ဒေသအလိုက် သတင်းကဏ္ဍ

မြို့ပြပြောက်ကျားလူငယ်ကိုးဦး ထပ်မံဖမ်းဆီးခံရပြီး သေဆုံးသူတွေလည်းပါဝင်

ရန်ကုန်မြို့မှာ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ မြို့ပြပြောက်ကျားလူငယ် ၉ ဦးထပ်မနည်းကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း မြို့ပြပြောက်ကျားတွေက ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ကစပြီး မြို့ပြပြောက်ကျားအဖွဲ့က လူငယ်တဦးကတဆင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါ တောင်ယာပြင်ရွာကသားအမိနှစ်ဦး လက်နက်ကြီးထိပြီး ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့ တောင်ယာပြင်ကျေးရွာအနီး ယာခင်းထဲ ဒီကနေ့ နေ့လယ်ပိုင်းမှာ လက်နက် ကြီးကျည်ကျ ပေါက်ကွဲလို့ ပဲနှုတ်နေတဲ့သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) တပ်ဟာ ဒီကနေ့မနက်ပိုင်းမှာ ဟားခါးမြို့ဘက်ကို စစ်ကြောင်းထွက်လာခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တောင်ဥက္ကလာပက စစ်ကောင်စီကင်းတဲ ဗုံးပစ်တိုက်ခိုက်ခံရ

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်က စစ်ကောင်စီကင်းတဲတစ်ခုကို Generation-Y Guerrilla အဖွဲ့က ဒီကနေ့ ဒီဇင်ဘာ (၁) ရက် ၊နေ့လယ်ပိုင်းမှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့တာဝန်ခံက DNA ကိုပြောပါတယ်။ Generation-Y Guerrilla အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီက နှစ်ရက်အတွင်း ဆားလင်းကြီးက ရွာလေးရွာကို မီးရှို့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီက နှစ်ရက်အတွင်း ရွာလေးရွာကို စစ် ကြောင်းထိုးဝင်ရောက် မီးရှို့ခဲ့ပြီး ဆက်သွယ်ရေး ဖြတ်တောက်ထားလို့ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုအတိအကျမသိရသေးဘူးလို့ အဲ့ဒီမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အင်အားတရာကျော်ဝန်းကျင်နဲ့ နိုဝင်ဘာ (၂၉) ရက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ အပစ်ရပ်ပြီးနောက် ဖွင့်ပေးထားတဲ့လမ်းကို နှစ်ရက်အကြာမှာ စစ်တပ်က ​ပြန်ပိတ်

  ရခိုင်မှာ အပစ်ရပ်ပြီးနောက် ပြန်ဖွင့်ပေးထားတဲ့ လမ်းတွေထဲက တစ်ခုဖြစ်တဲ့ အငူမော် – ရေချမ်းပြင် ရေကြောင်း ကူးတို့လမ်းကို စစ်ကောင်စီတပ်က သွားလာခွင့် ပြန်ပိတ်လိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေနဲ့ ခရီးသွားတွေက ပြောကြပါတယ်။   စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုကျို​မြို့စစ်ကောင်စီသံရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခ တိုးမြှင့်

ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိစစ်ကောင်စီသံရုံးက သက်ဆိုင်ရာနိုင်ငံရဲ့ ငွေတန်ဖိုးအပြောင်းအလဲကြောင့်ဆိုပြီး နိူင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအတွက် ပေးသွင်းရမယ့် နှုန်းထားတွေကို တိုးမြှင့်သတ်မှတ်တယ်လို့ ဒီဇင်ဘာ (၁) ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ စက်နဲ့ဖတ်စစ်ဆေးရမယ့် သာမန်နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအတွက် အရင်ယန်း (၃၀၀၀) ကျသင့်ရာကနေ ယန်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ခုနှစ်ဦး သေဒဏ်ချမှတ်ခံရ

အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ခုနစ်ဦးကို စစ်ကောင်စီက နိုဝင်ဘာ (၃၀) ရက်မှာ သေဒဏ်ချမှတ်ခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်း သားသမဂ္ဂဥက္ကဌ ကိုမင်းဟန်ထက်က DNA ကို အတည်ပြုပြောပါတယ်။ သေဒဏ်ချမှတ်ခံရသူ ခုနစ်ဦးဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးက ဖုန်းဆိုင်အနုကြမ်းစီးခံရပြီး ကျပ်သိန်းနှစ်ရာဝန်းကျင် ဆုံးရှုံး

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း ၄၀ ၇၉ နဲ့ လမ်း ၈၀ ကြားက မိုဘိုင်းဖုန်းအရောင်းဆိုင် နိုဝင်ဘာ (၃၀) ရက် နေ့လယ်ပိုင်းက လက်နက်ပြ ခြိမ်းခြောက်အနုကြမ်းစီးခံရပြီး ကျပ်သိန်းနှစ်ရာဝန်းကျင် တန်ဖိုးရှိ ဖုန်းတွေနဲ့ ငွေသားတချို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အပစ်ရပ်လိုက်ပေမယ့် ရခိုင်စစ်ရှောင်တွေ နေရပ်ပြန်ဖို့ အသင့်မဖြစ်သေး

ရခိုင်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား အပစ်ရပ်ထားကြပေမယ့် လူနေရွာတွေဆီ အကြောင်းမဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တဲ့ စစ်တပ်ကို မယုံကြည်တာကြောင့် နေရပ်မပြန်ရဲသေးဘူးလို့ စစ်ဘေးရှောင် စခန်းတွေမှာ နေထိုင်နေသူတချို့က DNA ကိုပြောပါတယ်။ “အပစ်အခတ်ရပ်ထားတယ် ဆိုပြီးတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်စစ်ကြောင်းထိုးပြီးနောက် ခင်ဦးမှာ မြေမြှုပ်မိုင်းတွေရှာဖွေရှင်းလင်းနေရ

စစ်ကိုင်းတိုင်း ၊ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အတွင်းက ရွှေဘို-ခင်ဦး-ရေဦးကားလမ်းတလျှောက်မှာ စစ်တပ်က မြေမြှုပ်မိုင်းတွေ ထောင်ထားလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ရှာဖွေဖယ်ရှားနေရတယ်လို့ ခင်ဦးမြို့နယ် သတင်းပြန်ကြားရေးအဖွဲ့က ကိုအာကာက DNA ကိုပြောပါတယ်။ ခင်ဦးမြို့နယ်ထဲကို စစ်ကောင်စီက အခုလ (၁၇) ရက်ကနေ (၂၇) [ဆက်လက်ဖတ်ရှုရန်]