ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်မြို့နယ်ကို စစ်ကြောင်းထိုးလို့ ရွာပေါင်းရှစ်ရွာလောက် ဘေးလွတ်ရာပြေးနေရပြီး ဒေသခံတွေ သေဆုံးမှုရှိနေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲကို စစ်ကောင်စီတပ်တွေက ဇန်ဝါရီ ၁၉ရက်ကစပြီး ၂၄ ရက်အထိဆက်တိုက်စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ဒေသခံရွာပေါင်း ၈ ရွာလောက် နေအိမ်စွန့်ခွာပြီးဘေးလွတ်ရာထွက်ပြေးနေကြရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ရွာပေါင်း ၆ ရွာက နေအိမ်တွေကိုလည်းစစ်ကြောင်းထိုးတဲ့ကာလတလျောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းက ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်ကြောင်းထိုးရင်းပစ်ခတ်မှုတွေကြားမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝမ်းဟိုင်းဌာနချုပ်အပေါ် တိုက်လေယာဥ် အနိမ့်ပျံသန်းမှု ရန်စစော်ကားတဲ့လုပ်ရပ်လို့ SSPP ပြော

ရှမ်းပြည်နယ်၊ကျေးသီးမြို့နယ် ဝမ်ဟိုင်းမြို့က ရှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ပေါ်ကနေ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ကအကြောင်းမကြားပဲ အနိမ့်ရှပ်ပျံသန်းမှုဟာရန်စစော်ကားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ SSPP/SSAဘက်က ပြောဆိုလိုက်ပါတယ်။ “ဒါဟာ ကင်းထောက်တာ မဟုတ်ဘူး၊ တိုက်ပွဲတွေမှာပြတဲ့ တိုက်လေယာဉ်ရဲ့ လုပ်နိုင်စွမ်းကို လာပြတဲ့သဘောဖြစ်တယ်၊ဒါမျိုး လေယာဉ်ရှိတယ်၊ ဒါမျိုးစွမ်းရည်ရှိတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွာတွေအထိ ဆိုင်ကယ်တွေလိုက်ဖမ်းနေတဲ့ ပဲခူးတိုင်းမှာ ဆိုင်ကယ်လိုင်စင်ထုတ်ပေးမယ်လို့ဆိုပြန်

    မြို့ပေါ်စစ်ဆေးရေးဂိတ်တွေနဲ့ မြို့တွင်းမှာသာမက ရွာဘက်တွေအထိ ယာဉ်ထိန်းနဲ့ရဲတွေကရောက်လာပြီး ဆိုင်ကယ်ဖမ်းဆီးမှုတွေ လုပ်နေတဲ့ ပဲခူးတိုင်းအတွင်းမှာ လိုင်စင်မဲ့ ဆိုင်ကယ်တွေကိ လိုင်စင်ထုတ်ပေးမယ်လို့ စစ် ကောင်စီ တိုင်းအစိုးရအဖွဲ့က အခုလအတွင်း ထုတ်ပြန်ပါတယ်။ လိုင်စင်မဲ့ယာဉ်တွေအပြင် ယာဉ်မောင်းလိုင်စင်တွေလည်း ထုတ်ပေးမှာဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရာသီဥတုအေးခဲမှုနဲ့ ဆေးကုသခွင့်မရမှုတို့ကြောင့် ဂန့်ဂေါမြောက်ပိုင်းမှာ သက်ကြီးရွယ်အို ဆယ်ဦးထက်မနည်းသေဆုံး

  မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်းဒေသကျေးရွာတွေမှာ ရာသီဥတုအေးခဲမှုနဲ့ ဆေးဝါးကုသခွင့်မရ တာ တွေကြောင့်လက်ရှိဇန်နဝါရီလ တလမပြည့်မီကာလအတွင်း သက်ကြီးရွယ်အိုဆယ်ဦးထက်မနည်း သေဆုံးခဲ့ တယ်လို့  ဒေသခံတွေဆီကသိရပါတယ်။ ” ထိုင်နေရင်းနဲ့ကိုသေသွားကြတာမျိုးတွေလည်းများတယ်၊ဒီတပတ်ထဲမှာကို နှမ်းခါးမှာနှစ်ယောက်၊ ရေရှင်မရွာ ရော၊ အရှေ့ဘက်တန်းတွေဆိုပိုဆိုးတာပ” လို့ နှမ်းခါးလူငယ်အဖွဲ့ခေါင်းဆောင်ကိုနွေဦးကပြောပါတယ်။ သက်ကြီးရွယ်အိုတွေသေဆုံးရတာဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကောလင်း ကျောက်ပြင်သာရွာကို စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်၊ လူထိခိုက်မှုမရှိ

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ် ကျောက်ပြင်သာရွာမှာ လူထုအစည်းဝေးတခုလုပ်နေချိန် စစ်ကောင် စီက လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဒေသခံတဦးက DNAကိုပြောပါတယ်။ ကောလင်းမြို့နယ်ကျောက်ပြင်သာအနောက်ဖက်တောင်ရိုးနဲ့ကိုးတောင်ဘို့မြောက်ဘက်ရွာဦးဘုန်း ကြီးကျောင်းကို ဇန်နဝါရီ ၁၉ရက် နေ့လယ်သုံးနာရီခွဲမှာစစ်ကောင်စီက Jet Fighter နဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောက်ဒဂုံ ၄၀ ရပ်ကွက်စျေးမှာ စျေးလာဝယ်တဲ့ စစ်တပ်က အငြိမ်းစားအရာရှိတဦး ပစ်ခတ်ခံရ

