ဒေသအလိုက် သတင်းကဏ္ဍ

တမူးနယ်စပ် ရဲကင်း တိုက်ခိုက်ခံရ၊ အရာရှိ ၂ ဦးအပါအဝင် အကြမ်းဖက်စစ်သား ၁၀ ယောက်ကျော်သေ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းရှိ မြန်မာ-အိန္ဒိယနယ်စပ်နဂါးမင်းသမီးရေကန် ရဲကင်းရှိ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦးအပါအဝင် ၁၀ ယောက်ကျော်သေဆုံးခဲ့တယ်လို့ Burmese Students Organization (BSO) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီနေ့မနက် ၅ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

၁၉နှစ်အရွယ် လပွတ္တာလူငယ်ကို အကြမ်းဖက်စစ်တပ်နှိပ်စက်ပြီး တိတ်တဆိတ်မီးသဂြိုလ်

PDFတွေကိုထောက်ပံ့တယ်ဆိုပြီး စစ်ကြောရေးမှာ ဖမ်းဆီးရိုက်သတ်ခဲ့တဲ့ လပွတ္တာမြို့ခံ လူငယ်ရဲ့ အလောင်းကို အကြမ်းဖက်စစ်တပ်က တိတ်တဆိတ် မီးသဂြိုလ်ခဲ့ကြောင်း သိရပါတယ်။ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အမှတ် (၂) ရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ် စောမျိုးဆက်ကို မတ်လ ၁၅ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧပြီလထဲ နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြန်ဖွင့်ပေမယ့် စိန်ခေါ်မှုတွေရှိနေ

၂ နှစ်ကျော်ကြာ ပိတ်ထားခဲ့တဲ့ နိုင်ငံတကာလေကြောင်းလိုင်းတွေ ဧပြီလထဲ ပြန်ဖွင့်သွားဖို့ ကြေညာလိုက်ပေမယ့် စိန်ခေါ်မှုတွေ ရှိနေသေးတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း နာယကက DNA ကိုပြောပါတယ်။ သင်္ကြန်အပြီး မြန်မာနှစ်ဆန်း ၁ ရက်၊ ဧပြီ ၁၇ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပခုက္ကူလေယာဉ်ကွင်းနား စစ်ကားမိုင်းထိ၊၅ဦးပွဲချင်းပြီးသေ

မကွေးတိုင်း၊ပခုက္ကူမြို့ လေယာဉ်ကွင်းအနီးမှာ စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မတ်လ၂၀ရက်၊နေ့ခင်း ၁၂နာရီမိနစ်၄၀လောက်က ပခုက္ကူ- ရေစကြို လမ်းပိုင်းကနေ ပခုက္ကူကို ပြန်လာတဲ့စစ်ကားတစ်စီးကို ပခုက္ကူ လေယာဉ်ကွင်းအနီးအရောက် Pakokku North PDF နဲ့Southern [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်း ဒေသအချို့မှာ မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်နေ

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်း အာစနီဟာ နောက် ၁၂ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာပြီး မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းရကြောင်း မိုးဇလက ထုတ်ပြန်ကြေညာထားပါတယ်။ မုန်တိုင်းဟာ ဒီကနေ့ ညနေမှာ ကိုကိုကျွန်းအနီးနဲ့ မနက်ဖြန် ဧရာဝတီတိုင်းဒေသကြီး၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘုရားပွဲကျင်းပနေစဉ် အကြမ်းဖက်တပ် လက်နက်ကြီးနဲ့ပစ်ခတ်၊ ၃ ဦးသေ၊ ၈ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျောက်တောင်ရွာမှာ ဘုရားပွဲကျင်းပနေစဉ် အကြမ်းဖက်စစ်တပ်က ၁၂၀(မမ) လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မတ်လ (၁၉) ရက်နေ့၊ ည ၈ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သေနတ်ဒဏ်ရာနဲ့ ဖမ်းဆီးခံရတဲ့ ပရဟိတလူငယ် ဆေးကုခွင့်မရလို့ ကျဆုံး

သေနတ်ဒဏ်ရာနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်က ပရဟိတလူငယ်ဟာ ဆေးကုသခွင့်မရတဲ့အတွက် ကျဆုံးသွားခဲ့ကြောင်း သိရပါတယ်။ မတ်လ ၁၈ ရက်ညနေ ၅ နာရီကျော်လောက်က မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ရေးမြို့နယ်၊ ဝဲပေါင်ရွာမှာ ကားပြင်နေစဉ် အကြမ်းဖက်စစ်တပ်က ပစ်ခတ်တာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပျူသင်တန်းဆင်း သန်လျင် ရာအိမ်မှူး တစ်ဦးကို ရှင်းလင်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ ပျူစောထီး သင်တန်းဆင်း ရာအိမ်မှူး တစ်ဦးကို သန်လျင် ပြည်သူ့ကာကွယ်ရေးတပ်က ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။ သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာရှိ ပျူစောထီး သင်တန်းဆင်း ရာအိမ်မှူး ထွေးသိန်းကို ယမန်နေ့ မနက်ပိုင်း ၁၀ နာရီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆွတ်ခွန် ခရီးစဉ်အပေါ် သပိတ်အင်အားစုတွေ ကန့်ကွက်

အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနဝန်ကြီး ပရတ်ဆွတ်ခွန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုတွေက နိုင်ငံရေးအရ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ပထမအကြိမ် မြန်မာနိုင်ငံခရီးစဉ်အဖြစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သုံးခွအခွန်ရုံးနဲ့ စစ်တပ်အားကိုး စာရေးမတစ်ဦးရဲ့ နေအိမ်ကို သတိပေး ဗုံးခွဲ

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့အခွန်ရုံးနဲ့ စစ်တပ်အားကိုးပြီး ပြည်သူအပေါ် မောက်မာရိုင်းစိုင်းနေတဲ့ စာရေးမတစ်ဦးရဲ့ နေအိမ်တို့ကို ဗုံးနှစ်လုံးဖောက်ခွဲကာ သတိပေးခဲ့ကြောင်းသိရပါတယ်။ ယမန်နေ့ည ၇ နာရီ ၄၅ မိနစ်နဲ့ ၇ နာရီ ၄၇ မိနစ်တို့မှာ သုံးခွမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ [ဆက်လက်ဖတ်ရှုရန်]