ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကြောင်းထိုးလာတာကြောင့် ကန်ပက်လက်ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အမှတ်၅တိုက်နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာတာ ကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ကန်ပက်လက်မြို့၊ အမှတ်(၅) တိုက်နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ ရုတ်တရက်နောက်ကြောင်းပြန်ဆုတ်လာတဲ့အတွက် အဲဒီလမ်းကြောင်းပေါ်က ပြည်သူတွေကို ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဘေးကင်းရာနေရာတွေဆီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီမြစ်အတွင်း ဆီသင်္ဘော လုံခြုံ‌ရေးလိုက်ပါလာတဲ့ သင်္ဘောကို အီနာဂါဗုံးနဲ့ တိုက်ခိုက်

ဧရာဝတီမြစ်ကြောင်းအတွင်း ဆီ သင်္ဘော လုံခြုံ‌ရေးလိုက်ပါလာတဲ့ သင်္ဘော ကို ဒရုန်းနဲ့ အီနာဂါဗုံး ပစ်ချတိုက်ခိုက်ခဲ့ရာ စစ်သားတွေထိုင်နေတဲ့ အလယ်တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရပါတယ်။ ဇွန်လ၁၃ရက်နေ့ ညနေ၄နာရီလောက်က ၆၀မမ လက်နက်ကြီးတပ်ဆင်ကာ ဆီ သင်္ဘော လုံခြုံရေးလိုက် ပါလာ တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီနေ့မနက်၅နာရီလောက်မှာ ချောင်းဦးကရွာနှစ်ရွာကို စစ်တပ်မီးရှို့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကရွာနှစ်ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်းသိရပါတယ်။ ဒီနေ့မနက်၅နာရီလောက်မှာ ချောင်းဦးမြို့နယ်၊တောကျောင်းလေးရွာနဲ့ ထန်းတောရွာက နေအိမ်အများအ ပြားကို မီးရှို့နေကြောင်း Chaung U Revolution ကထုတ်ပြန်ပါတယ်။ ‘တောကျောင်းလေးရွာထဲကို မနေ့ကတည်းက စစ်တပ်က ဝင်မွှေလုယက်ထားပြီးပြီ။မနေ့ကတည်းက ရွာထဲပိတ်မိနေတဲ့ ရွာသားတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီဒေါင်းတမာန်အဖွဲ့ရဲ့ စစ်ကျွန်ပညာရေးဆန်ကျင်တဲ့ လှုပ်ရှားမှု

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် ၊ ရေနံတောင်ကျေးရွာက အထက်တန်းကျောင်းနဲ့ ညောင်းဝိုင်းကျေးရွာက မူလတန်းကျောင်း ရှေ့တွေမှာ နိုင်ငံကို သေဒဏ်ပေးနေသဖြင့် ယနေ့ကျောင်းပိတ်သည် ဆိုတဲ့ စာတမ်းတွေကို ချိတ်ဆွဲတဲ့ လှုပ်ရှားမှုတွေကို ဇွန်လ ၁၃ မနေ့က ညပိုင်းမှာ လုပ်ခဲ့ကြတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒေသခံတွေ လုပ်ငန်းခွင်ဝင်နိုင်ဖို့ ကလေး PDF က တပ်ဆင်ထားတဲ့မိုင်းတွေ ပြန်ဖြုတ်သိမ်းပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တောင်ပိုင်း ဒေသခံတွေအနေနဲ့ လုပ်ငန်းခွင်ကို စိတ်ဖြောင့်ဖြောင့်နဲ့ ပြန်ဝင်နိုင်ဖို့အတွက် တပ်ဆင်ထားတဲ့မိုင်းတွေကို ပြန်ဖြုတ်သိမ်းပေးခဲ့တယ်လို့ ကလေး PDF က ဇွန်လ ၁၂ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ ထုတ်ပြန်ချက်ထဲမှာတော့ “ကလေးမြို့နယ်တောင်ပိုင်း ထိုမာကျေးရွာကနေလမ်းတလျှောက် နတ်ချောင်းကျေးရွာအထိ ကျေးရွာများအတွင်းရှိ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမြို့ပေါ်က ဇီးကွက်စစ်ဆင်ရေး စစ်သား ၂ ဦး ပွဲချင်းပြီးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောရပ်အတွင်း စစ်သားတွေဖြတ်လေ့ရှိတဲ့လမ်းမှာ မိုင်းခွဲခဲ့ရာ ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ဒီနေ့မနက် ၄ နာရီ မိနစ် ၄၀ လောက်မှာ မုံရွာမြို့၊ ထန်တောရပ်ရှိ စစ်သားတွေဖြတ်လေ့ရှိတဲ့ ရွှေဝါရောင်လမ်းပေါ် မြင်သာအောင် မိုင်းထောင်ထားပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပခန်းကြီးရဲစခန်းက ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ပခန်းကြီးရဲစခန်းက ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်း ဝင်ခဲ့ပါတယ်။ အဲဒီရဲတပ်သားဟာ စစ်အုပ်စုလက်အောက်မှာ ဆက်လက်တာဝန်ထမ်းလိုစိတ်မရှိတော့တာကြောင့် ဒီနေ့မှာ Young Force (UG)နဲ့ ချိတ်ဆက်အလင်းဝင်ခဲ့ရာ အခုအခါ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိပြီဖြစ်တယ်လို့ Young Force (UG) က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုကျင်းပမယ့်ရွေးကောက်ပွဲဟာ အာဏာရှင်စနစ်ကို အသွင်သဏ္ဍာန်ပြောင်းခြင်းသာဖြစ်တယ်လို့ အဖွဲ့ပေါင်း ၃၀ကျော်ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ်ဆိုတဲ့ ၂၀၂၃ရွေးကောက်ပွဲဟာ ဒီမိုကရေစီအရွေ့လုံးဝမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို အသွင်သဏ္ဍာန်ပြောင်းခြင်းသာဖြစ်ကြောင်း အဖွဲ့၃၃ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ်အကုန်အစင်ဖျက်သိမ်းရေး၊၂၀၀၈အ ခြေခံဥပဒေ အပြီးအပိုင်ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်၃ရပ်ကနေ ရှောင်ထွက်ဖို့ အတွက် ထွက်ပေါက်ဖြစ်တယ်လို့လည်းဆိုပါတယ်။ စစ်အုပ်စုပြုလုပ်မယ့် ၂၀၂၃ရွေးကောက်ပွဲကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြည့်မြင်တိုင်မြို့နယ်မှာ စစ်ကျွန်ပညာရေး အမြစ်ဖြတ်ဖို့ လှုပ်ရှားမှုပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ ပန်းခြံအရှေ့မှာ ကျောင်းမတက်ဖို့ ဖက်ဆစ်ဆန့်ကျင်ရေး တပ်လှန့်တဲ့ လှုပ်ရှားမှုတစ်ခုကို ဒီကနေ့ ဇွန် ၁၃ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီနဲ့ ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမ္မဂ္ဂ (ဗကသ) တို့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီလှုပ်ရှားမှုမှာ “ခေတ်ကောင်းကို ချီတက်ဖို့ စစ်ကျွန်ပညာမမြစ်ဖြတ်စို့”စာသားကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန်ရွာရဲစခန်းကို အမည်မသိအဖွဲ့ ပစ်ခတ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်းက ကန်ရွာရဲစခန်းကို အမည်မသိအဖွဲ့တစ်ဖွဲ့က ဇွန်လ ၁၂ ရက်နေ့ ည ၈ နာရီကျော်မှာ ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာမ ထုတ်ပြန်ထားတာမရှိသေးပါဘူး။ “ဘယ်အဖွဲ့ ဘယ်ကောင်တွေ လာလုပ်သွားတာလဲကိုမသိသေးဘူး။ [ဆက်လက်ဖတ်ရှုရန်]