ရန်ကုန်၊ မြောက်ဒဂုံမြို့နယ် ၄၀ ရပ်ကွက် စျေးမှာ ဒီကနေ့ မနက်ဇန်နဝါရီ ၂၀ ရက်နေ့ကစျေးလာဝယ်တဲ့ အငြိမ်းစားအရာရှိတဦးသေနတ်နဲပစ်ခတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေ ဒေသခံတွေက DNA ကိုပြောပါတယ်။ “၄၀စျေးထဲသန်းစိုးကုန်စုံဆိုင်အရှေ့မှာပစ်သွားတာလို့တော့ ကြားတယ်။နှစ်ချက်သုံးချက်လောက်ရှိတယ်။ပစ်သွားတာ’’လို့၄၀စျေးအနီးနေ ဒေသခံတဦးကပြောပါတယ်။ ပစ်ခတ်မှုအပြီးမှာ စျေးကိုစစ်ကောင်စီတပ်ဖွဲ့တွေက ပိတ်ဆို့လိုက်တယ်လို့လည်းဆက်ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန် ဇီးရိုးမိုင်မှာ လူငယ်တချို့ကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး၊ တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေလည်း လုပ်နေ

ရန်ကုန်မြို့အထွက်က အမြန်လမ်း ဇီးရိုးမိုင်မှာ ခရီးသွားလာပြီး မှတ်ပုံတင်မပါတဲ့ လူငယ်တွေကို ဇီးရိုးမိုင် ဂိတ်မှာလုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်တွေက ရိုက်နှက်မေးမြန်းပြီး တချို့ကို ဖမ်းဆီးတာတွေ အထိ လုပ်နေတယ်လို့ ခရီးသွားပြည်သူတွေနဲ့ အမြန်လမ်းအသုံးပြုနေသူတွေက DNA ကိုပြောပါတယ်။ “အဓိကက ရန်ကုန်မြို့ဘက်အဝင်ဂိတ်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းအောင်လှိုင်ခရီးစဉ်ကြောင့် ကြိုအသိမပေးဘဲ ကမ်းကပ်ခွင့်မပေးလို့ ပင်လယ်ပြင်ရောက် ငါးဖမ်းစက်လှေသမားတွေ အခက်တွေ့

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်နေတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပင်လယ်ပြင်ထဲ ငါးဖမ်း ထွက် နေကြ တဲ့ ငါးဖမ်းစက်လှေတွေဟာ ကမ်းကပ်ခွင့်မရကြတဲ့အတွက် အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ပြောကြပါတယ်။ မင်းအောင်လှိုင်ဟာ ဒီကနေ့ ဇန်နဝါရီ(၁၉)ရက်မှာ သံတွဲမြို့နယ် ငပလီမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလောမှာတိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ရှပ်ပုံရွာကနေအိမ်တွေကိုမီးရှို့

တနင်္သာရီတိုင်း ၊ပုလောမြို့နယ် ရှပ်ပုံကျေးရွာအနီးမှာ စစ်တပ်နဲ့ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် သုံးရက်အကြာ ဒီကနေ့ဇန် နဝါရီ (၁၉)ရက်မှာ ရှပ်ပုံကျေးရွာထဲ စစ်ကြောင်းဝင်လာကာ အိမ်ရွေးပြီးမီးရှို့နေတယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။ “စစ်ကောင်စီကအင်အား သုံးဆယ်လောက်နဲ့ ရှပ်ပုံရွာထဲဝင်လာပြီး ဒလန်ကလက်ညိုးထိုးပြ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေဦးနယ်၊ ချမ်းသာရွာက စစ်ရှောင်နှစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

စစ်တပ်က လေးကြိမ်တိုင်တိုင်မီးရှို့ခဲ့တဲ့ စစ်ကိုင်း တိုင်း၊ရွှေဘိုခရိုင်၊ရေးဦးမြို့နယ်၊ချမ်းသာရွာက ဒေသခံစစ်ရှောင်နှစ်ထောင်ကျော်ဟာ စစ်ကောင်စီတပ်တွေထွက်သွားပေမယ့် နေရပ်ကိုမပြန်နိုင်သေးဘဲ နီးစပ်ရာ ဘုန်တော်ကြီးကျောင်းတွေမှာ နေထိုင်ကြရတယ်လို့ ရွာခံတွေက DNAကိုပြောပါတယ်။ “နေ့ခင်းပိုင်းမှာ ကိုယ့်ရွာကိုပြန်ပြီး သန့်ရှင်းရေးတွေလုပ်ကြရတယ်၊ဘုရားကျောင်းကြီးထဲသန့်ရှင်းရေးတွေလုပ်တယ်၊ညပိုင်းကျတော့ နီးစပ်ရာ ကျေးရွာလေးတွေသွားအိပ်ကြရတယ်”လို့ ချမ်းသာရွာ ဒေသခံတဦးကပြောပါတယ်။ ရေဦးမြို့နယ်၊ချမ်းသာရွာကို [ဆက်လက်ဖတ်ရှုရန်]