နိုင်ငံရေး

မင်းပြားရှိ တပ်စခန်းအားလုံး သိမ်းပိုက်ခံရပြီးနောက် ဆေးရုံနဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်

ဖေဖော်ဝါရီ၊ ၂၇   မင်းပြားမြို့နယ်ရှိ တပ်စခန်းအားလုံးကို လက်လွတ်ခံရပြီး နာရီပိုင်းအတွင်းမှာ စစ်ကောင်စီက ဆေးရုံနဲ့ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်းတွေကို လေကြောင်းက တိုက်ခိုက်ခဲ့လို့ အရပ်သား ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။   မင်းပြားမြို့နယ်ရှိ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒိုက်ဦးက ပျောက်ဆုံးကလေးငယ်ရဲ့အလောင်း နေအိမ်အနီးချောင်းထဲက ပြန်တွေ့၊ ဒဏ်ရာတချို့လည်း တွေ့ရ တယ်လို့ မိသားစုဝင်ပြော

ဖေဖော်ဝါရီ၊ ၂၇   ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ရှမ်းစုကျေးရွာက သုံးရက်ကြာ ပျောက်ဆုံးနေတဲ့ အသက်သုံးနှစ်အရွယ် ကလေးငယ်တဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ မနက် ၈ နာရီလောက်က နေအိမ်အနီး ချောင်းထဲကနေ ပြန်တွေ့ခဲ့ပြီး အလောင်းမှာ ဒဏ်ရာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးတက္ကသိုလ်က ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေကို တော်လှန်ရေးတပ်တွေက ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားတယ်လို့ဆို

ဖေဖော်ဝါရီ၊ ၂၇   မြို့အနီးဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ရှိနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးတက္ကသိုလ်ထဲမှာ ပိတ်မိနေတဲ့ ဆရာ၊ ဆရာမတွေ အပါအဝင် ဝန်ထမ်းတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို တော်လှန်ရေးအင်အားစုတွေက ဖေဖော်ဝါရီ ၂၆ ရက်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဏာသိမ်းပြီးနောက် တရုတ်မယားအဖြစ် လူကုန်ကူးခံရမှု သိသိသာသာတိုးလာ

ဖေဖော်ဝါရီ၊ ၂၇   စစ်အာဏာသိမ်းပြီးနောက် မြန်မာအမျိုးသမီးတွေ တရုတ်မယားအဖြစ် လိမ်လည်ရောင်းစားခံရမှု သိသိသာသာ ပိုတိုးလာတယ်လို့ လိမ်လည်ရောင်းစားခံရတဲ့ အမျိုးသမီးတွေကို ကူညီပေးနေတဲ့သူတွေနဲ့ တရုတ်‌ရောက် မြန်မာနိုင်ငံသားတွေက DNA ကိုပြောပါတယ်။   “တော်တော်များများကတော့ မိန်းကလေးငယ်ငယ်လေးတွေပေါ့၊ တရုတ်ပြည်မကြီးဘက်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းပြားရှိ စစ်ကောင်စီနောက်ဆုံးလက်ကျန် တိုင်းဗဟိုသင်တန်းကျောင်းကို AA သိမ်းပိုက်

ဖေဖော်ဝါရီ၊ ၂၇   မင်းပြားမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့နောက်ဆုံးလက်ကျန်ဖြစ်တဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် (AA) က မနေ့က ဖေဖော်ဝါရီလ ၂၆ ရက်မှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အချိန်ပိုဆင်းဖို့ ငြင်းဆန်ခဲ့သူ ငါးဦးအပါအဝင် အမျိုးသမီးအလုပ်သမား ခုနစ်ဦး အလုပ်ထုတ်ခံရ

ဖေဖော်ဝါရီ၊ ၂၆   ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ထဲက အလုပ်ရုံတခုမှာ အချိန်ပိုဆင်းခိုင်းတာကို ငြင်းဆန်ခဲ့သူ ငါးဦး အပါအဝင် အမျိုးသမီးအလုပ်သမား ခုနစ်ဦးကို အလုပ်ရှင်က အလုပ်ထုတ်လိုက်တယ်လို့ အလုပ်သမားတွေကိုကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီကနေ သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်က ရိုဟင်ဂျာတွေနဲ့ ပြည်မရောက် ရခိုင်လူငယ်တွေကို စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေ

ဖေဖော်ဝါရီ၊ ၂၆   ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေ၊ ရန်ကုန်အပါအဝင် ပြည်မရောက် ရခိုင်လူငယ်အလုပ်သမားတွေနဲ့ နေရပ်ပြန်လာတဲ့ ရခိုင်ဒေသခံတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုနဲ့ ဒေသခံတွေက ပြောကြပါတယ်။   စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရမ်းဗြဲတိုက်ပွဲမှာ စစ်ကူလာရောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်သေဆုံး

ဖေဖော်ဝါရီ၊ ၂၆   တိုက်ပွဲပြင်းထန်နေတဲ့ ရမ်းဗြဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ စစ်ကူပို့ပေးရာ ရက္ခိုင့်တပ်တော် (AA)က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆၀ ကျော် ချေမှုန်းနိုင်ခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။   ဖေဖော်ဝါရီလ ၂၄ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ခေါင်းဆောင်တွေအတွက် တခုတည်းသော အကောင်းဆုံးရွေးချယ်စရာ နည်းလမ်းကို AA စစ်ဦးချုပ်သတိပေး

ဖေဖော်ဝါရီ၊ ၂၆   စစ်ရှုံးနေချိန်မှာ လူငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ် မိုက်တွင်း မနက်ဖို့ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က စစ်ခေါင်းဆောင်တွေကို သတိပေး လိုက်ပါတယ်။   AA စစ်ဦးစီးချုပ်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မိုင်းပွန်နဲ့ ဟိုပုံးကြား တိုက်ပွဲတွေဆက်ဖြစ်နေလို့ ကားရာချီပိတ်မိနေ

ဖေဖော်ဝါရီ ၊ ၂၅   ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့နဲ့ ဟိုပုံးမြို့ကြားမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)နဲ့ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ မိုင်းပွန်မြို့မှာ ကုန်တင်ကုန်ကားကြီးတွေ အပါအဝင် ခရီးသွားကားတွေ ရာနဲ့ချီ [ဆက်လက်ဖတ်ရှုရန်]