နိုင်ငံရေး

ထီးလင်း PDF က စစ်သားနှစ်ဦးနဲ့ အမျိုးသမီးတဦးကို ဖမ်းမိ၊ထွက်ပြေးလို့ပစ်ခတ်ရာမှာ သေဆုံး တယ်လို့ဆို

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ထဲက ကျေးရွာတရွာမှာ အရပ်သားအသွင်ယူလာတဲ့ စစ်ကောင်စီ ထောက်လှမ်းရေး သုံးဦးကို စစ်ဆေးဖမ်းမိပြီးနောက် ထွက်ပြေးဖို့ကြိုးစားလို့ ပစ်ခတ်ရာက သုံးဦးလုံး သေဆုံးသွား တယ်လို့ PDF ဂန့်ဂေါခရိုင်တပ်ရင်း တခုဖြစ်တဲ့ YRA က ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်အပါအဝင် မြို့နယ်တချို့မှာ ဆရာဝန်တွေကို CDM ဟုတ်မဟုတ် ဆမ နံပါတ်တွေနဲ့ တိုက်စစ်နေ

ရန်ကုန်က မြို့နယ်တွေနဲ့ နယ်မြို့တချို့က ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်နဲ့ ဆေးဝန်ထမ်းတွေကို CDM လုပ်ထားသူ ဟုတ်မဟုတ် ဆမ နံပါတ်တွေနဲ့တိုက်ဆိုင် စစ်ဆေးနေတယ်လို့ DNA က စုံစမ်း သိရှိရပါတယ်။ ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းကြီးတွေမှာတင်မက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ ကချင်ပြည်နယ် ဖားကန့်၊ မန္တလေးပြည်ကြီးတံခွန်၊ မကွေးတိုင်းမြိုင်နဲ့ ထားဝယ်လောင်းလုံ ဒေသတို့မှာလည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သရက်ချောင်းမှာ လက်လုပ်တူမီးတွေ့မှုနဲ့ ဒေသခံနှစ်ဦးကိုဖမ်းဆီးပြီးနောက် စစ်တပ်ကပစ်သတ်

တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ် ရငဲကျေးရွာက ဒေသခံအရပ်သားလူငယ်နှစ်ဦးကို စစ်တပ်က ဖမ်းဆီး ပြီး နောက် နာရီပိုင်းအကြာမှာ ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “ကြိုးတုတ်ပြီး ဖမ်းခေါ်သွားတာ၊ သိပ်မကြာဘူး၊ အဲစစ်ကြောင်းက ရွာကနေ ပြန်ထွက်သွား တယ်၊ အဲ့ကောင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တနေ့တာ ထူးခြား သတင်းများ

တော်လှန်ရေး တိုက်ပွဲကာလဖြစ်တဲ့အားလျော်စွာ တနေ့တာသတင်းဖြစ်ရပ်တွေကို နွေဦး တော်လှန် ရေး သတင်း တွေကပဲ ဖုံးလွှမ်းထားတာပါ။ နွေဦးတော်လှန်ရေးထဲက လာတဲ့ စစ်ရေး၊နိုင်ငံရေးသတင်းတွေအပြင် တနေ့တာ သတင်းဖြစ်ရပ်တွေထဲ ထူးခြား ထင်ရှားတဲ့ လူမှုဘဝ၊စီးပွားရေး သတင်းတွေလည်း ရှိနေတတ်ပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မော်လမြိုင်မှာ စစ်တပ်လုံးဝအုပ်ချုပ်ခွင့်မရဘူးဆိုတာ သတိပေးတဲ့အနေနဲ့ ရဲဝန်ထမ်းလိုင်းခန်းကို PDFဗုံးခွဲ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကဖက်တန်းရပ်ကွက်မှာရှိတဲ့ရဲဝန်ထမ်းလိုင်းခန်းကို ဖေဖော်ဝါရီလ ၅ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်ပြီး သတိပေးလိုက်တယ်လို့ တိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့တဲ့ အဖွဲ့တွေဆီကသိရပါတယ်။ ‘’စစ်ကောင်စီတွေအနေနဲ့ မော်လမြိုင်မှာ လုံးဝအုပ်ချုပ်ခွင့်မရစေရဘူးဆိုတာကို သတိပေးဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့လည်း အန္တရာယ်ကင်းကင်းနဲ့ဆုတ်ခွာနိုင်ခဲ့ပါတယ်’’ လို့ တိုက်ခိုက်ရာမှာပါဝင်တဲ့ ဇာမဏီပြောက်ကျားတပ်ဖွဲ့တာဝန်ခံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပခုက္ကူ-ရေစကြိုလမ်းမှာ စစ်ကားနှစ်စီးကို PDF တိုက်ခိုက်တာမှာ ဆယ်ဦးသေဆုံး၊ လက်နက် ၇ လက် ရရှိတယ်လို့ထုတ်ပြန်

