ဒေသအလိုက် သတင်းကဏ္ဍ

ထီးလင်းမှာ ပျူစောထီးသင်တန်းဆင်းတွေက စမ်းသပ်တယ်ဆိုပြီး မြို့ပေါ် ပစ်ခတ်

မကွေးတိုင်း၊ ထီးလင်းမြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေက သင်တန်းဆင်းပွဲမှာ မြို့ဝန်းကျင်က ကျေးရွာတွေကို စမ်းသပ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ ထီးလင်းမြို့၊ ဆေးရုံသစ်နားကနေ ထီးလင်းမြို့ဝန်းကျင် အရပ်လေးမျက်နှာက ကျေးရွာတွေဘက်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီ ဝါဒါဖြန့်သလို လက်နက်ပစ္စည်း ဆုံးရှုံးတာမရှိဘူးလို့ TNLA ထုတ်ပြန်

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်အနီးက ကျေးရွာတွေအနီးမှာ TNLA နဲ့ စစ်ကောင်စီတို့ကြားဖြစ်တဲ့တိုက်ပွဲဟာ TNLA ကို တိုက်ခိုက်တာမဟုတ်ဘဲ စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းတွေကို လာရောက်တိုက်ခိုက်တာဖြစ်ပြီးTNLA နဲ့ မသက်ဆိုင်ဘူးလို့ စစ်တပ်ဘက်က ဒီဇင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟားခါးမှာ မီးလောင်မှုထပ်ဖြစ်

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အခုလအတွင်း မီးလောင်မှုနှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာလည်း ဟားခါးမြို့ဟောင်းဘက်မှာ နေအိမ်တလုံး မီးလောင်ခဲ့သလို ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်မှာလည်း နေအိမ်မီးလောင်မှု ထပ်ဖြစ်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီတပ်သားတွေ CDM လုပ်လာရင် စစ်တပ်က လက်နက်ပြန်ရရေးသာ ဦးစားပေးနေတယ်လို့ဆို

စစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေက အောက်ခြေအဆင့်တွေအပေါ် ဖိနှိပ်တာတွေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ လာရောက်ပူးပေါင်းတဲ့ တပ်သားတွေ ပိုများလာပြီး စစ်တပ်ဘက်ကတော့ လက်နက်ပြန်ရရရေးကိုသာ ပိုဦးစားပေးနေတယ်လို့ မင်းတပ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာဆိုရင်လည်း မင်းတပ်မြို့ ခလရ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ်မြို့ထဲက ကျေးရွာတွေကို စစ်ကောင်စီ လေကြောင်းက ဆက်ပစ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ဘက်နဲ့ မြောက်ဘက်ခြမ်းက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေက မနေ့ ဒီဇင်ဘာ ၁၇ ညပိုင်းက လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကော့ကရိတ်မြို့နယ် တောင်ဘက်ခြမ်းက တစ်မိုင်ကုန်းကျေးရွာ၊ နန်းဖာလေးကျေးရွာ၊ ကော့နွယ်ကျေးရွာနဲ့ မြောက်ဘက်ခြမ်းက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြဝတီမြို့က သားပျောက်မိခင် ကလေးငယ်ကို ရှာဖွေရင်း ကွယ်လွန်

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကတည်းက မြဝတီမြို့မှာ အသက် ၇ နှစ်အရွယ် သားငယ်ဖြစ်သူပျောက်ဆုံးတာကို ရှာဖွေနေတဲ့ မခင်ညိုစန်းဟာ မနေ့ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မိသားစုဝင်တွေက DNA ကိုပြောပါတယ်။ မြဝတီမြို့၊ အမှတ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရက်ပေါင်းခြောက်ရာကျော်လာပြီဖြစ်တဲ့ ယင်းမာပင်ဆားလင်ကြီး ကျေးရွာပေါင်းစုံသပိတ်

စစ်ကောင်စီရဲ စစ်ကြောင်းထိုးမှုတွေနဲ့ နေအိမ်မီးရှို့မှုတွေကြားက စစ်ကိုင်းတိုင်းထဲက ယင်းမာပင်ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ ရက်ပေါင်း ၆၄၆ ရက်မြောက်အထိ စစ်အာဏာရှင်ကို တော်လှန်ကြောင်း ဆန္ဒထုတ်ဖော်နေကြဆဲ ဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၁၈ နေ့မှာလည်း “တရားမဝင် အတုယောင် ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ’’ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်မြို့နယ်မှာ မီးရှို့ခဲ့တဲ့ စစ်တပ် ငါးရက်ဆက် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း တပ်စွဲပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ငါးရက်ဆက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြောင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။ မြောင်မြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန့်ဘလူမှာ စစ်ကြောင်းထိုးတဲ့ စစ်တပ်က စစ်မှုထမ်းဟောင်း ဒုတပ်ကြပ် အိမ်ကိုလည်းမီးရှို့

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကျေးရွာတွေထဲ သုံးရက်ကြာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ လက်ခုပ်ကုန်းရွာက စစ်မှုထမ်းဟောင်း ဒုတပ်ကြပ်တဦးရဲ့ နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ စစ်ကြောင်းက ကျေးရွာအတွင်း နေအိမ်တွေကို မီးရှို့ခဲ့ရာမှာ လက်ခုပ်ကုန်းရွာက အငြိမ်းစား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကချင်ပြည်နယ်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်က စစ်ဆေးရေးအကြောင်းပြ ငွေတောင်းမှုတွေလုပ်နေ

ကချင်ပြည်နယ်အတွင်း ဒေသတချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေက လမ်းသွားလမ်းလာ ပြည်သူတွေ၊ ကားတွေကို စစ်ဆေးရေးအကြောင်းပြပြီး မတရားငွေတောင်းခံမှုနဲ့ သိမ်းဆည်းမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ လက်ရှိ ကချင်ပြည်နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ [ဆက်လက်ဖတ်ရှုရန်]