မြို့တော်က ကျောင်းတွေကို အကန့်သတ်မရှိ ပိတ်ပစ်လိုက်ပါတယ်။  Aljazeera သတင်းဌာနရဲ့ ဖော်ပြချက်အရ လက်ရှိမှာ အိန္ဒိယအစိုးရအနေနဲ့  [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်ပြည်နယ်မှာ စစ်အုပ်စုအချင်းချင်း ပစ်ခတ် တပ်ခွဲတပ်ကြပ်ကြီး တစ်ဦးသေ

၁၇၊ နိုဝင်ဘာလ၊ ၂၀၂၁။ ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀တပ်ရင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်ခွဲတပ်ကြပ်ကြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ နိုဝင်ဘာလ ၁၅ရက်နေ့ ည ၉နာရီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာ့အရေး စစ်အုပ်စုနဲ့ပူးပေါင်းဖြေရှင်းနည်းကို နိုင်ငံတကာပုဂ္ဂိုလ်တချို့ ကျင့်သုံးချင်ကြဆဲလို့ ယာယီသမ္မတပြောကြား

၁၇၊ နိုဝင်ဘာလ၊ ၂၀၂၁။ နိုင်ငံတကာကပုဂ္ဂိုလ်တချို့ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းဖြေရှင်းနည်းကို ကျင့်သုံးချင်ဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။ နိုဝင်ဘာ၁၆ရက်နေ့ကကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ သူက အဲဒီလိုပြောကြားခဲ့တာပါ။ တကယ်တော့မြန်မာ့အရေးကို မြန်မာပြည်သူလူထုကသာ ဖြေရှင်းနိုင်တယ်ဆိုတာကို ဓမ္မဒိဌာန်ကျကျ ရှုမြင်တတ်ဖို့ လိုကြောင်း [ဆက်လက်ဖတ်ရှုရန်]