ကျောက်ထုမှာ ဆက်တိုက် မိုင်းဆွဲခံရပြီး အထိနာတဲ့စစ်တပ်က လက်နက်ကြီးနေ့စဥ်ပစ်ခတ်နေ
မကွေးတိုင်း၊ ယောဒေသကျောက်ထုမြို့နယ်အ တွင်း ဖေဖော်ဝါရီ ၁၆ရက်နဲ့၁၈ ရက်တို့မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီစစ်ကြောင်းကစစ်သား နှစ်ဆယ်ဝန်းကျင်သေဆုံးပြီးနောက် ကျောက်ထုမြို့ပေါ် စစ်ကောင်စီတပ်က နေ့စဉ်လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာ တပတ်လောက်ရှိပြီလို့ ဒေသခံတွေကပြောပါတယ်။ “၁၆ရက်နေ့ ကားနှစ်စီးဆွဲတာကတော့ တော်တော်ထိတယ်ဗျ၊ကားနှစ်စီးလုံးကိုပျက်စီးသွားတာကိုး၊ အဲ့ရက်ကစ(လက်နက်ကြီး)ထုတာပဲ၊တောင်ပေါ်ဘက်တွေကိုအဓိကထုတာ” လို့ကျောက်ထုဒေသခံတဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]