ဒေသအလိုက် သတင်းကဏ္ဍ

ဝါးတရာစက်မူဇုန်က အထည်ချုပ်စက်ရုံ နစ်နာကြေးမပေးဘဲ ပိတ်သိမ်းဖို့ပြင်လို့ နစ်နာကြေးရရေး အ လုပ်သမားတွေတောင်းဆိုနေ

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ် ၊ဝါးတရာစက်မူဇုန်မှာဖွင့်ထားတဲ့ Myanmar FORJS APPAREL အထည်ချုပ်စက်ရုံဟာ အလုပ်သမားတွေကို နစ်နာကြေးမပေးဘဲ စက်ရုံပိတ်တော့မယ်လို့ ရုတ်တရက်ကြေညာလို့ နစ်နာကြေးရဖို့ တောင်းဆိုနေကြရတယ်လို့ အဲ့ဒီစက်ရုံအလုပ်သမားတွေကပြောပါတယ်။ လက်ရှိအထည်အမှာတွေ ချုပ်လို့ပြီးသွားတဲ့ နိုဝင်ဘာ (၂၅) ညနေပိုင်း အလုပ်သိမ်းချိန်မှာ စက်ရုံတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးမှာ ရေလမ်းကလာတဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ

တနင်္သါရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ရေလမ်းကလာတဲ့ ပျူစောထီးအဖွဲ့ဝင်ဆိုသူတွေကို တိုက်ခိုက်ခဲ့ပြီး လေးဦးသေဆုံးတယ်လို့ လောင်းလုံးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ထားဝယ်ကနေ လောင်းလုံးမြို့ ကျောက်နီမော် ကျေးရွာဘက်ကို ရေလမ်းကလာနေတဲ့ ပျူစောထီးတွေကို နိုဝင်ဘာ(၂၃)ရက်က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်ခံရတဲ့အဖွဲ့မှာ စစ်ကောင်စီရေတပ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောက်ဒဂုံက EPC ဓာတ်အားခွဲရုံ ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊​ (၄၅) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးနဲ့ ဗိုလ်မှူးဗထူးလမ်းထောင့်မှာရှိတဲ့ မြို့နယ်လျှပ်စစ် EPC ဓာတ်အားခွဲရုံကို Human Rights Defenders နဲ့မဟာမိတ်ညီနောင်အဖွဲ့တွေက နိုဝင်ဘာ (၂၅) ရက် ညပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့တာဝန်ခံက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သံဃာတပါးအပါအဝင် မန္တလေး သပိတ်အင်အားစုဝင်တချို့ ခုခံချေပခွင့်မရဘဲ ထောင်ဒဏ်ချခံရ

မန္တလေးမြို့က သံဃသမဂ္ဂ ဦးဆောင်သံဃာတပါးဖြစ်တဲ့ ဦးကလျာဏနဲ့ မန္တလေးသပိတ်အင်အားစုအ ဖွဲ့ဝင် လူငယ်လေးဦး စုစုပေါင်းငါးဦးကို စစ်ကောင်စီတရားရုံးက ခုခံချေပခွင့်မပေးဘဲ ပထမဆုံးရုံးချိန်းမှာတင် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ လကုန်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုဏ္ဏားကျွန်းမြို့က ရပ်/ကျေး အုပ်ချုပ်ရေးမှူး ခြောက်ဆယ်ကျော် နှုတ်ထွက်စာတင်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူး (၆၀)ဝန်းကျင်ဟာ အုပ် ချုပ်ရေးမှူးအဖြစ်ကနေ နှုတ်ထွက်ဖို့အတွက် စာတင်ထားတယ်လို့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့နီးစပ်သူတွေက ပြောပါတယ်။ အုပ်ချုပ်ရေးမှူးအဖြစ်ကနှုတ်ထွက်ဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို နိုဝင်ဘာ (၁၀)ရက် နောက်ပိုင်းကစပြီး စာတင်ခဲ့ကြတာလို့လည်း ဆိုပါတယ်။ “အဓိကကတော့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးမှူးတွေအပေါ် မထီမဲ့မြင်လုပ်တဲ့ကိစ္စတွေ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ် စစ်ကြောင်းဝင်ခဲ့တဲ့ ဂန့်ဂေါမြို့ ဇဟောရွာမှာ ပစ်သတ်ခံထားရတဲ့ အလောင်းတလောင်းတွေ့

