နိုင်ငံတကာရေးရာ

အာဖဂန်ငလျင်ကယ်ဆယ်ရေးအတွက် ထိုင်ဝမ်က ဒေါ်လာ ၁ သန်း လှူဒါန်း

အာဖဂန်ငလျင်ကယ်ဆယ်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့ အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်းသွားမှာဖြစ်တယ်လို့ ထိုင်ဝမ်အစိုးရက ဇွန်လ ၂၃ရက် နှောင်ပိုင်းက ပြောပါတယ်။ လှူဒါန်းရာမှာ နိုင်ငံနယ်နိမိတ်မခွဲခြားဘဲ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစိတ်ဓာတ်ကိုအခြေခံပြီ လှူဒါန်းသွားမှာဖြစ်တယ်လို့ ထိုင်ဝမ်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဥရောပသမဂ္ဂက ယူကရိန်းကို အီးယူအဖွဲ့ဝင် ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်

ဘယ်လ်ဂျီယမ်နိုင်ငံ မြို့တော် ဘရက်ဆဲလ်မှာ ကျင်းပခဲ့တဲ့ထိပ်သီးအစည်းအဝေးပွဲမှာ ဥရောပသမဂ္ဂ ၂၇ နိုင်ငံရဲ့ခေါင်းဆောင်တွေက ယူကရိန်းကို အီးယူအဖွဲ့ဝင်ကိုယ်စားလှယ်လောင်းနေရာပေးအပ်ဖို့ လိုအပ်တဲ့သဘောတူညီချက်ကို ဇွန်လ ၂၃ရက်မှာ တညီတညွတ်တည်း ထောက်ခံခဲ့ကြပါတယ်။ ရုရှားရဲ့သြဇာလွှမ်းမိုးမှုကနေ ဝေးကွာအောင်ဆွဲထုတ်ပြီး အနောက်နိုင်ငံတွေနဲ့ ပိုပြီးနီးနီးကပ်ကပ် ချည်နှောင်ထားဖို့အတွက် အီးယူအဖွဲ့ဝင်နိုင်ငံအဖြစ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်က ယူကရိန်းကို ဒေါ်လာ သန်း ၄၅၀တန်ဖိုးရှိ လုံခြုံရေးအကူအညီ ထပ်မံပေးပို့

ယူကရိန်းကို အမေရိကန်က တာဝေးပစ်ဒုံးကျည်စနစ်တွေအပါအဝင် နောက်ထပ် ဒေါ်လာ သန်း ၄၅၀ တန်ဖိုးရှိတဲ့ လုံခြုံရေးအကူအညီတွေပေးသွားမှာဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ဇွန်လ ၂၃ရက်မှာ ပြောပါတယ်။ အခုတခေါက်အကူအညီမှာ ကမ်းရိုးတန်းနဲ့ မြစ်ကြောင်း ကင်းလှည့်သင်္ဘော ၁၈ စင်းအပါအဝင် ကျည်ဆန်တွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို  ရုရှားနဲ့ ယူကရိန်းကို သွားမယ်

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ အခုလအတွင်း ရုရှားနဲ့ ယူကရိန်းကို သွားရောက်ပြီး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၂ရက်နေ့မှာ ပြောပါတယ်။  ထိပ်တန်းစက်မှုနိုင်ငံအဖွဲ့ ဂျီ 20 ရဲ့ အလှည့်ကျဥက္ကဋ္ဌလည်း ဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာဖဂန်နစ္စတန်မှာ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၂၈၀ကျော်သေဆုံး

