ဒေသအလိုက် သတင်းကဏ္ဍ

ချင်းတွင်းမြစ်အတွင်းက စစ်အုပ်စုရဲ့ရေယာဉ်ကို PDFတွေပေါင်းတိုက်

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ချင်းတွင်းမြစ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ရိက္ခာနဲ့လူအင်အားပို့ဆောင်ဖို့ ဆန်တက်လာတဲ့ စစ်ရေယာဉ်ကို ယင်းမာပင် PDFနဲ့ ကနီ PDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ကျဆုံးသူ များပြားနိုင်တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၆ရက်နေ့မှာ စစ်အုပ်စုရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ငါးသိုင်းချောင်းမြို့မှာ သံဃာတော်တစ်ပါးကို စစ်အုပ်စုက အကြောင်းမဲ့ ပစ်သတ်

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ငါးသိုင်းချောင်းမြို့မှာ အရက်မူးနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ သံဃာတော်တစ်ပါးကို အကြောင်းမဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၂၅ရက်နေ့ မနက် ၁၀နာရီ ၄၅မိနစ်ခန့်မှာ ရင်းရှည်ကျေးရွာမှာ လက်ထောက်ကျောင်းတိုက်ဆရာတော် ဥူးကုသလဟာ သူရဲ့မယ်တော်ဖြစ်သူရဲ့ အုတ်ဂူကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်နယ်မြေ မင်္ဂလာဒုံမှာ အုပ်ကြီးတစ်ဦး အပစ်ခံရ

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုကြီးစိုးတဲ့ မင်္ဂလာဒုံမြို့နယ်မှာ စစ်အုပ်စုကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ အောက်တိုဘာလ ၂၆ရက်နေ့ မနက် ၅နာရီခန့်မှာ ကုန်းတလပေါင်းစံပြကျေးရွာက အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်ဟာ စက်ရုံဆင်းအလုပ်သမားတွေကို သွားရောက်ပို့ဆောင်ပြီး အပြန် တပ်ရင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်းမြထောင်အတွင်း မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး

၂၆၊ အောက်တိုဘာလ၊၂၀၂၁။ ဧရာဝတီတိုင်း မြောင်းမြမြို့ မြောင်းမြအကျဉ်းထောင်အတွင်းမှာ ပုဒ်မ ၅၀၅-ကနဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးအင်ဟုတ်ဟာ ဒီကနေ့ မနက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ ဇွန်လ ၃ရက်နေ့မှာ စတင်ဖမ်းဆီးခံထားရတဲ့ ဦးအင်ဟုတ် အသက် (၆၈)နှစ်ဟာ ထောင်အတွင်းမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်အမျိုးသမီးပြောက်ကျားတပ်ဖွဲ့ စတင်ဖွဲ့စည်း

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။ လက်နက်ကိုင် ခုခံစစ် ဆင်နွှဲဖို့ မြောင်မြို့နယ်မှာ အမျိုးသမီး ပြောက်ကျားစစ်သည်တော်များအအဖွဲ့ Myaung Women Warriors -MWW ကိုစတင်ဖွဲ့စည်းလိုက်ပြီလို့ ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူချိန်ကစတင်ပြီး သပိတ်စစ်ကြောင်းတွေမှာ ကျားမတန်းတူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အုပ်ကြီးပြန်လုပ်မယ့်သူတွေကို ပြတ်ပြတ်သားသားကိုင်တွယ်သွားမယ်လို့ ခရမ်းPDF ပြော

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးပြန်လုပ်မယ့်သူတွေကို ပြတ်ပြတ်သားသား ကိုင် တွယ်သွားမယ်လို့ ခရမ်းPDFတာဝန်ရှိသူတစ်ဦးကပြောကြားလိုက်ပါတယ်။ အောက်တိုဘာ၁၃ရက်နေ့မှာ ခရမ်းမြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ယောက်မကျန် နုတ်ထွက်ခဲ့ပြီး နောက် တစ်ပတ်လောက်အကြာမှာ နုတ်ထွက်အုပ်ချုပ်ရေးမှူးများစွာတို့ဟာ တိုးတိုးတိတ်တိတ်အ လုပ်ပြန်ဝင်ခဲ့ ကြတဲ့အပေါ် Delta [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြို့စစ်ဘေးရှောင်စခန်း အကူအညီလိုအပ်နေ

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လေး မြိုစစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်တွေရဲ့ နေအိမ်အချို့ ပျက်စီးနေပြီး ပြန်လည်ပြင်ဆင်နိုင်ဖို့ အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ မြိုစစ်ဘေးရှောင်စခန်းဟာ ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသမှာ ရက္ခိုင့်တပ်တော် AAနဲ့ အကြမ်းဖက်စစ်အုပ်ကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မီးဖြတ်တာနဲ့ အဓမ္မမီတာခကောက်ခံနေသူတွေကို NUG နောက်ဆုံးအကြိမ်သတိပေး

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။ လျှပ်စစ်မီးဖြတ်တောက်ခြင်းနဲ့ အဓမ္မဓာတ်အားခကောက်ခံနေသူတွေကို အမျိုးသား ညီညွတ်ရေး အစိုးရကနောက်ဆုံးအနေနဲ့ လေးနက်ပြင်းထန်စွာ သတိပေးလိုက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ NUG အစိုးရရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မနေ့က သတိပေးချက်ထုတ်ပြန်လိုက်တာပါ။ လျှပ်စစ်ဝန်ထမ်းတချို့ဟာ CDM အဖြစ်မပါတဲ့အပြင် စစ်အုပ်စုယန္တယားလည်ပတ်နိုင်ရေးအတွက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထိပ်သီးအစည်းအဝေးတက်ခွင့်ပြုဖို့ မင်းအောင်လှိုင်ရဲ့တောင်းဆိုချက်ကို ပယ်ကာ အာဆီယံအစည်းအဝေးစတင်

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။ မင်းအောင်လှိုင် တက်ရောက်ခွင့်ရရေးအတွက် နောက်ဆုံးအချိန်ထိ အကြမ်းဖက်စစ်အုပ်စုရဲ့ တောင်းဆိုမှုကို ပယ်ချကာ အာဆီယံထိပ်သီးအစည်းအဝေးကို ဒီနေ့မနက်မှာ စတင်လိုက်ပါပြီ။ အာဆီယံက မြန်မာကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို ဖတ်ကြားခဲ့ပေမဲ့ စစ် အုပ်စုကတော့ မင်းအောင်လှိုင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကိုဂျင်မီ ပြင်းထန်ဒဏ်ရာရရှိမှုအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ဗြိတိန်သံရုံးထုတ်ပြန်

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ဖမ်းဆီးခံရစဉ် ပြင်းထန်စွာထိခိုက်ဒဏ်ရတဲ့သတင်းနဲ့ပတ်သက် ပြီး အလွန်အမင်းစိုးရိမ်ထိတ်လန့်မိကြောင်း ဗြိတိန်သံရုံး(ရန်ကုန်)က ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် အခြားဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာ မြန်မာစစ်အာဏာရှင်ရဲ့လုပ်ရပ်တွေကြောင့် ပြင်းထန်ဒဏ်ရာရ တာတွေကိုလည်း ရည်ညွှန်းပါတယ်။ စစ်အာဏာရှင်တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုလေးစားပြီး [ဆက်လက်ဖတ်ရှုရန်]