ဒေသအလိုက် သတင်းကဏ္ဍ

ဒီမောဆိုနဲ့ဖယ်ခုံ ပြည်သူ ၃၀၀၀ ကျော် အိုးအိမ်စွန့် ထွက်ပြေးခဲ့ရကြောင်း UNOCHA ထုတ်ပြန်

ဒီမောဆိုနဲ့ဖယ်ခုံ မြို့နယ်ထဲက ပြည်သူ ၃၀၀၀ ကျော်ဟာ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့ကစပြီး အိုးအိမ်စွန့် ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

၂ လအတွင်း အကြမ်းဖက်စစ်တပ် မီးရှို့လို့ပျက်စီးခဲ့တဲ့ လူနေအိမ် ၄၀၀၀ နီးပါးရှိ

၂၀၂၂ ခုနှစ် ၂ လတာအတွင်း အကြမ်းဖက်စစ်တပ် မီးရှို့လို့ပျက်စီးခဲ့တဲ့ လူနေအိမ် ၄၀၀၀ နီးပါးရှိကြောင်း Data For Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၂၂ ခုနှစ်ဖေဖေါ်ဝါရီမှာ မီးရှို့လို့ပျက်စီးခဲ့တဲ့အိမ်၂၈၈၂ လုံးရှိပြီး ဇန်နဝါရီလမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖားကန့်မှာ စစ်အုပ်စုခန့် ဆယ်အိမ်မှူးတစ်ဦး အပစ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ညောင်ပင်ကုန်းအနီး အေးမြသာယာရပ်ကွက်က စစ်အုပ်စုခန့် ဆယ်အိမ်မှူးတစ်ဦးကို အမည်မသိ သေနတ်သမားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မတ်လ၂ရက်နေ့ ညနေ ၄နာရီခန့်မှာ အေးမြသာယာရပ်ကွက် အပိုင်း(၁) တိုးချဲ့ရပ်ကွက် ဆယ်အိမ်မှူး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ နေအိမ်တစ်လုံး ဗုံးပစ်ခံရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာမြို့သစ်မှာရှိတဲ့ စစ်အုပ်စုရဲ့ သတင်းပေး ဒလန်လို့ နာမည်ကြီးနေသူတစ်ဦးရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ မတ်လ ၂ရက်နေ့ ညနေ၆နာရီ ၄၅မိနစ်ခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် နေအိမ်အနည်းငယ်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်လတ်မြို့ အမှတ်(၂) ရပ်ကွက်ရုံး ဗုံးပစ်ခံရ

ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ် အမှတ်(၂) ရပ်ကွက်ရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၂ရက်န့ မနက် ၄နာရီ၃၀မိနစ်ခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဖျာပုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု-ဧရာဗေဒါ(ကျိုက်လတ်) နဲ့ ကျိုက်လတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျိုက်လတ် ပ-က-ဖ)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆီမီးခုံဆိပ်ကမ်းမှာ တင့်ကားပါ စစ်အုပ်စုရဲ့ သင်္ဘောအတိုက်ခံရ

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး ဆီမီးခုံဆိပ်ကမ်းမှာ အထိုင်ချဆိုက်ကပ်ထားတဲ့ တင့်ကားပါ စစ်အုပ်စု သင်္ဘောကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၂၀ဦးခန့် သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၂ရက်နေ့ မနက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လူသားဒိုင်းအဖြစ် အသုံးချမခံရအောင် စစ်အုပ်စုကို ဝေးဝေးကရှောင်လို့ သတိပေး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ လူသားဒိုင်းအဖြစ် အသုံးမခံရဖို့ စစ်အုပ်စုကို ဝေးဝေးကရှောင်တိမ်းနေကြပါလို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးလိုက်ပါတယ်။ ဝက်လက်မြို့နယ်အတွင်းမှာ ရှိတဲ့ ပြည်သူတွေ အနေနဲ့ မတ်လ ၂ရက်နေ့မှစတင်ကာ ညနေ ၆နာရီကနေ မနက်၆နာရီအတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုဗုံးပစ်ခံရ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းနဲ့ ၁၁၇ ကျန်စစ်သားလမ်းထောင့်မှာ လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ အကြမ်းဖက်စစ်အုပ်စု ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲနှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၂ရက်နေ့ ညနေ ၄နာရီခွဲခန့်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒုတ်ထစ်ရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေ

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးလမ်းမပေါ်မှာရှိတဲ့ ဒုတ်ထစ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၂ရက်နေ့ မနက်ပိုင်းမှစတင်ကာ ရမ်ထလိုကျေးရွာနဲ့ ဒုတ်ထစ်ကျေးရွာအကြားမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်အုပ်စုက ဒုတ်ထစ်ကျေးရွာကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချင်းပုန်းရွာက ဘုန်းကြီးကျောင်းပိုင်ငွေ သိန်း ၁၀၀ ကျော်ကို အကြမ်းဖက်စစ်တပ် လုယက်သွား

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာ ဘုန်းကြီးကျောင်းပိုင် ကျပ်သိန်း ၁၀၀ ကျော်ကို အကြမ်းဖက်စစ်တပ်က လုယက်သွားတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က ချင်းပုန်းရွာဝန်းကျင်ကို လေကြောင်းကနေပါ တိုက်ခိုက်ကာ ရွာထဲဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဖေဖေါ်ဝါရီ ၂၈ [ဆက်လက်ဖတ်ရှုရန်]