ဒေသအလိုက် သတင်းကဏ္ဍ

မိုးဗြဲPDF မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် မွမ်းမံသင်တန်းဆင်းပွဲကို ဧပြီ၃၀ရက်နေ့က ကျင်းပခဲ့ပါတယ်။ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊တပ်ခွဲ ၄နဲ့၅ ပူးပေါင်းပြီး ဧပြီ၉ရက်နေ့ကနေ ၂၉ရက်နေ့အထိ ၁၁ရက်ကြာ ​မွန်းမံသင်တန်းကိုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒီကနေ့မနက်ပိုင်းမှာ မိုးဗြဲPDF ကထုတ်ပြန် ပါတယ်။

ဒေသအလိုက် သတင်းကဏ္ဍ

လူသားတံတိုင်းသုံး စစ်တပ်နဲ့ဖောင်းပြင်မှာတိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်သား ၁၅ဦးထက်မနည်းသေ

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်အတွင်း အရွယ်မရောက်သေးတဲ့ကလေးတွေကို လူသားတံတိုင်းအဖြစ်အသုံး ပြုချီတက်လာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာအကြမ်းဖက်စစ်သား၁၅ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရ ပါတယ်။ ဧပြီ(၂၈)ရက်နေ့က အကြမ်းဖက်စစ်သား၇၀လောက်ဟာမြင်သာရွာကအရွယ်မရောက်သေးတဲ့ကလေးတွေကို လူသားတံတိုင်းအဖြစ်အသုံးပြုပြီးနောင်စကန်၊ရွှေထီးကုန်းလမ်းအတိုင်းချီတက်လာခဲ့ရာအသင့်နေရာယူထားတဲ့ PDF တွေနဲ့ မနက်၆နာရီလောက်မှာ စတင်ထိတွေ့မှုဖြစ်ပွားခဲ့ပြီးမိနစ်၄၀လောက်ကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ PDFတွေက လက်ဦးမှုရယူတိုက်ခိုက်နိုင်ခဲ့လို့ ရန်သူ(၁၅)ဦးထက်မနည်းသေဆုံးခဲ့ပြီး PDFရဲဘော်တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

Cobraစစ်ကြောင်းဆီကို တပ်မတော်သား ၂ဦး အလင်းဝင်

အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ခမရ(၁) သထုံမှ တပ်မတော်သား ၂ဦးဟာ CDM ပြုလုပ်ပြီး Cobraစစ်ကြောင်းကနေတဆင့် ပြည်သူ့ထံ အလင်းဝင်ခဲ့တယ်လို့ Cobraစစ်ကြောင်းက ဒီကနေ့ ဧပြီ၃၀ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။ ဧပြီလ ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ တပ်မ ၄၄လက်အောက်ခံ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန်သာကုန်းကျေးရွာအနီးတိုက်ပွဲ စစ်အုပ်စုနဲ့ ပျူစောထီး ၁၅ ဦးခန့်သေ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကန်သာကုန်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုနဲ့ ပျူစောထီးတွေ ၁၅ ဦးခန့် သေဆုံးခဲ့တယ်လို့ Shwebo Daily News က သတင်းဖော်ပြထားပါတယ်။ မနေ့က ဧပြီလ ၂၉ ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး သစ်ပင်နဲ့ ဓာတ်တိုင်အချို့ လဲကျ

ရန်ကုန်မြို့မှာ ဒီကနေ့ ဧပြီလ ၃၀ရက်နေ့ ညနေ ၃နာရီလောက်ကစလို့ နေရာကွက်ကြား မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သစ်ပင် သစ်ကိုင်းအချို့ ကျိုးကျကာ ဓာတ်တိုင်အချို့ လဲပြိုခဲ့တယ်လို့ ရန်ကုန်မြို့နေထိုင်သူတွေက ပြောပါတယ်။ သင်္ကန်းကျွန်းမြို့နယ် သံသုမာလမ်းမပေါ်မှာ မိုးရွာသွန်းပြီးနောက် ဓာတ်တိုင်အချို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တရုတ်စီးပွားရေးစင်္ကြံ ဖော်ဆောင်မယ့် မြို့တွေမှာ တိုက်ပွဲ ၇၀ ကျော်ဖြစ်ပွာ

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတဲ့မြို့နယ်တွေမှာ တိုက်ပွဲ ပေါင်းအကြိမ် ၇၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းတွေ အကောင်အထည် ဖော်ဖို့ စီစဉ်ထားတဲ့ မြို့နယ်ပေါင်း ၄၂ ခု မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာ့ဒီမိုကရေစီရေး NUG နဲ့ ဆက်လက်ပူးပေါင်းမယ်လို့ ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂဥက္ကဌ ပြော

မြန်မာပြည်သူတွေ တောင့်တတဲ့ ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေးအတွက် NUG အစိုးရနဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဂျပန်လွှတ်တော်အမတ်များသမဂ္ဂ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့နဲ့ ဂျပန်လွှတ်တော်အမတ်များသမဂ္ဂတို့ ဧပြီ ၂၇ ရက်က ဗွီဒီယိုကွန်ဖရင့်နဲ့ ကျင်းပခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမြို့ ကျောက္ကာလမ်းမှာ စစ်အုပ်စုယာဉ်တန်း မိုင်းထိပြီး ၂ဦးသေ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကျောက္ကာလမ်း ငွေကမ္ဘာမင်းဆီဆိုင်အနီးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်း မိုင်းဆွဲခံရပြီး အနီးကပ်ပစ်ခတ်ခံရကာ ၂ဦးသေဆုံး ၊ ၄ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၃၀ရက်နေ့ ညနေ ၃နာရီခန့်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြို့ပြတိုက်ပွဲတွေမှာ စစ်တပ်ကို ခြိမ်းခြောက်နိုင်မယ့်မောင်းပြန်သေနတ် မကြာမီ မိတ်ဆက်မယ်

မြို့ပြတိုက်ပွဲတွေမှာ အကြမ်းဖက်စစ်တပ်အပေါ် အကောင်းဆုံးခြိမ်းခြောက်နိုင်မယ့် မောင်းပြန်သေနတ်ကို မကြာမီ မိတ်ဆက်တော့မယ်လို့ ပြည်သူ့စစ်သားစစ်လက်နက် ထုတ်လုပ်ရေးတပ်ဖွဲ့ (PSPT) က ထုတ်ပြန်ပါတယ်။ ‘ဒီ project တွေရဲ့ Trial Production ဟာလည်း အောင်မြင်ပြီးသား ဖြစ်ပါတယ်။ Mass [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရှမ်း/မြောက် လေဘေးသင့်အိမ်ခြေ ၂၀၀ လောက်ကို ကုလထောက်ပံ့

ရှမ်းပြည်နယ်မြောက်ပိုင်းက လေဘေးဒဏ်သင့်အိမ်ခြေ ၂၀၀ လောက်ကို ထောက်ပံ့ကူညီခဲ့တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချို၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ သိန္နီနဲ့ မူဆယ်မြို့နယ်တွေက ကျေးရွာပေါင်း ၂၂ ရွာမှာ အထက်တန်းကျောင်းတစ်ကျောင်းအပါအဝင် အိမ်ခြေ [ဆက်လက်ဖတ်ရှုရန်]