ရန်ကုန်မှာ နှစ်ပတ်အတွင်း လူငယ်အယောက်သုံးဆယ်ထက်မနည်းအဖမ်းခံရပြီး နေအိမ်တလုံး ချိပ်ပိတ်ခံရ
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ လှိုင်မြို့နယ်နဲ့ တောင်ဥက္ကလာမြို့နယ်တွေမှာ အခုဖေဖော်ဝါရီလအတွင်း လူငယ်တွေဆက်တိုက်ဖမ်းဆီးခံနေရပြီး တောင်ဥက္ကလာမှာတော့ နေအိမ်တလုံးချိပ်ပိတ်ခံရတယ်လို့ သက်ဆိုင်ရာမြို့နယ် ဒေသခံတွေကပြောပါတယ်။ “ကျွန်တော်တို့ လှိုင်၊သီရိမြိုင်မှာတော့ PDF ထောက်ပံ့တယ်ဆိုပြီး ကလေးမလေးတွေကို လာပြီး ထပ်ဖမ်းတာ။မနေ့ကအိမ်စီးကားတွေနဲ့လာဖမ်းကြတာ။ ကားက အားလုံး ၄စီးမှာ [ဆက်လက်ဖတ်ရှုရန်]