ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မြို့မှာ အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်အဖြစ် ဆန္ဒပြ

အမျိုးသားအောင်ပွဲနေ့ (၁၀၂) နှစ်မြောက်အထိမ်း အမှတ်အဖြစ် ဒီကနေ့ နိုဝင်ဘာ (၁၇)ရက်၊ မနက် ပိုင်းက ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်အဖွဲ့တွေ စုပေါင်းပြီး ရန်ကုန်မြို့တစ်နေရာမှာ သပိတ်မှာက် ဆန္ဒပြခဲ့ကြပါတယ်။ အဲ့ဒီဆန္ဒပြမှုကို လှိုင်သာယာမြို့နယ်(ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး “အမျိုး သားခွပ်ဒေါင်းအလံတော်အား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာတောင်ပိုင်းကို စစ်တပ်စစ်ကြောင်းထိုးချိန် နေအိမ်သုံးဆယ်ထက်မနည်းမီးရှို့ခဲ့ပြီး ပြည်သူပိုင်ပစ္စည်းတွေလည်း သိမ်းယူ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ​တောင်ဘက်ခြမ်းကရွာသုံးရွာကို စစ်​ကောင်စီတပ်တွေ အခုလဆန်းပိုင်းက စစ်ကြောင်းထိုးချိန်မှာ နေအိမ်သုံးဆယ်ထက်မနည်း မီးရှို့ခဲ့တဲ့အပြင် ဒေသခံပြည်သူတွေရဲ့ ပိုင်ဆိုင်မှု တွေကိုလည်း ဖျက်ဆီးတာ၊ လုယက်ယူဆောင်တာတွေ လုပ်ခဲ့လို့ အိမ်ထောင်စုသုံးဆယ်ကျော် အကူအညီလိုအပ်နေတယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။ “နေအိမ်​တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟာသသရုပ်ဆောင် ဆင်မ ပြန်လွှတ်ပေးမယ်လို့ သတင်းထုတ်ထားပြီး အနုပညာရှင်တချို့ကို စစ်ကောင်စီအမှုပိတ်

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လကတည်းက စစ်တပ်ကနေအိမ်မှာ ဖမ်းဆီးသွားတဲ့ဟာသသရုပ်ဆောင် ဆင်မကို ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွှတ်ပေးမယ်ဆိုတဲ့ သတင်းကို စစ်ကောင်စီဘက်က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်စာတခုထုတ်ထားတာတွေ့ရပါတယ်။ လက်ရှိမှာဟာသသရုပ်ဆောင်ဆင်မပြန်လည်လွတ်မြောက်လာတဲ့သတင်းကိုလည်းမိသားစုနဲ့နီးစပ်သူတွေကပြောဆိုနေကြပြီး DNA ကလည်းမိသားစုတွေဆီဆက်သွယ်အတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။ ဟာသရုပ်ဆောင်ဆင်မကိုတော့ ပြီးခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းစိန်ထောင်ရှေ့ ဓါတ်ပုံရိုက်သူတွေကို စစ်ဆေးပြီးဖမ်းဆီးခံရသူတွေရှိ

ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်သတင်းကြောင့်စောင့်ဆိုင်းနေသူတွေရှိပြီး အဲဒီအထဲက ဓါတ်ပုံရိုက်သူတချို့ကို ဖမ်းဆီးသွားတယ်လို့ထောင်ရှေ့ရောက်နေသူတဦးက DNA ကိုဆက်သွယ်ပြောပြပါတယ်။ ‘’ထောင်ထဲကနေ စစ်သား၃ယောက်နဲ့ရဲ၃ယောက်ထွက်လာပြီး စစ်တာ သုံးယောက်ကိုစစ်ပြီးတယောက်ကိုထောင်ထဲခေါ်သွားတယ်။ကျန်တဲ့လူတွေကတော့ပြေးပြီ’’ လို့ထောင်ရှေ့ရောက်နေသူက ပြောပါတယ်။ ဒီကနေ့မှာ အကျဉ်းသား ၆၀၀၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နိုင်ငံခြားသားလေးဦးအပါအဝင် အကျဉ်းသားခြောက်ထောင်နီးပါးကို စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ပေး

