ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုနဲ့ ပျူစောထီးတွေ စခန်းချထားတဲ့ ဇီးဖြူကုန်းကျေးရွာ ထပ်မံအတိုက်ခံရပြီး သေဆုံးသူများ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာမှာ စစ်သင်တန်းပေးရင်း တပ်စခန်းချထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးတွေကို PDFပူးပေါင်းတပ်ဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့ပြီး သေဆုံးသူတွေ များပြားခဲ့တယ်လို့ အောင်ဆန်းတပ်ဖွဲ့က ဒီကနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ မနေ့က ဇန်နဝါရီလ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖာပွန်ကနေ ဌာနဆိုင်ရာဝန်ထမ်းတွေ ထွက်ခွာသွားကြဖို့ KNU ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ထဲက အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အရပ်ဘက် ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ သတ်မှတ်ထားတဲ့အချိန်အတွင်း ထွက်ခွာသွားကြဖို့ KNU တပ်မဟာ ၅ က ထုတ်ပြန်လိုက်ပါတယ်။ ဖာပွန်မြို့နယ်ထဲက အရပ်ဘက် ဌာနဆိုင်ရာဝန်ထမ်းတွေဟာ နေထိုင်ရာဒေသတွေဆီ ရေလမ်းခရီးနဲ့ ထွက်ခွာသွားကြဖို့ ယမန်နေ့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြိုင်မှာစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်မိုင်းဆွဲခံရ၊ ၂ ဦးသေ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့က သပြေညိုရေနံမှော်နဲ့ ရေကားရေနံမှော်ကြားမှာ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်သား ၁၀၀ လောက်ကို မြိုင် PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြိုင်၊ လင်းကတော ရဲစခန်းထဲက ဖမ်းမိတဲ့မိသားစုတွေကို ပြည်သူဘက်ရပ်ဖို့မှာပြီး ပြန်လွှတ်

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက လင်းကတောရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် ဖမ်းဆီးရမိတဲ့ မိသားစုဝင်တွေကို ပြည်သူဘက်ရပ်တည်ဖို့ မှာကြားပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းကို မြိုင်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တစ်သက်တာ ပြန်မလာနိုင်တော့တဲ့သူတွေအတွက် တစ်ရက်တာသတ္တိရှိပေးဖို့ မေတ္တာရပ်ခံ

နွေဦးတော်လှန်ရေးမှာ အသက်ပေးခဲ့တဲ့ တစ်သက်တာ ပြန်မလာနိုင်တော့တဲ့ သူတွေအတွက် တစ်ရက်တာ သတ္တိရှိပေးဖို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။ ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးခဲ့ကြတဲ့သူတွေ၊ ထောင်တွင်းအကျဉ်းချခံနေရတဲ့သူတွေ၊ CDM ဝန်ထမ်းတွေ၊ စစ်ရှောင်ပြည်သူတွေနဲ့ နေအိမ်မီးရှို့ခံရသူတွေကို စာနာလေးစား တန်ဖိုးထားအသိအမှတ်ပြုတဲ့အနေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆိုင်ကယ်ရပ်မပေးတဲ့ကြံ့ဖွံ့ပါတီဝင်တစ်ဦး အကြမ်းဖက်တပ်က သေနတ်နဲ့ပစ်လို့သေ

ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး ကြံ့ဖွံ့ပါတီ၀င် အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ပစ် ခတ်ခဲ့ရာသေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကိုင်းမြို့၊ ဧမြ၀တီရပ်ကွက် အနောက်ပိုင်း‌နေ ကြံ့ဖွံ့ပါတီ၀င် အမျိုးသားတစ်ဦး မန္တလေးမြို့မှာ ဆိုင်ကယ်ရပ်မပေးလို့ ဆိုပြီး ဇန်နဝါရီ ၂၇ ရက်နေ့ညက အပစ်ခံရခြင်းဖြစ်တယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟင်္သာတမှာ အသံတိတ်သပိတ် မပြုလုပ်ဖို့ စစ်အုပ်စုက စာဝေခြိမ်းခြောက်

ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ အကြမ်းဖက်စစ်အုပ်စုက ဖေဖေါ်ဝါရီလ ၁ရက်နေ့မှာ ပြုလုပ်မဲ့ အသံတိတ်သပိတ်ကို မပြုလုပ်ဖို့ စာရွက်တွေ လိုက်လံဝေငှကာ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသံတိတ်သပိတ်ကို လုပ်ဆောင်တာဟာ အကြမ်းဖက်မှုကို ကျူးလွန်တာဖြစ်တာကြောင့် ပိုင်ဆိုင်မှုတွေလည်း ချိတ်ပိတ်သိမ်းဆည်းခံရမယ်လို့ စစ်အုပ်စုရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာက စစ်အုပ်စုစခန်း အတိုက်ခံရပြီး သေဆုံးသူများပြားနိုင်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးတွေရဲ့ စခန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သေဆုံးသူများပြားနိုင်တယ်လို့ အောင်ဆန်းတပ်ဖွဲ့က ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ မနေ့က ဇန်နဝါရီလ ၂၈ရက်နေ့ ည၈နာရီခန့် စစ်အုပ်စုရဲ့ စခန်းကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖယ်ခုံမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက လေယာဉ်တွေနဲ့ပါ ဗုံးကြဲ

ကယားပြည်နယ်(ကရင်နီ)နဲ့ ရှမ်းပြည်နယ် နယ်စပ်မှာရှိတဲ့ ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာမှာ ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကင်းစခန်းတစ်ခုကို ဖယ်ခုံPDFက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၁၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဖယ်ခုံPDFက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၂၉ရက်နေ့ ၆နာရီ၂၀မိနစ်ခန့်ကနေစတင်ကာ ၉နာရီ၁၀မိနစ်ခန့်အထိ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

KNU ဒူးပလာယာခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်း တာဝန်မှ နုတ်ထွက်အနားယူ

KNU ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းမှာ ခရိုင်အရေးအပေါ် အစည်းအဝေးမှာ သူအနေနဲ့ တာဝန်ကနေ နုတ်ထွက်အနားယူခွင့်တောင်းခဲ့တယ်လို့ ခရိုင်တာဝန်ရှိသူတွေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ ဇန်နဝါရီလ ၂၇ရ့်နေ့မှာ လုပ်ဆောင်ခဲ့တဲ့ ဒူးပလာယာခရိုင်ရဲ့ အရေးပေါ်အစည်းအဝေးမှာ တရားဝင် တင်ပြအသိပေးခဲ့တာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]