ဒေသအလိုက် သတင်းကဏ္ဍ

ဝက်လက်အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုလက်ချက်နဲ့ နဘဲပင်လှရွာသားတဦးသေဆုံး

ဇွန် ၊ ၃  စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းကျေး ရွာတွေကို စစ်ကြောင်းထိုးနေတဲ့စစ်အုပ်စုက ဒီကနေ့နေ့လယ်ပိုင်းမှာ နဘဲပင်လှရွာစစ်ကြောင်းထိုးဝင်ခဲ့ပြီးရွာခံလူငယ်တဦးကိုနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ” စစ်ကြောင်းနဲ့တွေ့တော့ သူကဘုန်းကြီးကျောင်းထဲ ဝင်ပုန်းနေချိန် ဖမ်းမိသွားပါ၊ ရွာထဲမှာ အဘိုးကြီးနှစ်ယောက်လည်း ကျန်ခဲ့တယ်၊သူတို့မေးကြည့်တော့သူတို့နဲ့တူတူပြေးရင်နဲ့ ဖမ်းမိသွားတာပေါ့၊ကောင်လေးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပလက်ဝက မုန်တိုင်းသင့် ဒေသခံတွေ လက်ရှိအချိန်အထိ အကူအညီမရသေး

ဇွန် ၊ ၃ မိုခါမုန်တိုင်း တိုက်ခတ်ပြီး ရက် ၂၀ ရှိလာချိန်အထိ ချင်းပြည်နယ်၊ ပလက်ဝခရိုင်အတွင်းရှိ မုန်တိုင်းသင့် ပြည်သူတွေဟာ အကူအညီတွေ လုံးဝမရကြသေးဘူးလို့စစ်ရှောင်တွေနဲ့ မုန်တိုင်းဒဏ်သင့်သူတွေကိုကူညီနေသူတွေက ပြောပါတယ်။  မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တဲ့ ပလက်ဝဒေသခံတွေဟာ လက်ရှိအချိန်အထိ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန့်ဘလူနယ် ချပ်သင်းရဲစခန်းတိုက်ပွဲမှာဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံး၊စခန်းကို မီးရှို့ဖျက်ဆီး နိုင်ခဲ့တယ်လို့ဆို

ဇွန် ၊ ၃ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ချပ်သင်းရဲစခန်းနဲ့ ပျူစောထီး စခန်းကို ဒေသကာကွယ်ရေးတပ်တွေက မ နေ့ ကမနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ ပြီး ဒေသကာကွယ်ရေးအဖွဲ့ ဝင် နှစ်ဦးကျဆုံးခဲ့သလို စစ်အုပ်စုဘက် ကလည်း အထိအခိုက်အကျဆုံးများခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖမ်းဆီးခံထားရတဲ့ မရမ်းကုန်း ပကဖတာဝန်ခံကိုအသုံးချပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဆက်လက်ဖမ်းဆီးနေ

ဇွန် ၊ ၃ မရမ်းကုန်းမြို့နယ်ပြည်သူကာကွယ်အဖွဲ့ရဲ့တာဝန်ခံတဦးဖြစ်တဲ့ သားသား(ခ)Big Bossကို စစ်ကောင်စီက ဖမ်း ဆီးခဲ့ပြီးနောက် အဲ့ဒီပကဖတာဝန်ခံကိုအသုံးချပြီး နောက်ထပ် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ထောင်ဖမ်းတာ တွေလုပ်နေတယ်လို့ မရမ်းကုန်းမြို့နယ်ပကဖအဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။ “ဘယ်ရက်က အဖမ်းခံရတယ်ဆိုတာတော့မသိဘူး၊သူအဖမ်းခံရတာကိုလည်း အဖွဲ့ဝင်ရဲဘော်တွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးဗြဲမြို့ပေါ် ရပ်ကွက်ထဲ လက်နက်ကြီးကျည်ကျလို့ အမျိုးသားတဦးသေဆုံး