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုလမ်းမှာ စစ်ကောင်စီစစ်ယာဉ်နှစ်စီးကို ဒီလ ၄ ရက်က ပြည်သူ့ကာကွယ်ရေးတပ်၊ ပခုက္ကူခရိုင်တပ်ရင်း ၃ က တိုက်ခိုက်ခဲ့တာ ၁၀ ဦးသေဆုံးတယ်လို့ ဒေသခံတွေနဲ့ အဲဒီတပ်ရင်းကေ ပြာပါတယ်။ ‘’တိုက်ပွဲက ငါးမိနစ်ဝန်းကျင်ပဲကြာတယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိပါဘူး’’ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေး-ထားဝယ် လမ်းပေါ်မှာ ခရီးသွားကား ပစ်ခတ်ခံရလို့ သံဃာတပါးပျံလွန်ပြီး ဒေသခံတဦးသေဆုံး

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းက ရေး-ထားဝယ်လမ်းပေါ်မှာ ဖေဖော်ဝါရီ (၆) ရက် မနေ့က ညနေပိုင်းက ခရီးသွားကားတစီး ပစ်ခတ်ခံရပြီး ကားပေါ်ပါတဲ့ သံဃာတော်တပါးနဲ့ အမျိုးသမီး တဦး သေ ဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ရေဖြူမြို့နယ် ရာဖူးရွာသစ်ကျောင်းထိုင်ဆရာတော်အပါအဝင် ခရီးသည် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ အရပ်သားလေးရာနီးပါးသေဆုံး

ပြည်တွင်းမှာ စစ်အာဏာသိမ်းထားတဲ့ ၂နှစ်တာကာလအတွင်း တနင်္သာရီတိုင်းထဲမှာ အရပ်သား ၃၆၀ အထိသေဆုံးခဲ့ပြီးသေဆုံးသူတွေထဲမှာ အမျိုးသား ၈၆ ရာခိုင်နှူန်းအထိရှိနေတယ်လို့  တနင်္သာရီတိုင်းအတွင်းကအခြေအနေတွေကို မှတ်တမ်းတင်နေတဲ့ Southern Monitor အဖွဲက ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်မှာထုတ်ပြန်လာပါတယ်။ ဒီအရေအတွက်ဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကော့သောင်းမှာ စစ်ကောင်စီက လက်နက်အပြည့်အစုံနဲ့ကင်းလှည့်နေလို့ တိုက်ပွဲဖြစ်မှာကို ဒေ သခံ တွေစိုးရိမ်နေ

တနင်္သာရီတိုင်း၊ကော့သောင်းခရိုင်၊ကော့သောင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေက လူအင်အား၊ လက်နက် အင်အားအပြည့်အစုံနဲ့ မြို့တွင်းကို ကင်းလှည့်နေတာကြောင့် ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေတယ်လို့ဒေသခံတွေက ​DNAကိုပြောပါတယ်။ စစ်ကောင်စီက အခုလိုလူ၊လက်နက်အင်အားအပြည့်အစုံနဲ့ကင်းလှည့်တာကို ဖေဖော်ဝါ ၆ရက်မှာ စတင်ပြုလုပ် နေ တာဖြစ်ပြီး မြို့တွင်းမှာလည်း စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်လုပ်နေတာကြောင့် [ဆက်လက်ဖတ်ရှုရန်]