အာဖဂန်နစ္စတန် အရှေ့တောင်ပိုင်းမှာ ဒီကနေ့ဇွန်လ ၂၂ရက်နေ့ မနက်အစောပိုင်းက အင်အား ၆ ဒဿမ ၁ မဂ္ဂနီကျူဒ့်ရှိတဲ့ ငလျင်တခုလှုပ်ခတ်ခဲ့ပြီးနောက် လူပေါင်း ၂၈၀ကျော်သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြပါတယ်။  အိမ်နီးချင်းပါကစ္စတန်နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းကလေးတွေကိုထောက်ပံ့ဖို့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို လေလံတင်ရောင်းချခဲ့တဲ့ ရုရှားသတင်းစာဆရာ

၂၀၂၁ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေး ပူးတွဲဆုရှင် ရုရှားသတင်းစာဆရာ Dmitry Muratov ဟာ ယူကရိန်းစစ်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ကလေးငယ်တွေကို အကူအညီပေးဖို့ သူ့ရဲ့နိုဘယ်ဆုတံဆိပ်ကို စံချိန်တင်ဒေါ်လာ ၁၀၃ ဒဿမ ၅ သန်းနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။ Muratov [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဥရောပဒေသတွင်း ပုံမှန်မဟုတ်တဲ့ အပူလှိုင်းကြောင့် စပိန်နဲ့ ဂျာမနီမှာ တောမီးလောင်ကျွမ်း

ပုံမှန်မဟုတ်တဲ့ အပူလှိုင်းတွေကြောင့် စပိန်အနောက်မြောက်ပိုင်း ဇမိုးရား ပြည်နယ်မှာ တောမီးလောင်ကျွမ်းခဲ့ပြီး ဧက ၆သောင်း ၁ထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဇွန်လ ၁၉ရက်နေ့မှာ ပြောပါတယ်။  တောမီးနီးကပ်လာတာကြောင့် အဲဒီနေ့မှာပဲ ဘာလင်မြို့အနီးရှိ ရွာသုံးရွာမှ ဒေသခံတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နိုင်ဂျီးရီးယား ဘုရားကျောင်းနှစ်ခု တိုက်ခိုက်ခံရပြီး ဝတ်ပြုသူ ၃ဦးသေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကျေးလက်ဒေသရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှစ်ခုကို သေနတ်သမားတွေက ဇွန်လ ၁၉ရက်နေ့မှာ တိုက်ခိုက်ခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။ ဝတ်ပြုသူတွေဟာ တစ်နေရာတည်းမှာရှိတဲ့  Maranatha Baptist နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းစစ်ပွဲ နှစ်ချီကြာနိုင်တယ်လို့ နေတိုး သတိပေး

ယူကရိန်းစစ်ပွဲဟာ နှစ်ချီကြာရှည်နိုင်တယ်လို့ နေတိုးအကြီးအကဲက ဇွန်လ ၁၉ရက်နေ့မှာ ပြောလိုက်ပါတယ်။ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားတဲ့အခြေအနေကို ခွင့်ပြုသင့်တယ်လို့ အီးယူ အမှုဆောင်အရာရှိက အကြံပြုပြီးတဲ့နောက် ရုရှားစစ်တပ်ဟာ ယူကရိန်းမှာ တိုက်ခိုက်ရေးအရှိန်မြှင့်တင် ခဲ့ပါတယ်။ ယူကရိန်းတပ်တွေဆီ ခေတ်မီလက်နက်တွေထောက်ပံ့ပေးတာဟာ အရှေ့ပိုင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရေကြီးရေလျှံမှုကြောင့် လူသန်းချီအိုးမဲ့အိမ်မဲ့ဖြစ်

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရေကြီးရေလျှံ မှုတွေကြောင့် အနည်းဆုံး လူ ၁၈ဦး သေဆုံးခဲ့ပြီး နေအိမ်သန်းပေါင်းများစွာ ရေအောက်နစ်မြုပ်ကာ သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုတွေ ပြတ်တောက်ခဲ့တယ်လို့ အာဏာပိုင်တွေက ဇွန်လ ၁၈ရက်နေ့မှာ ပြောပါတယ်။ အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ [ဆက်လက်ဖတ်ရှုရန်]