နိုင်ငံရေး

မန္တလေးမှာ တရက်တည်းငလျင်သုံးကြိမ်လှုပ်

မန္တလေးမြို့မှာ ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ တရက်တည်းအတွင်း ငလျင် ၃ ကြိမ်လှုပ်ခတ်သွားခဲ့ပြီး ငလျင်ဒဏ်ကို သိသိသားသားခံစားလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။   ” မနက်ပိုင်းကလှုပ်တာက သိပ်မပြင်းဘူးဗျ။ နေ့ခင်းပိုင်းလှုပ်တဲ့ ကတော့အတော်သိသားတယ်။ အိမ်တွေကိုခါရမ်းသွားတယ်။ ကျနော်တို့ရပ်ကွက်ထဲလူတွေဆို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းတုန်းမှာစစ်ကောင်စီသတင်းပေးဆိုသူပစ်သတ်ခံရ

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် လက်ပွကျေးရွာမှာနေထိုင်တဲ့ စစ်ကောင်စီ သတင်းပေးဆိုသူ ဦးစိုးငြိမ်းကို ဒီဇင်ဘာ (၁၅)ရက် မနက်ပိုင်းမှာ ပစ်ခတ်ခဲ့ပြီး နေရာမှာပဲသေဆုံးသွားတယ်လို့သရက်၊ကံမ ၊မင်းတုန်းပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Eagle Force)က ဒီကနေ့ ထုတ်ပြန်ပါတယ်။ အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ဆေးဖို့လာတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အင်းစိန် BPI စက်ရုံရှေ့က စစ်တပ်အတွင်း ပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်က BPI ဆေးဝါးစက်ရုံအရှေ့မှာရှိတဲ့ စစ်ကောင်စီတပ်အတွင်း ဒီဇင်ဘာ(၁၅)ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပြီးစစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဲ့ဒီအနီးဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံ တွေက ပြောပါတယ်။ “ပေါက်ကွဲတဲ့အသံကြားပြီး နောက်တော့ဆေးရုံကားတွေရောက်လာတယ်၊ နှစ်ယောက်ထိတယ်လို့လည်း ကြားတယ်၊ မင်္ဂလာဒုံစစ်ဆေးရုံဘက်ကိုတော့ မောင်းထွက်သွားတာတွေ့လိုက်တယ်”လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးဘိုဘိုငယ် ကိုစစ်အုပ်စုတရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်

အမျိုးသားဒီမိုကရေစီ အစိုးရလက်ဖက်မှာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဘိုဘိုငယ်ကို စစ်အုပ်စုရဲ့ တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တယ်လို့ တရားရေးနဲ့ နီးစပ်သူများထံမှာ သိရပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်နေ့က စစ်အုပ်စု ရဲ့ မန္တလေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်က ကူညီရေးအဖွဲ့တွေကို သွားလာခွင့်ပိတ်ထားလို့ ရခိုင်က ရိုဟင်ဂျာ ဒုက္ခသည်တွေ အငတ်ဘေး ကြုံနေ

ရခိုင်မှာ စစ်ကောင်စီက နိုင်ငံတကာကူညီရေးအဖွဲ့တွေကို သွားလာကူညီခွင့် ပိတ်ပင်ထားတာကြောင့် အဲဒီအဖွဲ့တွေရဲ့ အထောက်အပံ့တွေကို အားကိုးနေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာနေထိုင်သူတွေ စားနပ်ရိက္ခာအခက်အခဲနဲ့ ကြုံနေကြရပြီး ငတ်မွတ်တဲ့အခြေအနေတွေအထိ ရောက်နေကြတယ်လို့ ပြောကြပါတယ်။  အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ရှစ်ခုမှာ ပြည်တွင်း၊ပြည်ပ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးမှာ ငါးရက်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ကလေး နေအိမ်ကပ်လျက်က တိုက်ခန်းကပြန်တွေ့

