နိုင်ငံရေး

ကန့်ဘလူမှာ ပျူစောထီးအဖွဲ့ထဲမဝင်လိုတာကြောင့် ထွက်ပြေးသူ ၃၀၀ ကျော် အကူအညီလိုအပ်နေ

မေ၊ ၂   စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေရဲ့ ဖိအားပေးမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာငါးရွာက ဒေသခံ ၃၀၀ ကျော်ဟာ ၇ လနီးပါးကြာမြင့်လာပြီးဖြစ်တဲ့အတွက် အစားအစာဆေးဝါးနဲ့ သောက်သုံးရေ အခက်အခဲတွေ ဖြစ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ အဖွဲ့တွေထံမှ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မယ်ခါးထာ့စခန်းပြန်ရဖို့စစ်ကောင်စီက လေကြောင်းအကူအညီနဲ့ ဘာလို့ ထိုးစစ်ဆင်နေတာလဲ

မေ၊ ၂ ကရင်အမျိုးသားအစည်းအရုံး KNU ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းဆည်းထားတဲ့ ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီရဲ့ မယ်ခါးထာ့တပ် စခန်းကို စစ်ကောင်စီတပ်ဖွဲ့တွေက ပြန်လည်ရရှိဖို့ လေကြောင်းပစ်အကူအပါအဝင် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ KUN ပူးပေါင်းတပ်ဖွဲ့ထံမှ သိရပါတယ်။ “ တိုက်နေတာကြာကြာပြီးပေါ့။ ဒီလပထမပတ်ကုန်လောက်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်သုံးလအတွင်း အရပ်သား ငါးဆယ်ကျော်သေ ဆုံး တယ်လို့KNU ပြော

မေ၊ ၁ ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေအတွင်းမှာအခုနှစ် ဇန်နဝါရီကနေ မတ်လကုန်အထိ သုံးလတာအ တွင်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ ကြောင့် အရပ်သား (၅၅) ဦးသေဆုံးကာ ၆၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ ထုတ်ပြန် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲမှာကျဆုံးတဲ့စနိုက်ပါ ရဲဘော်တဦးအလောင်းခုနှစ်လအကြာမှပြန်တွေ့

မေ၊ ၁ ကရင်နီပြည်နယ်(ကယားပြည်နယ်)၊လွိုင်ကော်မြို့က ကုန်းသာတိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ ရှမ်းတောင် ၁၀၀၈ တပ်ရင်း (SSRY) က အသက်၃၀အရွယ်ကိုသန်းဇော်(ခ)စနိုက်ပါရဲဘော်အယ်ဘီရဲ့ ရုပ်အလောင်းကို ၇လအကြာမှာ ပြန်လည်ရရှိခဲ့ပြီး ခေါင်းကို ဓါးနဲ့ ထိုးသွင်းဒဏ်ရာနဲ့ ကျည်ဆန်ရာတွေ ထပ်မံတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။  [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖားကန့်မှာ နှစ်ရက်ဆက်တိုက် အရပ်သားနှစ်ဦးပစ်ခတ်ခံရလို့သေဆုံး

မေ၊ ၁   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မနေ့ကဧပြီ ၃၀ ရက်နဲ့ ဒီကနေ့ မတ်လ ၁ ရက်နှစ်ရက်ဆက်တိုက် အရပ်သားနှစ်ဦး ပစ်ခတ်ခံရလို့ သေဆုံးတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။   ဖားကန့်မြို့၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ လေးလအတွင်း လေကြောင်းတိုက်ခိုက်အကြိမ်ရေ မနှစ်က နီးပါးရှိ

မေ၊ ၁   ကရင်နီပြည်နယ် (ကယားပြည်နယ်)မှာ စစ်ကောင်စီဟာ ဒီနှစ်လေးလအတွင်း လေကြောင်းသုံးတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တနှစ်လုံးက လေကြောင်းတိုက်ခိုက်မှု အကြိမ်နီးပါးခန့် ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစုက ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။   “၂၀၂၃ မှာမှ အထူးသဖြင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လွတ်လပ်စွာအသင်းအဖွဲ့ဖွဲ့စည်းခွင့် လက်ခံကျင့်သုံးနေကြောင်း စစ်ခေါင်းဆောင်ပြောဆိုမှု အလုပ်သမားအဖွဲ့တွေဝေဖန်

မေ၊ ၁   အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)ရဲ့ပြဌာန်းချက်အမှတ် (၈၇)ဖြစ်တဲ့ လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့်ကို လက်ခံကျင့်သုံးနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဒီကနေ့အလုပ်သမားနေ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြတာဟာ လိမ်လည်မှုသာဖြစ်တယ်လို့ အလုပ်သမားအဖွဲ့တာဝန်ရှိသူတွေက ဝေဖန်လိုက်ပါတယ်။   အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားအဖွဲ့အစည်းတွေ မတရားဖျက်သိမ်းခံရတာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဟားခါးမြို့ ချွန်ကျုံးကျေးရွာတိုက်ပွဲမှာ နှစ်ဖက်သေဆုံးထိခိုက်မှုရှိ

မေ၊ ၁   ချင်းပြည်နယ်၊ ဟားခါးမြို့မြို့အဝင်ဆိုင်းဘုတ်နဲ့ လေးမိုင်ဝန်းကျင်အကွာက ချွန်ကျုံးကျေးရွာမှာ ဧပြီ ၃၀ ရက် နေ့လယ် ၂ နာရီဝန်းကျင်က ဒေသခံ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ဘေးနဲ့ မီးလောင်ပြင်ကြားမှာ ရေငတ်နေတဲ့ စစ်ကိုင်းတိုင်းထဲကပြည်သူတွေ

မေ၊ ၁   စစ်တပ်က အဖိနှိပ်ဆုံးစစ်ကိုင်းတိုင်းထဲမှာတော့ နေ့စဉ်လိုလို နေအိမ်တွေမီးရှို့ခံနေရပြီး ဒေသခံတွေ စစ်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒေသခံနေအိမ်တွေကို စစ်ကြောင်းထိုးမီးရှို့တဲ့အပြင် ဒေသခံတွေအားထားသောက်သုံးနေတဲ့ သောက်သုံးရေကန်တွေကို ဖျက်စီးတာတွေနဲ့ လယ်ယာစိုက်ပျိုးလို့မရအောင်ပါ ထပ်ပြီးလုပ်ဆောင်လာကြပါတယ်။ အိမ်ခြေ ၄၀၀ လောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရက်သုံးဆယ်အတွင်း ပူးပေါင်းမှုမရှိလို့ ထိုင်းနိုင်ငံပိုင် PTTEP ကို NUG က တရားစွဲဖို့ လုပ်ဆောင်နေ

ဧပြီ၊ ၃၀ အမျိုးသားညီညွတ်ရေးအစိုးရက ထိုင်းနိုင်ငံပိုင် PTTEP ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းကို ရက်ပေါင်းသုံးဆယ်အတွင်း ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် ဥပဒေအကြံပေးတွေနဲ့ တရားစွဲဖို့ ဆက်လုပ်နေတယ်လို့ NUG အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက သိရပါတယ်။     ထိုင်းနိုင်ငံပိုင် [ဆက်လက်ဖတ်ရှုရန်]