ဇွန် ၊ ၃ ရှမ်း-ကယားနယ်စပ်၊မိုးဗြဲမြို့၊ပွဲကုန်း (၂)ရပ်ကွက်ထဲကို ဒီကနေ့ မနက်ပိုင်းက လက်နက်ကြီးကျည်ကျ ရောက် ပေါက်ကွဲလို့ လူငယ်အမျိုးသားတဦး ပြင်းထန်ဒဏ်ရာတွေရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ဖြစ်စဉ်ကို ကူ ညီပေးခဲ့တဲ့ ပရဟိတအသင်းတွေဆီကသိရပါတယ်။ ဒီကနေ့ မနက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်လှည်းတန်းမှာ စစ်ကောင်စီတပ်သားတွေ လူငယ်တဦးကိုဘန်ကာထဲခေါ်ပြီး စစ်ဆေးငွေညှစ်

ဇွန် ၊ ၃ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းစင်တာအနီးမှာ ပြီးခဲ့တဲ့ ဇွန်၁ရက်နေ့ ညပိုင်းက လူငယ်တဦးကိုစစ်ကောင်စီက သူတို့လုံခြုံ‌ရေးဘန်ကာထဲခေါ်ယူစစ်ဆေးပြီး ငွေညှစ်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံရတဲ့လူငယ်ရဲ့ပြောပြချက်အရသိရပါတယ်။  အဆိုပါလူငယ်ဟာ ကြည့်မြင်တိုင် ညစျေးကနေအပြန် ပြည်လမ်းနဲ့ အင်းစိန်လမ်းထောင့်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူထားတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာကPDFစခန်းတခု စီးနင်းမီးရှို့ခံရ၊ စစ်တပ်ကလူသားဒိုင်းအဖြစ် ဖမ်းဆီးလာသူတဦးကိုလည်း မီးရှို့ထားခဲ့

ဇွန်၊ ၁ စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Area 71 Pepole Defence Force ရဲ့ စခန်း ကို စစ်ကောင်စီစစ်ကြောင်းက မနေ့က မနက်ပိုင်းမှာ စီးနင်းမီးရှို့ခဲ့သလို စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်လာ သူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမှာစစ်ကောင်စီတပ်က အဖိုးတန်ပစ္စည်းတွေနဲ့ ရိက္ခာတွေယူဆောင်

ဇွန်၊ ၁ မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မေ ၃၀ရက်၊ညနေပိုင်းကစ ကန်ရွာကိုရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကန်ရွာတွင်းကနေအိမ်တွေကိုမွှေနှောက်ပြီး ရွှေ၊ငွေအပါအဝင် အဖိုးတန်ပစ္စည်းတွေနဲ့ရိက္ခာတွေကို ယူဆောင်ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” မနေ့က ရွာအနောက်ပိုင်းကတဦးက ရွှေလေးကျပ်သားနဲ့ပိုက်ဆံသိန်းသုံးဆယ်ပါသွားတယ်။ သူတို့ကရှောင်တာနောက်ကျတာပေါ့။ စစ်သားတွေလာတာမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကယန်းပြည်သစ်တပ်မတော် လုံခြုံရေးဂိတ် လေကြောင်းကတိုက်ခိုက်ခံရ

ဇွန်၊ ၁ ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့အနောက်ဖက်ခြမ်းရှိ ကယန်းပြည်သစ်တပ်မတော် (KNLA) ရဲ့ နယ်မြေလုံခြုံရေးဂိတ် တခုကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိတာ မရှိဘူးလို့ မိုးဗြဲပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောပါတယ်။  “ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီလက်ချက်နဲ့ အရပ်သားငါးဦးသေဆုံး၊ နေအိမ် ၆၅၀ ကျော်မီးရှို့ခံရ

ဇွန်၊ ၁ မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်တဲ့အတွက် လေးရက်အတွင်း အရပ်သားငါးဦးသေဆုံးခဲ့ပြီး ကျေးရွာပေါင်း ၂၅ ရွာကနေအိမ်ပေါင်း ၆၅၆ လုံးကို မီးရှို့ဖျက်စီးသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ‘’စစ်ကြောင်းဝင်ပြီးနောက်အသတ်ခံရတာ ငါးယောက်ဗျ၊ မိဖုရားရွာက [ဆက်လက်ဖတ်ရှုရန်]