ဒေသအလိုက် သတင်းကဏ္ဍ

ထောင်ဝင်စာလာပို့သူကို လှောင်ပြောင်တာကြောင့် အစောင့်ရဲနဲ့ နိုင်ကျဉ်းခိုက်ရန်ဖြစ်ပွား

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်အတွင်းမှာ မနေ့နိုဝင်ဘာ ၂၁ ရက်နေ့လယ်ပိုင်းကထောင်ဝင်စာလာပို့သူအမျိုးသမီးတဦးကို အစောင့်ရဲတပ်သားကလှောင်ပြောင်တာကြောင့်ရုံးထုတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အစောင့်ရဲတပ်သားခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့မျက်မြင်တွေ့သူတွေက DNA ကိုပြောပါတယ်။ ပုသိမ်ထောင်တွင်းတရားရုံးကနေ နိုင်ငံရေးအကျဉ်းသား ၈ ဦးကိုရုံးထုတ်လာချိန်မှာ မိသားစုဝင်တဦးက ငိုကြွေးတာကို အစောင့်ရဲတပ်သားက ဝင်ရောက်ပြောဆိုရာကနေ ခိုက်ရန်ဖြစ်ကြတာလို့ဆိုပါတယ်။ “မိသားစုက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အသက်မပြည့်သေးတဲ့ လူငယ်တွေသေဆုံးရမှုကို ထည့်သွင်းဆန္ဒပြခဲ့တဲ့ လောင်းလုံးက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကဆိုင်ကယ်စီးလာတဲ့ လူငယ်တွေကို စစ်တပ်ကပစ်ခတ်ခဲ့လို့ အသက် ၁၂ နှစ်အရွယ်ကလေးငယ်တဦးအပါအဝင် လူငယ် ၂ ဦး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ကို လောင်းလုံးမြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်မှာ ထည့်သွင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ သေနတ်အားကိုးနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးဒေသ စစ်ရှောင်ငါးသောင်းကျော်အတွက် အကူအညီတွေ လိုအပ်နေ

ကလေးမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေးရှောင်ဦးရေ နေ့စဉ်တိုးနေပြီး စုစုပေါင်းစစ်ရှောင်ငါးသောင်းကျော်အတွက် စောင်၊ အနွေးထည်အပါအဝင် လိုအပ်ချက်တွေ အများအပြားရှိနေတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ – ကလေးဒေသ တာဝန်ခံ ကိုဖက်ကြမ်းက DNA ကိုပြောပါတယ်။ “စခန်းငယ်လေးတိုင်းမှာ နေ့တိုင်းနေ့တိုင်း ဦးရေက တိုးတိုးလာနေတယ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖျာပုံက ရဲတပ်ဖွဲဝင်ရဲ့ဇနီးနဲ့ စီးပွားရေးလုပ်ငန်းရှင်နှစ်ဦးကို အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်မှာ PDF တွေကို ထောက်ပံ့ပေးနေတယ်လို့ စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားသူတွေထဲက ရဲတပ်ဖွဲ့ဝင်ရဲ့ဇနီးတစ်ဦးနဲ့ မြို့ခံစီးပွားရေးလုပ်ငန်းရှင် ၂ ဦးကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။ ဖျာပုံမြို့နယ် ၊ ရဲတပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုထင်လင်းရဲ့ ဇနီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်ကြီး​မြို့နယ် အပြန်အလှန် ပစ်ခတ်မှုမှာ PDF လေးဦးကျဆုံး​

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် (၁၉) လမ်း အဆုတ်ဆေးရုံနားမှာ နိုဝင်ဘာ (၂၁) ရက် နေ့လယ် ၂ နာရီခန့်က ​ဖြစ်ခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုမှာ PDF အဖွဲ့ဝင်လေးဦးသေဆုံးတယ်လို့စစ်ကောင်စီက ထုတ်ပြန်သလို သက်ဆိုင် PDF အဖွဲ့ကလည်း DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စွန်ပစ်ပစ္စည်းတွေနဲ့ စစ်အာဏာရှင်ကို တော်လှန်တဲ့ပုံရိပ်တွေကိုပြသခဲ့တဲ့ မြိုင်မြို့နယ်က ပြည်သူ့စာသင်ကျောင်း

