နိုင်ငံရေး

နေအိမ်သောင်းချီဖျက်ထားတဲ့မင်္ဂလာဒုံမှာ နေအိမ်ဖယ်ရှားခိုင်းမှုတွေဆက်လုပ်နေ

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြောက်ပိုင်း၊ တောရကျောင်းလမ်းက နေအိမ်နဲ့ ဆိုင်ခန်းတွေကိုဖျက်သိမ်းဖယ်ရှားဖို့စစ်ကောင်စီကထပ်မံဖိအားပေးနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ မင်္ဂလာဒုံမြို့နယ်မှာပြီးခဲ့တဲ့လအတွင်းရပ်ကွက် ၅ ခုက နေအိမ်တွေကိုစစ်ကောင်စီကဖယ်ရှားရှင်းလင်းပြီးအခုထပ်ပြီးသတိပေးချက်ထွက်လာတာဖြစ်ပါတယ်။ “အရင်ပလပ်မြေမှာနေတဲ့သူတွေ၊နေခဲ့တာလည်းနှစ်အတော်ကြာနေပြီ၊ အခုမှကျူးကျော်ဆိုပြီးဖျက်သိမ်းဖို့သတိပေးခံရတာ”လို့ အဲဒီရပ်ကွက်မှာနေထိုင်သူတဦးကပြောပါတယ်။ အဲဒီလိုဖျကိသိမ်းဖယ်ရှားဖို့သတိပေးစာပို့ခံရတဲ့နေအိမ်တစ်ရာနီးပါးရှိပြီး ဒီဇင်ဘာ ၂၁ရက် နောက်ဆုံးထားရွှေ့ပြောင်းဖို့ ညွန်ကြားထားတယ်လို့သိရပါတယ်။ မင်္ဂလာဒုံမြို့နယ်မှာ နေအိမ်သောင်းနဲ့ချီဖျက်သိမ်းဖယ်ရှားခံထားရပြီး နောက်ထပ်ကျူးကျော်ဆိုကာဖျက်သိမ်းခိုင်းမူတွေရှိနေတာဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြောင်ကရွာရှစ်ရွာအရေးပေါ်ထွက်ပြေးတိမ်း ရှောင်နေရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက ရွာတွေကိုစစ်ကြောင်းထိုးမီးရှို့နေလို့ ရွာရှစ်ရွာလောက် အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ မြောင်မြို့နယ်ကျေးရွာတွေကို ဝင်လိုက်ထွက်လိုက်လုပ်နေရာက ဒီဇင်ဘာ ၁၁ ရက်ကစပြီး ရွာစဉ်အလိုက် နေအိမ်မီးရှို့တာတွေ ပြန်လုပ်လာလို့ လှေတင်ဦး၊ ကတို့ကုန်း၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလောမြို့ပေါ်က စစ်တပ်တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး အင်အားတိုးထားတယ်လို့ဆို

တင်္နသာရီတိုင်း၊ ပုလောမြို့နယ်က မြို့ပေါ်နေရာ တချို့နဲ့ စစ်ကောင်စီလုံခြုံရေးဂိတ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မြို့ပေါ်မှာ လုံခြုံရေးအင်အားအများအပြားတိုးချထားတယ်လို့ ပုလောမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်က စပြီး ပုလောမြို့မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီလူထုလမ်းလျှောက်ပွဲလုပ်တဲ့နေရာမှာ မုံရွာလူငယ်တွေဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်မှာ စစ်ကောင်စီက လူထုလမ်းလျှောက်ပွဲလုပ်နေတဲ့ မြို့လယ်နာရီစင်အနီးမှာ ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့က မုံရွာကကျောင်းသားလူငယ်တွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်ကောင်စီကသေဒဏ်ချမှတ်ထားတဲ့ ကျောင်းသားလူငယ်တွေနဲ့ ပတ်သက်ပြီး “သူရဲကောင်းစိတ်ဓာတ်တွေ ကြိုးပေးလို့မသေ” စာတန်းပါဘန်နာ“နဲ့ ယုံကြည်ချက်ကို ကြိုးပေး၍မရ” စတဲ့စာတမ်းတွေကိုချိတ်ဆွဲပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီလုပ်ပေးမယ့် ရခိုင်ပြည်နယ်နေ့ မလို လားကြောင်း ဒေသခံတွေပြော