ဂန့်ဂေါမြို့ အနောက်ဘက်က ဇဟောရွာကျေးရွာကို နိုဝင်ဘာ ( ၂၂) ရက်မှာ စစ်တပ်က စစ်ကြောင်းထိုး ဝင် ရောက်ခဲ့ပြီးနောက် ပြန်ထွက်သွားချိန်မှာ ပစ်သတ်ခံထားရတဲ့ ရွာခံ အမျိုးသားတဦးရဲ့ရုပ်အလောင်းကို တွေ့ရတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။ “ခေါင်းကိုတည့်တည့်ပစ်သတ်သွားတာ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကမာရွတ်မြို့နယ်က စိန်ဆိုင် ဒုတိယအကြိမ် အနုကြမ်းစီးခံရပြီး လုံခြုံရေးတဦး ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ ကမာရွတ်မြိုနယ်ထဲက ဗဟိုလမ်းမှာရှိတဲ့ TT Diamond စိန်ဆိုင်မှာ ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်နေ့လယ်ပိုင်းက အနုကြမ်းစီးမှုဖြစ်ခဲ့ပြီး ပစ်ခတ်မှုကြောင့်ဆိုင်ရဲ့လုံခြုံရေးဝန်ထမ်းတဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ “ဒါနဲ့ဆိုနှစ်ကြိမ်မြောက်ပေါ့၊ ဆိုင်ထဲအတင်းတံခါးဖွင့်ဝင်တော့ဆိုင်က လုံခြုံရေးအချက်ပေးအသံတွေထမြည်တာ။ အဲ့ဒါကိုပစ်ပြီးပြေးသွားတာ သူတို့ဆိုင်ထဲတော့ မရောက်လိုက်ဘူး။ ကျွန်တော်တို့ဆိုင်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီလက်အောက်ခံလေကြောင်းလိုင်းကနေ ကံစမ်းမဲပေါက်တယ်ဆိုပြီး ပြည်သူများကိုလိမ်လည်မှုရှိနေတယ်လို့ဆို

စစ်ကောင်စီလက်အောက်ခံလေကြောင်းလိုင်းတခုဖြစ်တဲ့ နိုင်ငံပိုင်လေကြောင်းလိုင်း မြန်မာအမျိုးသား လေကြောင်းလိုင်းရဲ့ ဝက်ဆိုက်ကနေ ကံစမ်းမဲပေါက်တယ်ဆိုပြီး အွန်လိုင်းကနေ လိမ်လည်မှုတွေရှိနေတယ်လို့ မြန်မာအမျိုးသားလေကြောင်းလိုင်းက ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်မှာထုတ်ပြန်လာပါတယ်။ လေကြောင်းလိုင်းရဲ့ ၇၄ နှစ်ပြည့် ကံစမ်းမဲပုံစံနဲ့ ဝက်ဆိုက်အတုတွေကနေတဆင့်လိမ်လည်နေတာဖြစ်ပြီး အဲဒီဝက်ဆိုက်ဟာ မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သု၀ဏ္ဏ ဗိုလ်ချုပ်ရွာမှာ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၂၃) ရပ်ကွက်၊ ဗိုလ်ချုပ်ရွာ ကံ့ကော်မြိုင်လမ်းနဲ့ အင်ကြင်းမြိုင်လမ်းသွယ် (၄) ထောင့်က နေအိမ်တစ်ခုမှာ အငြိမ်းစားဗိုလ်မှူးကြီးတဦး ဒီကနေ့ နိုဝင်ဘာ ၂၄ရက် မနက်ပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ အဲ့ဒီရပ်ကွက်အနီး နေထိုင်သူတွေဆီက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဗီနွန်စစ်ကြောင်းမှာ ကျဆုံးသွားတဲ့ ရဲဘော် ၇ ဦးအတွက် အထိမ်းအမှတ်နဲ့ ကုသိုလ်ပြုလုပ်

ကရင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်လတွေမှာဖြစ်ခဲ့တဲ့ ဥကရစ်ထတိုက်ပွဲနဲ့ ရွှေအေးမြိုင်တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ VENOM စစ်ကြောင်းက ရဲဘော်၇ဦးအတွက် အထိမ်းအမှတ် အုတ်ဂူပြုလုပ်ပြီးကျဆုံးရဲဘော်တွေအတွက် အမိန့်ပြန်တမ်းနဲ့ ကောင်းမှုကုသိုလ်တွေကို နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်ပေးနေတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ [ဆက်လက်ဖတ်ရှုရန်]