ဒေသအလိုက် သတင်းကဏ္ဍ

ဒီးမော့ဆို တိုက်ပွဲမှာ စစ်အုပ်စုဘက်က ၂ဦးသေ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရပ်ကွက်ကို စစ်ကကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)တပ်ဖွဲ့ ဗျူဟာ(၃)မှ C ,D, E တပ်ရင်းရဲ့ တပ်ခွဲအချို့ နှင့် အလယ်ပိုင်းတိုင်း(၁၁၀၂)တပ်ရင်းမှ တပ်ခွဲအချို့ တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာပါ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ကဖမ်းဆီးခဲ့တဲ့ Dark Shadow အဖွဲ့ဝင်၁၄ဦးစလုံး ကျဆုံးခဲ့ပြီလို့ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့တဲ့ Dark Shadow အဖွဲ့ဝင်၁၄ဦးစလုံး ကျဆုံးသွားပြီလို့ MSI Youth Defense Force ကထုတ်ပြန်ပါတယ်။ ဧပြီလ(၂၇) ရက်နေ့မှာ စစ်တပ်က ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ အလပ်ချောင်းကျေးရွာက Dark Shadow အဖွဲ့ဝင်လူငယ်တွေကို ဝင်ရောက်ဖမ်းဆီးချိန်ထဲက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မြို့မှာ မီးလောင်မှုဖြစ်ပွား နေအိမ် ၅လုံးပျက်စီ

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ်(၆)ရပ်ကွက် ဘန့်ဘွေးကုန်းလမ်းမှာ ဧပြီလ ၃၀ရက်နေ့ မနက် ၁နာရီလောက်က မီးလောင်မှုတစ်ခုဖြစ်ပွားပြီး နေအိမ် ၅လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဘန့်ဘွေးကုန်းလမ်းနဲ့ ဇေယျဝတီလမ်းထောင့်မှာရှိတဲ့ ရွှေဒေါင်းအထည်နဲ့စတိုးဆိုင်ခန်းအတွင်းက စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အနီးဝန်းကျင်ရှိ နေအိမ်တွေကိုပါ မီးကူးကာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

“အလုပ်သမားအင်အားဖြင့် ဖက်ဆစ်တပ်ကိုတိုက်ထုတ်ကြ”စာသားကိုင်ဆောင်လှုပ်ရှားမှုပြုလုပ်

မေလ ၁ ရက်နေ့မှာကျရောက်မယ့် နိုင်ငံတကာ အလုပ်သမားနေ့(Mayday)ကိုကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ ဧပြီလ ၃၀ရက်နေ့မှာ “အလုပ်သမားအင်အားဖြင့် ဖက်ဆစ်တပ်ကိုတိုက်ထုတ်ကြ” စာသားကိုင်ဆောင်ပြီး ရန်ကုန်မြို့တစ်နေရာမှာ လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ အဆိုပါလှုပ်ရှားမှုကိုSC strike (စမ်းချောင်းပင်မသပိတ်စစ်ကြောင်း) , LGBT community Yangon [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

PTTEP နဲ့ Petronas ကုမ္ပဏီတွေ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းကနေ ထွက်ပြီ

ထိုင်းနိုင်ငံပိုင် PTTEP ရေနံ ၊ သဘာဝဓာတ်ငွေ့ကုမ္ပဏီနဲ့ မလေးရှားအစိုးရပိုင် Petronas စွမ်းအင်ကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံတွင်း ရဲတံခွန် သဘာဝ ဓာတ်ငွေ့စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတာတွေကနေ နှုတ်ထွက်လိုက်ပြီလို့ ဧပြီလ ၂၉ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မနှစ်က စစ်တပ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦး တပင်ကောင်း(တောင်)ရွာမှာအကြမ်းဖက်စစ်အုပ်စုက အိမ်ခြေ ၅၀ခန့်ကို မီးရှို့ဖျက်ဆီး

ခင်ဦးမြို့နယ် တပင်ကောင်း(တောင်)ရွာမှာ မနေ့က ဧပြီလ ၂၉ ရက်မှာ အကြမ်းဖက်စစ်အုပ်စု ၁၀၀ နီးပါးလောက် လက်နက်ကြီးတွေနဲ့ ဝင်ပစ်ခတ်ပြီး အိမ်ခြေ ၅၀ခန့်ကို အကြောင်းမဲ့ မီးရှို့ပြီး ထွက်သွားခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကဆိုပါတယ်။ စစ်အုပ်စုဟာဒီနေ့ မနက်ပိုင်းမှာ ရွာသားတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဇီးဖြူကုန်းကျေးရွာမှာရှိတဲ့ ပျူစောထီးစခန်းကို PDFတွေ ဝင်တိုက်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၂၉ရက်နေ့ မွန်းလွဲ ၁၂နာရီလောက်မှာ ဇီးဖြူကုန်းကျေးရွာက ပျူစောထီးစခန်းကို မုံရွာခရိုင်တပ်ရင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်သာယာမြို့နယ် လျှပ်စစ်မီတာရုံး ဖောက်ခွဲခံရ

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အရှေ့ပိုင်း စက်မှုဇုန်မှတ်တိုင်အနီးမှာရှိတဲ့ စစ်အုပ်စုလက်အောက်ခံ မြို့နယ် လျှပ်စစ်မီတာရုံးမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီလ ၂၉ရက်နေ့ မနက်၉နာရီ ခွဲ​လောက်က ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဖြစ်တဲ့ From Zero to Heroနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နန့်စလျော်ကျေးရွာ ဘုန်းကြီးကျောင်းကို ပျူစောထီးအဖွဲ့ ဗုံးခွဲတိုက်ခိုက်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာအုပ်စု နန့်စလျော်ကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်အုပ်စုလက်အောက်ခံ ပျူစောထီးအဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ KNGက ဖော်ပြထားပါတယ်။ မနေ့က ဧပြီလ ၂၈ရက်နေ့ ည ၇နာရီ ၃၀မိနစ်ခန့်မှာ နန့်စလျော်ကျေးရွာ တောင်ပိုင်းမှာရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရှေ့ပိုင်းတက္ကသိုလ်သမဂ္ဂအဖွဲ့ဝင်တဦးနဲ့ ကျောင်းသား၂ဦးဖမ်းဆီးခံရ #ရန်ကုန်

ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ရရတကသ) အဖွဲ့ဝင်တစ်ဦး၊ ကျောင်းသား ၂ဦးအပါအဝင် အသက်မပြည့်သေးတဲ့ ၁၂နှစ်အရွယ် ကလေးငယ်တစ်ဦးကို အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးခဲ့တယ်လို့ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ EYUSU က ဒီကနေ့ ဧပြီလ ၂၉ရက်နေ့မှာ [ဆက်လက်ဖတ်ရှုရန်]