သြစတြေးလျနိုင်ငံသား ရှောင်တာနယ်၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား တိုရူကူဘိုတာနဲ့ အမေရိကန်နိုင်ငံသား ဦးကျော်ဋ္ဌေးဦးတို့အပါအဝင် အကျဉ်းသား ၆၀၀၀ ကျော်ကိုဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ သတင်းထုတ်ပြန်နေပါတယ်။ လွတ်မြောက်လာသူတွေထဲမှာ NLD အစိုးရလက်ထက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ လက်နက်ကြီးထိလို့ တရက်တည်း ဒေသခံ ဆယ့်သုံးဦးထက် မနည်းသေဆုံး၊ အများအပြား ဒဏ်ရာရ

ရခိုင်ပြည်နယ်က မြို့နယ်နှစ်ခုမှာ လက်နက်ကြီး ရွာထဲကျပေါက်ကွဲလို့ ဒီကနေ့ နိုဝင်ဘာ (၁၆) ရက်တရက်တည်းမှာပဲ ဒေသခံ ဆယ့်သုံးဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် (AA) အဖွဲ့တို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်မီးရှို့ခဲ့တဲ့ ဆောမြို့ကရွာနှစ်ရွာ အိမ်ခြေတရာကျော် ပျက်စီးနိုင်

မကွေးတိုင်း၊ ဆောမြို့နယ်က လက်ပန်းနဲ့ ပဆုပ်ရွာတွေကို နိုဝင်ဘာ (၁၅) ရက်မှာ စစ်တပ်က မီးရှို့ခဲ့လို့ နှစ်ရွာပေါင်း အိမ်ခြေ တရာကျော်ဝန်းကျင် ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။ လက်ပန်းရွာဟာ အိမ်ခြေနှစ်ရာဝန်းကျင်ရှိတဲ့ ရွာဖြစ်ပြီး မီးရှို့ခံရလို့ အိမ်ခြေထက်ဝက်လောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟားခါးမြို့မှာ လက်နက်ကြီးထိလို့ ဆယ်ကျော်သက်တဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်မှာရှိတဲ့ မိုးဟိန်းရေသန့်ဖြန့်ချီရေး ကုမ္ပဏီဝန်းထဲကို နိုဝင်ဘာ (၁၅) ရက်ညပိုင်းမှာ လက်နက်ကြီးကျည်ကျ ပေါက်ကွဲလို့ အသက်ဆယ့်လေးနှစ်အရွယ်ယောကျ်ားလေးတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဟားခါးမြို့ခံတွေဆီက သိရပါတယ်။ “သေတဲ့ကလေးကိုတော့မနက်က ဆေးရုံကနေသယ်ခဲ့ပြီးပြီ၊ဒဏ်ရာရတဲ့နှစ်ယောက်ကတော့ဆေးရုံမှာပဲ၊ ဒဏ်ရာကစိုးရိမ်ရတယ်လို့ ကြားတယ်ဗျ” ဟားခါးမြို့ခံတဦးက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်မှာ အမျိုးသားနှစ်ဦးကို မူးယစ်ဆေးတွေနဲ့အတူ မြို့နယ် ပ.က.ဖ က ဖမ်းဆီး

တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ မူးယစ်ဆေးဝါး အရောင်း အဝယ်လုပ်နေ တဲ့အမျိုးသားနှစ်ဦးကို ထား ဝယ်ပြောက်ကျားတော် လှန်ရေးတပ်ဖွဲ့ (DGRF) ကဖမ်းဆီးခဲ့ပြီး မူးယစ်ဆေး ဝါးတွေကိုမီးရှို့ဖျ က်ဆီးခဲ့တယ်လို့ နိုဝင်ဘာ (၁၅) ရက် ဒီကနေ့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန့်ဘလူမြို့မှာ လဝက်အတွင်း အိမ်တရာ့သုံးဆယ်ဝန်းကျင် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်ထဲကကျေးရွာတွေကိုစစ်ကောင်စီကလှည့်ပတ်စစ်ကြောင်းထိုးမီးရှို့နေလို့ အခုလဝက်အတွင်းရွာလေးရွာက နေအိမ်တရာ့ သုံးဆယ်ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ အခုလအတွင်း ကန့်ဘလူမြို့နယ်ထဲက အင်းမ၊ပ င့်သာ၊ရှမ်းကုန်းနဲ့ဆားတွင်းကြီးကျေးရွာတွေက နေ အိမ်တွေနဲ့ ပြည်သူပိုင်အဆောက်အအုံ စုစုပေါင်း (၁၂၈)လုံးကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့တာ ဖြစ် တယ်လို့ [ဆက်လက်ဖတ်ရှုရန်]