ရခိုင်က အရပ်သားပြည်သူများစွာကို သတ်ဖြတ် ထားတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ် နေ့အခမ်းအနားကို တပြည်နယ်လုံးအတိုင်းအတာနဲ့ ကျင်းပဖို့ စီစဉ်နေပြီး ဒါဟာ ဟန်ပြလုပ်ပေးနေတာဖြစ်တယ်လို့ လူငယ်တွေ၊ စစ်ဘေး ဒုက္ခ သည်တွေနဲ့ ဒေသခံတွေက ဝေဖန်ကြပါတယ်။ လာမယ့် ဒီဇင်ဘာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရပ်သားသေဆုံးမှုနဲ့ တော်လှန်ရေးအင်အားစုတွေ အကျအဆုံး နည်းနိုင်သမျှနည်းအောင်လုပ်ဖို့ ယာယီသမ္မတတိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ အရပ်သားသေကြေမှုတွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစု တပ်ဖွဲ့ဝင်တွေ အကျအဆုံးနည်းနိုင်သမျှနည်းရေးကို အဓိက လုပ်ဆောင်ကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ (၇၈) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းကို ဒီဇင်ဘာ (၁၃) ရက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းကလာတဲ့ စစ်တပ်က ရေဦးမှာသုံးရက်အတွင်း ငါးရွာ မီးရှို့ခဲ့ပြီး ဆက်ရှို့နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ ဆယ်ရက်အတွင်း ရွာနှစ်ဆယ်ဝန်းကျင်ကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်း တွေဟာ နယ်မြေချင်းဆက်စပ်နေတဲ့ ရေဦးနယ်ထဲဝင်လာပြီးနောက် သုံးရက်အတွင်း ရွာခြောက်ရွာ မီးရှို့ခဲ့ကာ ဆက်လက်မီးရှို့ဖျက်ဆီးနေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။   ဒီပဲယင်းအရှေ့ခြမ်းရွာတွေကို စစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့ စစ်ကြောင်းနှစ်ခုဟာ ဒီဇင်ဘာ(၁၀)ရက်ကစပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘားအံမြောက်ပိုင်းက၊မီးပုန်းကျေးရွာကို BGF က စစ်ကြောင်းထိုးဝင်ကာ လူနေအိမ်တလုံးမီးရှို့

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြောက်ပိုင်းက မီးပုန်းကျေးရွာကို စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF က ဒီဇင်ဘာ(၁၀)ရက်မှာ လက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး နောက်တရက်မှာ ရွာထဲက အိမ်တလုံးကို မီးရှို့သွားတယ်လို့ ဒေသခံတဦးက DNA ကိုပြော [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နမ့်ဆန်တိုက်ပွဲမှာ စစ်တပ်ကလေကြောင်းနဲ့ပစ်လို့ ကုန်းသာရွာတရွာလုံးကျွတ်ပျက်စီး

  ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့အနီးမှာ တအောင်းလွတ်မြောက်ရေးတပ်မတော်(TNLA) စခန်းကို စစ်ကောင်စီတပ်ရဲ့ တစ်ပတ်ကြာ ပြင်းပြင်ထန်ထန် ထိုးစစ်ဆင်နေမှုကြောင့် အနီးကကုန်းသာကျေးရွာ တရွာလုံးနီးပါးပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။   ဒီဇင်ဘာလ ၇ ရက်က စခဲ့တဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဖျက်အားပြင်းတဲ့ ပေါင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ရေးတင်းမာနေလို့ ကလေး – လက်ပန်ချောင်း – ရာဇဂြိုလ်လမ်း အသုံးပြုခွင့်ပိတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းမှာ စစ်ရေး တင်းမာနေတာကြောင့် ကလေးမြို့နယ်မြောက်ပိုင်းက ကလေး- ရာဇဂြိုလ်လမ်းမကြီးကို လတ်တလော အသုံးမပြုကြဖို့   PDF Kalay ကဒီဇင်ဘာ(၁၃) ရက် ဒီကနေ့မှာထုတ်ပြန်လိုက်ပါတယ်။  “မြို့ပတ်ဝန်းကျင်အကုန်လုံးနီးပါး အခြေအနေ ဆိုးနေတယ်၊လက်ပန်ချောင်းလမ်းဘက်မှာလည်း သူတို့ (စကစ)တွေရှိနေတယ်၊ [ဆက်လက်ဖတ်ရှုရန်]