မကွေးတိုင်း ဒေသကြီး မြိုင်မြို့နယ်အတွင်းက ကြားကာလ ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ခုမှာ စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုပြီး တီထွင်ဖန်တီးမှုတွေပြုလုပ်ရာမှာ အာဏာရှင်ဆန့်ကျင်ရေး ပုံရိပ်တွေ ဖန်တီးထားတာကို တွေ့မြင်ရပါတယ်။ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC – Myaing)က နိုဝင်ဘာ ၂၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖလမ်းကတိုက်ပွဲ ဖြစ်တဲ့ရွာအနီးမှာ ​ဒေသခံမ သန်စွမ်းအမျိုးသားတဦး သတ်ဖြတ်ခံထားရ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဘွာလ်သဲရွာဝန်းကျင် တောတွင်းတနေရာမှာ သတ်ဖြတ်ခံထားရတဲ့ ဒေသ ခံ မသန်စွမ်းအမျိုးသားတဦးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ (၂၂) ရက် ဒီကနေ့မှာ ရှာဖွေတွေ့ရှိနယ်လို့သိရပါတယ်။ ” ပျောက်တာက နှစ်ယောက်ပျောက်နေတာ၊ အမျိုးသားတစ်ယောက်၊ အမျိုးသမီးနှစ်ယောက်၊ နှစ်ယောက်လုံးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမှာ ခိုးဆိုးလုယက်သူ လေးဆယ်နီးပါးကို မုံရွာ ပလဖက ဖော်ထုတ်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့​ပေါ်မှာ ခိုးဆိုးလုယက်မှုတွေနဲ့ ဓားပြမှုကျူးလွန်သူ ၃၇ဦးကို မုံရွာ ပလဖက ဖော်ထုတ်ဖမ်းဆီးထားတယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံ​ရေးအဖွဲ့- မြို့နယ် ပ.လ.ဖ ကDNA ကိုပြောပါတယ်။ မုံရွာမြို့​ပေါ်မှာ ခိုးဆိုးလုယက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး ခိုးဆိုးလုယက်​မှုကျူးလွန်သူတွေကို စစ်​ကောင်စီလက်​အောက်ခံ ရဲတပ်ဖွဲ့ က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တောင်ကလေးကျေးရွာတိုက်ပွဲမှာ အရပ်သားနှစ်ဦးသေဆုံး၊ ဆယ်ဦးထက်မနည်းထိခိုက်ပြီး ဒေသခံထောင်ချီထွက်ပြေးနေရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲက တောင်ကလေးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၂ ဦးအပါအဝင် ၁၀ ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ကျိုက်မရောက်မြို့နယ် တောင်ကလေးကျေးရွာနယ်မြေရဲစခန်းမှာ တပ်စွဲထားတဲ့ ခမရ-၂၀၈ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တမူးကလာမယ့် စစ်ယာဥ်တန်းအတွက် ကလေးမြို့မှာ လုံခြုံရေးအထူးတင်းကျပ်

ကလေးမြို့တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးကို နိုဝင်ဘာ (၁၉) ရက် ဒီကနေ့ နေ့လယ်တနာရီ ကျော်ကစလို့ စစ်ကောင်စီက ပိတ်ဆို့ထားလိုက်ပြီး တာဟန်းရပ်ကွက်တွင်းလမ်းတွေမှာလည်းစစ်သားအင်အား အများအပြား လုံခြုံရေးယူထားတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ” ရပ်ကွက်ထဲလူမရှိဘူး၊ ဘယ်သူမှမထွက်ကြဘူး၊ လမ်းထဲမှာ [ဆက်လက်ဖတ်ရှုရန်]