မန္တလေးမြို့မှာငါးရက်ကျော်ကြာပျောက်ဆုံးနေတဲ့ ကလေးငယ် ကိုနေအိမ်ကပ်လျက်ရှိ တိုက်ခန်းမှာဝင်ရောက်ရှာဖွေရာမှာ ဒီဇင်ဘာ ၁၆ ရက်နေ့မနက်ပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို ကလေးငယ်ရဲ့ မိသားစုနဲ့နီးစပ်သူတဦးက DNA ကိုအတည်ပြုပြောပါတယ်။ ကလေးငယ်ကို ဘေးချင်းကပ်နေအိမ်မှာ လင်မယား ၂ ဦးက သူတို့နေအိမ်အပေါ်ထပ်မှာ ခေါ်ထားတာဖြစ်ပြီးငွေကြေးတောင်းခံမှုများလည်း ပြုလုပ်ခဲ့တယ်လို့ဆက်သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကော့ကရိတ်အခြေစိုက်စစ်ကောင်စီစခန်းတွေကို KNLAပူးပေါင်းကာကွယ်ရေးတပ်တွေဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးတိုက်ပွဲဖြစ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ခြမ်းမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းတွေရှိရာလှိုင်ဝကုန်းကို KNLA နဲ့ ပူးပေါင်းကာကွယ်ရေးတပ်တွေက ဒီကနေ့ ဒီဇင်ဘာ ၁၆ရက်မနက်အစောပိုင်းမှာဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနှစ်ဖက်ပစ်ခတ်မှုတွေဆက်ဖြစ်နေတယ်လို့မြေပြင်စစ်ရေးအခြေအနေသိရှိသူက DNA ကိုပြောပါတယ်။   ‘’ မနက်၅နာရီ၄၀ လောက်ကစတိုက်တာ၊ ကော့ကရိတ်မြို့တောင်ဘက်ခြမ်း တံတားကျိုး ၂၃၁ ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရှေ့ဒဂုံမှာ စစ်ယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊အမှတ် ၂ လမ်းမကြီးနဲ့ ကျန်စစ်သားလမ်းဆုံအနီးမှာကင်းလှည့်လာတဲ့ စစ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူတချို့ရှိတယ်လို့ Yangon UG Association (YUA)တာဝန်ခံက DNA ကိုပြောပါ တယ်။ “စောင့်ကြည့်ပြီး သေချာမှ လုပ်လိုက်တာပါ “လို့သူက ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ဖမ်းသွားတဲ့ ဂန့်ဂေါက ဆယ်​ကျော် သက်လူငယ် အလောင်းသာပြန်တွေ့

မကွေးတိုင်း၊ ဂန့်ဂေါနယ်က ဒေသခံဆယ်ကျော်သက် လူငယ်တဦးကို စစ်တပ်ကဖမ်းခေါ် သွားပြီးနောက်ဆယ်ရက်အကြာမှာ ယာခင်းတခုထဲ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကိုသာပြန်တွေ့ရတယ်လို့ ဂန့်ဂေါဒေသခံတွေဆီကသိရပါတယ်။ ဂန့်ဂေါမြို့တောင်ဘက်မြစ်သာမြစ်ကူးတံတားရဲ့အောက်ဘက်နားကယာခင်းတစ်ခုမှာရုပ်အလောင်းတလောင်းကို ဒီဇင်ဘာ (၁၄) ရက်နေ့မှာ တွေ့ ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “အလောင်းကကောက်ဖို့တောင်မလွယ်ဘူးပြောတယ်၊အနားတင်သဂြိုလ်ကြရမှာ” လို့ ဂန့်ဂေါမြို့ခံ တဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မော်ကျွန်းမှာပစ်ခတ်ပေါက်ကွဲမှုတွေဖြစ်ပြီးနောက် ဒေသခံသုံးဆယ်ကျော်ကိုစစ်တပ်ကစွပ်စွဲဖမ်းဆီးထား

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်း မြို့နယ်မှာ စစ်ကောင်စီသတင်းပေးဆိုသူတွေနဲ့  ပျူစောထီးအဖွဲ့ဝင်တချို့ ရက်ပိုင်းအတွင်းဆက်တိုက်ပစ်ခတ်ခံရပြီးနောက်ပိုင်း ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားတယ်လို့ မြို့ခံတွေကပြောပါတယ်။   ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ရက်နဲ့ ၈ရက်နေ့တွေမှာ ဆင်မဝဲချောင်းကျေးရွာက ပျူစောထီးခေါင်းဆောင်လို့ ဆိုတဲ့ [ဆက်လက်ဖတ်ရှုရန်]